• Follow Us on
Latest News

Home ထီးလင်းမြို့နယ်၌ စစ်မှုထမ်းဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

ထီးလင်းမြို့နယ်၌ စစ်မှုထမ်းဟောင်းတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရ

Share this post

နေပြည်တော်၊ သြဂုတ် ၂၄ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ထီးလင်းမြို့နယ်၊ ကင်းပန်းကျေးရွာမှ စစ်မှုထမ်းဟောင်းတစ်ဦး သေနတ် ဖြင့် ပစ်ခတ်ခံရ၍ သေဆုံးသွားကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ သြဂုတ်လ ၂၃ ရက်၊ နံနက်ပိုင်း၌ ကင်းပန်းကျေးရွာမှ စစ်မှုထမ်းဟောင်းတစ်ဦး၏ နေအိမ်ကို လက် နက်ကိုင်အဖွဲ့တစ်ခုမှ ဝင်ရောက်တိုက်ခိုက်ပြီး ၎င်းကို ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

 

သေဆုံးသူ ဦးသော်တာသည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး ရပ်ရေးရွာရေးလုပ်ဆောင်သည့်အခါများတွင် တက်ကြွစွာပါဝင်သူတစ်ဦးဖြစ်သည်။

 

လက်ရှိအချိန်၌ ရပ်/ကျေးအုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးရုံးအဖွဲ့များ၊ စစ်မှုထမ်းဟောင်းများ လုပ်ကြံသတ်ဖြတ်ခံ ရမှုများ ဖြစ်ပေါ်လျက်ရှိသည်။

 

#PeopleMedia #စစ်မှုထမ်းဟောင်း #ထီးလင်းမြို့

 

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post