• Follow Us on
Latest News

Home မကွေးတိုင်းဒေသကြီး၌ တရားဥပဒေစိုးမိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း တိုင်း အတွင်းရေးမှူး ပြောဆို

မကွေးတိုင်းဒေသကြီး၌ တရားဥပဒေစိုးမိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်သွားရန် စီစဉ်ထားကြောင်း တိုင်း အတွင်းရေးမှူး ပြောဆို

Share this post

မကွေး၊ ဒီဇင်ဘာ ၂၁ (People Media)

 

မကွေးတိုင်းဒေသကြီးရှိ ခရိုင်၊ မြို့နယ်၊ ကျေးရွာများ၌ တရားဥပဒေစိုးမိုးရေးအတွက် ကွင်းဆင်းဆောင်ရွက်သွား ရန် စီစဉ်ထားကြောင်း တိုင်းအတွင်းရေးမှူး ဦးဝင်းရှိန်က ပြောဆိုလိုက်သည်။

 

မကွေးတိုင်းဒေသကြီး၌ ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးရှိရန် ဒီဇင်ဘာ ၂၀ ရက်နေ့က မကွေး တိုင်းဒေသကြီးအစိုးရအဖွဲ့၊ အတွင်းရေးမှူး(တိုင်းဒေသကြီးအုပ်ချုပ်ရေးမှူး) ဦးဝင်းရှိန်သည် မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရုံးပေါ်ဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက် ကျေးရွာအုပ်စုစာရေးဝန်ထမ်းများနှင့် တွေဆုံခဲ့သည်။

 

“တရားဥပဒေစိုးမိုးရေးကိစ္စ နယ်မြေလုံခြုံရေးကိစ္စရပ်တွေကို တိုင်းကနေ မြေပြင်ကွင်းဆင်းပြီး ဆောင်ရွယ်မည့် ကိစ္စတွေကို တိုင်းအတွင်းရေးမှူးက ကတိပေးပြောဆိုခဲ့ပါတယ်” လို့ အစည်းအဝေးတက်ရောက်ခဲ့သူတစ်ဦးက ပြောသည်။

 

လက်ရှိအချိန်၌ မ‌ကွေးတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များ၌ ရပ်ရွာအေးချမ်းသာယာရေး၊ နယ်မြေလုံခြုံရေး အတွက် မြို့ဝင်၊ မြို့ထွက်များတွင် တပ်ရင်းတပ်ဖွဲ့များ၊ ရဲတပ်ဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိသည်။

 

မကွေးတိုင်းဒေသကြီးရှိ ဂန့်ဂေါခရိုင်နှင့် ပခုက္ကူခရိုင်ရှိ ရေစကြိုမြို့နယ်နှင့် မြိုင်မြို့နယ်တို့သည် PDF များ အား ကောင်းလျက်ရှိသည့်မြို့နယ်များဖြစ်သည်။

 

#PeopleMedia #မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့

 

(unicode)


…………………………………………………………

 


 


 


 


 


 


 



Share this post