• Follow Us on
Latest News

Home ထီးချိုင့်မြို့နယ်၌ NLD ပါတီဝန်းရံသူ CDM ကျောင်းဆရာမတစ်ဦး နေအိမ်၌ လုပ်ကြံသတ်ဖြတ်ခံရ

ထီးချိုင့်မြို့နယ်၌ NLD ပါတီဝန်းရံသူ CDM ကျောင်းဆရာမတစ်ဦး နေအိမ်၌ လုပ်ကြံသတ်ဖြတ်ခံရ

Share this post

စစ်ကိုင်း၊ ဒီဇင်ဘာ ၁၆ (People Media)

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ထီးချိုင့်မြို့နယ်၌ NLD ပါတီ ဝန်းရံသူ CDM ကျောင်းဆရာမတစ်ဦးသည် နေ အိမ်ရှိနေစဉ် ဒီဇင်ဘာ ၁၄ ရက်နေ့က လုပ်ကြံသတ်ဖြတ်ခံရကြောင်း ဒေသခံများထံမှ သိရပါတယ်။

 

ထီးချိုင့်မြို့နယ် ရွှေပြည်သာကျေးရွာနေ NLD ပါတီ ဝန်းရံသူ CDM ကျောင်းဆရာမ ဒေါ်သိင်္ဂီအောင်သည် နေအိမ်၌ ရှိနေစဉ် အမည်မသိ သေနတ်သမားများက ဆိုင်ကယ်ဖြင့် ရောက်ရှိလာပြီး လုပ်ကြံသတ်ဖြတ်ခဲ့ခြင်း ဖြစ်ပါတယ်။

 

“အသတ်ခံရတာဟုတ်ပါတယ်။ နောက်စေ့ကနေ သေနတ်နဲ့ ပစ်ခတ်ဒဏ်ရာတစ်ချက်နဲ့ လည်ပင်းမှာ ပြတ်ရှ ဒဏ်ရာတွေနဲ့ သေတာပါ၊ မနေ့က သဂြိုလ်လို့ပြီးသွားပါတယ်” ဟု ဒေသခံတစ်ဦးက ပြောဆိုပါတယ်။

 

ယခုလုပ်ကြံသတ်ဖြတ်ခံရသည့် CDM ကျောင်းဆရာမ၌ အသက် ၄ နှစ်အရွယ် ကလေးငယ်တစ်ဦး ကျန်ရှိခဲ့ ကြောင်း သိရပါတယ်။

 

#PeopleMedia #ထီးချိုင့် #CDM #NLD

 

(unicode)


………………………………………………………..

 


 


 


 


 


 



Share this post