• Follow Us on
Latest News

Home ယီမင်နိုင်ငံမှ ဟူသီသူပုန်များက ပဲ့ထိန်းဒုံးကျည်နှင့် ပစ်ခတ်ပြီးနောက် ဆော်ဒီအာရေးဗီးယားက ယီမင်နိုင်ငံ ဆန်နာမြို့ရှိ ပစ်မှတ်များကို လေကြောင်းမှတိုက်ခိုက်ခဲ့

ယီမင်နိုင်ငံမှ ဟူသီသူပုန်များက ပဲ့ထိန်းဒုံးကျည်နှင့် ပစ်ခတ်ပြီးနောက် ဆော်ဒီအာရေးဗီးယားက ယီမင်နိုင်ငံ ဆန်နာမြို့ရှိ ပစ်မှတ်များကို လေကြောင်းမှတိုက်ခိုက်ခဲ့

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၇ (People Media)

 

ဟူသီသူပုန်များက ပဲ့ထိန်းဒုံးကျည်တစ်စင်းပစ်ခတ်ခဲ့မှုကြောင့် ဆော်ဒီအာရေးဗီးယားနိုင်ငံက ယီမင်နိုင်ငံ ဆန်နာ မြို့ရှိ ပစ်မှတ်များကို ညပိုင်းတွင်လေကြောင်းကတိုက်ခိုက်ခဲ့ရာ ဒုံးကျည်ပစ်ခတ်သည့်နေရာကို ဖျက်ဆီးပစ်ခဲ့ ကြောင်း ဆော်ဒီသတင်းဌာန SPA ကပြောသည်။

 

“ယီမင်နိုင်ငံ ဆန်နာမြို့မှာရှိတဲ့ ပဲ့ထိန်းဒုံးကျည်တွေ၊ ဒရုန်းလေယာဉ်တွေနဲ့ ဆက်နွယ်မှုရှိတဲ့ ရန်သူ့စခန်းနေရာ တွေကို ကျွန်တော်တို့ တိုက်ခိုက်ဖျက်ဆီးခဲ့ပါတယ်။” ဟု ဆော်ဒီသတင်းဌာန SPA ကတွစ်တာတွင်ရေးသားခဲ့ သည်။

 

ယီမင်နိုင်ငံကဟူသီသူပုန်များက ဆော်ဒီအာရေးဗီးယားနိုင်ငံကို ပစ်လိုက်သော ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ဆော်ဒီကြည်းတပ်က ကြားဖြတ်ပစ်ချပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း အစောပိုင်းက ဆော်ဒီနိုင်ငံကပြောသည်။

 

အီရန်နိ်ုင်ငံကထောက်ပံ့ထားသည့် ဟူသီသူပုန်များသည် ၂၀၁၄ ခုနှစ်ကတည်းက ယီမင်နိုင်ငံအစိတ်အပိုင်းအ တော်များများကို သိမ်းပိုက်ထားခဲ့ရာ မြို့တော်ဆန်နာအပါအဝင် ယီမင်နိုင်ငံမြောက်ပိုင်းနေရာအတော်များများ ထိန်းချုပ်ထားနိုင်ခဲ့သည်။

 

ယီမင်နိုင်ငံတွင် လူပေါင်းများစွာသေဆုံးခဲ့ပြီး လူသန်းနှင့်ချီ၍ အိုးအိမ်စွန့်ခွာထွက်ပြေးခဲ့ရသော ပဋိပက္ခအတွင်း အစိုးရကို ထောက်ကန်ပေးရန် လွန်ခဲ့သည့်တစ်နှစ်က ဆော်ဒီနိုင်ငံက ဦးဆောင်သော ညွန့်ပေါင်းအဖွဲ့သည် ယီ မင်နိုင်ငံတွင်း ကြားဖြတ်ဝင်ရောက်ဆောင်ရွက်ခဲ့သည်။

 

လေကြောင်းဖြင့် တန်ပြန်တိုက်ခိုက်ရာတွင် ဆန်နာမြို့ဆင်ခြေဖုံးရပ်ကွက်ရှိ လိုဏ်ဂူများနှင့် လျှို့ဝှက်ပဲ့ထိန်းဒုံး ကျည်သိုလှောင်ရုံများကို တိုက်ခိုက်ခဲ့ကြောင်း ဆော်ဒီသတင်းဌာန SPA က ပြောသည်။

 

ဟူသီသူပုန်များ၏ ဒုံးကျည်ပစ်ခတ်မှုနှင့် အရပ်သားများအပေါ်ပစ်မှတ်ထားသည့် ရက်စက်ပြီး တာဝန်ယူမှုကင်းမဲ့ သော အပြုအမူကို ဆော်ဒီကာကွယ်ရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချလိုက်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာန ၏ ပြောဆိုချက်ကိုကိုးကား၍ ဆော်ဒီသတင်းဌာနက ဖော်ပြခဲ့သည်။

 

“ကာကွယ်ရေးဝန်ကြီးဌာနအနေနဲ့ အရပ်သားတွေကို ကာကွယ်ဖို့နဲ့ ဆော်ဒီပိုင်နယ်မြေကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့အရေးယူဆောင်ရွက်မှုတွေနဲ့ အဟန့်အတားတွေကို ပြုလုပ်သွားမှာဖြစ်ပါတယ်” ဟု ဆော်ဒီသတင်း ဌာန SPA က ကြေညာခဲ့သည်။

 

Ref: Saudi Strikes Sanaa After Yemen Houthis Fire Missile: Official Media

 

#PeopleMedia

 

(unicode)


…………………………………………………………….

 


 


 


 


 


 


 


 


 


 

Ref: Saudi Strikes Sanaa After Yemen Houthis Fire Missile: Official Media

 

#PeopleMedia


Share this post