• Follow Us on
Latest News

Home သူရဦးရွှေမန်းက ၀င်ကစွပ်ဖြစ်သည့်အတွက် ဒုတိယပိုဆိုးတာက သာကူးဖြစ်တဲ့အတွက် သူ့ရဲ့ အသက်က ဒေါ်စုဆီမှာပဲ ရှိတယ်။ ဒေါ်စုက “ထွီ” ဆိုပြီး ထွေးထုတ်လိုက်ရင် အဝေးရောက်သွားမှာ” ဦးဘိုဘိုကျော်ငြိမ်း (မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ)

သူရဦးရွှေမန်းက ၀င်ကစွပ်ဖြစ်သည့်အတွက် ဒုတိယပိုဆိုးတာက သာကူးဖြစ်တဲ့အတွက် သူ့ရဲ့ အသက်က ဒေါ်စုဆီမှာပဲ ရှိတယ်။ ဒေါ်စုက “ထွီ” ဆိုပြီး ထွေးထုတ်လိုက်ရင် အဝေးရောက်သွားမှာ” ဦးဘိုဘိုကျော်ငြိမ်း (မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ)

Share this post

လူထုမီဒီယာ၏ အင်တာဗျူးကဏ္ဍတွင်ဖော်ပြခဲ့သော အင်တာဗျူးကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။အဆိုပါ အင်တာဗျူးကြောင့် သူရဦးရွှေမန်း နှင့် ပတ်သက်သူတစ်ဦးက နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် နေပြည်တော်၊ ပုဗ္ဗသီရီမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်း၌ အမှုဖွင့်ထားပြီးဖြစ်သည်။

လူထုမီဒီယာနှင့် အင်တာဗျူးကဏ္ဍတွင် တွေ့ဆုံမေးမြန်းခဲ့သော ဦးရဲထွဋ်(ပြန်ကြားရေး ဝန်ကြီးဟောင်း)၊ ဦးလှဆွေ(အမျိုးသားလွှတ်တော်ကိုယ်စားလှယ်ဟောင်း)နှင့်ဦးဘိုဘိုကျော်ငြိမ်း(မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ)တို့ကို သူရဦးရွှေမန်း နှင့် ပတ်သက်သူတစ်ဦးက နိုင်လွတ်လုံ ပုဒ်မ ၁၀ ဖြင့် နေပြည်တော်၊ ပုဗ္ဗသီရီမြို့နယ်၊ ပတ္တာနယ်မြေရဲစခန်း၌ အမှုဖွင့်ထားပြီးဖြစ်သည်။

နိုင်ငံသားများ၏ ပုဂ္ဂိုလ်ဆိုင်ရာ လွတ်လပ်မှုနှင့် ပုဂ္ဂိုလ်ဆိုင်ရာလုံခြုံမှုကို ကာကွယ် ပေးရေး ဥပဒေ ပုဒ်မ ၁၀ သည် ”မည်သူမဆို ပုဒ်မ ၇ ပါ တားမြစ်ချက်ကိုသော် လည်းကောင်း၊ပုဒ်မ၈ပါတားမြစ်ချက်တစ်ရပ်ရပ်ကိုသော်လည်းကောင်း ဖောက်ဖျက် ကျူးလွန်ကြောင်း ပြစ်မှုထင်ရှား စီရင်ခြင်းခံရလျှင် ထိုသူကို အနည်းဆုံး ခြောက်လမှ အများဆုံး သုံးနှစ်ထိ ထောင်ဒဏ်ချမှတ်ရမည့်အပြင် အနည်းဆုံး ကျပ်သုံးသိန်းမှ အများ ဆုံး ကျပ် ၁၅ သိန်းအထိ ငွေဒဏ်ချမှတ်နိုင်ကြောင်း” ပြဋ္ဌာန်းထားသည်။

လူထုမီဒီယာ သတင်းဌာန ယခင် Page သည် ယာယီ အပိတ်ခံထားရ၍ လက်ရှိ People Media – လူထုမီဒီယာ Page မှ သတင်းများကို ဆက်လက်ဖော်ပြသွား မည်ဖြစ်သည်။


Share this post
https://www.facebook.com/1120229281493723/videos/351186782239111/