• Follow Us on
Latest News

Home ၂၀၂၂ ခုနှစ်မှစ၍ (GACC) တွင် မှတ်ပုံတင်ထားသည့် အခြေခံစားသောက်ကုန်များသာ တရုတ်နိုင်ငံသို့ တင် သွင်းခွင့်ပြုမည်

၂၀၂၂ ခုနှစ်မှစ၍ (GACC) တွင် မှတ်ပုံတင်ထားသည့် အခြေခံစားသောက်ကုန်များသာ တရုတ်နိုင်ငံသို့ တင် သွင်းခွင့်ပြုမည်

Share this post

ရန်ကုန်၊ ဒီဇင်ဘာ ၁၄ (People Media)

 

မြန်မာနိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှ စတင်၍ (GACC) တွင် မှတ်ပုံတင်ထား သည့် အခြေခံစားသောက်ကုန်များကိုသာ တရုတ်နိုင်ငံသို့ တင်သွင်းခွင့်ပြုသွားမှာဖြစ်ကြောင်း ပြန်ကြားရေးဝန် ကြီးဌာနမှ ထုတ်ပြန်ထားသည်။

 

တရုတ်နိုင်ငံ အကောက်ခွန် အထွေထွေအုပ်ချုပ်မှုအာဏာပိုင်အဖွဲ့ (The General Administration of Customs of China – GACC) & oposto ခဲ့သည့် အမိန့်ကြေညာချက်အမှတ် (၂၄၈)၊ (၂၄၉) တို့အရ တရုတ်နိုင်ငံသည် (GACC) တွင် မှတ်ပုံတင်ထားသောလုပ်ငန်းများမှ စားသောက်ကုန်များကိုသာ ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်နေ့မှစတင်၍ တရားဝင်တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

 

သို့ဖြစ်၍ တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသော မြန်မာနိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အခြေခံစားသောက် ကုန်များဖြစ်သည့် ဆန်၊ ဆီ၊ နှမ်း၊ ပဲ၊ ငရုပ်၊ ကြက်သွန် အပါအဝင် စုစုပေါင်း စားသောက်ကုန် (၅၂) မျိုးကို (GACC) တွင် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်နေ့  နောက်ဆုံးထား၍ မှတ်ပုံတင်ကြရမည်ဖြစ်သောကြောင့် မှတ်ပုံတင်ရန်ကျန်ရှိသော ပို့ကုန်လုပ်ငန်းရှင်များအနေဖြင့် အချိန်မီ မှတ်ပုံတင်နိုင်ရန် လိုအပ်ကြောင်း ထုတ်ပြန် ထားသည်။

 

တရုတ်နိုင်ငံသို့ စားသောက်ကုန်၊ လယ်ယာထွက်ကုန်နှင့် မွေးမြူရေးထုတ်ကုန်များ တင်ပို့လျက်ရှိသော/ တင်ပို့ လိုသော မြန်မာ နိုင်ငံမှ ပို့ကုန်လုပ်ငန်းရှင် များအနေဖြင့် ၎င်းတို့၏လုပ်ငန်းများကို တရုတ်နိုင်ငံ(GACC)တွင် လုပ်ငန်းမှတ်ပုံတင်ခြင်းကို ကုန်သည်အသင်း အဖွဲ့များမှတစ်ဆင့် လည်းကောင်း၊ ကုမ္ပဏီများမှ တိုက်ရိုက် လည်းကောင်း ကုန်စည်အုပ်စုအလိုက်ဆက်သွယ် လျှောက်ထားမှုများကို သက်ဆိုင်ရာ (Competent Autho rity) များမှ တာဝန်ယူဆောင်ရွက်ပေးလျက်ရှိကြောင်း ထုတ်ပြန်ထားသည်။

 

#PeopleMedia #တရုတ်-မြန်မာကုန်သွယ်ရေး

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post