• Follow Us on
Latest News

Home (KIO) ထိန်းချုပ်ရာ လိုင်ဇာမြို့အနီးရှိ ကျေးရွာများသို့ ICRC မှ COVID-19 ကာကွယ်ရေးနှင့်ပတ်သက်သည့် သက်ဆိုင်သည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ICRC မှ သွားရောက်ထောက်ပံ့ကူညီမှု ပြုလုပ်

(KIO) ထိန်းချုပ်ရာ လိုင်ဇာမြို့အနီးရှိ ကျေးရွာများသို့ ICRC မှ COVID-19 ကာကွယ်ရေးနှင့်ပတ်သက်သည့် သက်ဆိုင်သည့် ကျန်းမာရေးအထောက်အကူပြုပစ္စည်းများကို ICRC မှ သွားရောက်ထောက်ပံ့ကူညီမှု ပြုလုပ်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၈ (People Media)

 

မြန်မာ-တရုတ်နယ်စပ်ရှိ (KIO) ထိန်းချုပ်ရာ လိုင်ဇာမြို့အနီးရှိ မိုင်းဆတ်ပါကျေးရွာရှိ ရောဂါစောင့်ကြပ်ကြည့်ရှု ရန်သီးသန့်ထားရှိရာနေရာသို့ ယခုလတွင် သွားရောက်ကြည့်ရှုနိုင်ခဲ့ပြီး ရောဂါကာကွယ်ရေးပစ္စည်းများနှင့် လူ အသုံးအဆောင်ပစ္စည်းများကို ထောက်ပံ့ကူညီခဲ့ကြောင်း ICRC ထုတ်ပြန်ထားသည်။

 

၂၀၁၈ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အနေနှင့် ICRC အဖွဲ့သည် ငြိမ်းချမ်းရေးဆွေးနွေးရေးအကျိုးဆောင် အဖွဲ့ (PCG) နှင့်အတူ လိုင်ဇာမြို့အနီးရှိ မိုင်းဆတ်ပါကျေးရွာရှိ ရောဂါစောင့်ကြပ်ကြည့်ရှုရန်သီးသန့်ထား ရှိရာနေရာသို့ ယခုလတွင် သွားရောက်ကြည့်ရှုနိုင်ခဲ့ပြီး ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ၏ ကိုဗစ်-၁၉ ရောဂါတုန့်ပြန်ရေးကော်မတီကို ပံ့ပိုးကူညီပေးရန်နှင့် ကိုဗစ်-၁၉ ရောဂါ၏ သက်ရောက်မှုကို လျော့ပါးစေရန် ကူညီပေးခဲ့ပြီး၊ အဆိုပါထောက်ပံ့မှုများတွင် တစ်ကိုယ်ရည်သုံးရောဂါကာကွယ်ရေးပစ္စည်းများ (PPE)၊ တစ်ကိုယ်ရေသန့်ရှင်းရေးသုံးပစ္စည်းများ၊ စောင်များ၊ ခေါင်းအုံးများ၊ ခြင်ထောင်များ၊ မြေရေစစ်အိုးများနှင့် လက်ဆေးဘေစင်များ ပါဝင်ကြောင်း သိရသည်။

 

တရုတ်နိုင်ငံ နယ်စပ်တွင် တည်ရှိသော လိုင်ဇာမြို့သည် ကိုဗစ်-၁၉ ကူးစက်မှုကြောင့် နိုဝင်ဘာလ ၂ ရက်နေ့မှ စတင်၍ အသွားအလာကန့်သတ်ခံထားရပါသည်။ မကြာသေးမီလများအတွင်း ထိုဒေသရှိ လူပေါင်း ၃၀၀၀ ကျော်တွင် ကိုဗစ်-၁၉ ရောဂါကိုတွေ့ရှိခဲ့ပြီး၊  ကာလရှည်ကြာလက်နက်ကိုင်ပဋိပက္ခကြောင့် ပြင်းထန်စွာ သက် ရောက်မှုဒဏ်ခံစားနေရသော ရပ်ရွာအသိုက်အဝန်းများအတွက် ကိုဗစ်-၁၉ ကပ်ရောဂါသည် နေ့စဉ်အန္တရာယ် တစ်ခုအဖြစ်နှင့် နောက်တိုး စိန်ခေါ်မှုတစ်ခုအဖြစ် ဆက်လက်တည်ရှိနေကြောင်း ထုတ်ပြန်ထားသည်။

 

အဆိုပါ ခရီးစဉ်အတွင်း ကျွန်ုပ်တို့အဖွဲ့သည် ကိုဗစ်-၁၉ရောဂါ တုံ့ပြန်ရေးကော်မတီ၏ ဒုတိယဥက္ကဋ္ဌ၊ ကချင်လွတ်လပ်ရေးအဖွဲ့အစည်း၏ ကျန်းမာရေးဌာန အကြီးအကဲနှင့် လိုင်ဇာဗဟိုအရပ်ဘက်ဆေးရုံမှ ဆေးရုံအုပ်တို့နှင့် တွေ့ဆုံနိုင်ခဲ့ကြောင်း၊ လိုင်ဇာဗဟိုအရပ်ဘက်ဆေးရုံနှင့် ဒေသအတွင်းရှိ ရောဂါစောင့် ကြပ်ကြည့်ရှုရေး အဆောက်အဦများအား အဝေးမှနေပြီး ကိုဗစ်-၁၉ အကူအညီများ ပေးအပ်နိုင်ခဲ့သည်မှာ ယခုတစ်ကြိမ်နှင့်ဆို လွန်ခဲ့သည့် ၂ နှစ်အတွင်း လေးကြိမ်မြောက်ဖြစ်ပြီး၊ နောက်ထပ်လည်း အကူအညီများ စွာဖြင့် ပြန်လာရန် စီစဉ်နေကြောင်း ထုတ်ပြန်ထားသည်။

 

Photo – ICRC

 

#PeopleMedia #ICRC #COVID19

 

(unicode)


………………………………………………………………..

 


 


 


 


 


 

Photo – ICRC

 

#PeopleMedia #ICRC #COVID19


Share this post