• Follow Us on

Home မြန်မာစစ်ဘက်နှင့် ဆက်ဆံရေးဖြတ်တောက်ရန် ဂျပန်နိုင်ငံကို လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆို

မြန်မာစစ်ဘက်နှင့် ဆက်ဆံရေးဖြတ်တောက်ရန် ဂျပန်နိုင်ငံကို လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က တောင်းဆို

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၁ (People Media)

 

မြန်မာနိုင်ငံက အရာရှိလောင်းများ တိုက်ခိုက်ရေးသင်တန်းတက်ရောက်နေသည့် စစ်ဘက်ဆိုင်ရာပြည်ပလေ့ လာရေးအစီအစဉ်ကို ဖျက်သိမ်းရန် လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) က ဒီဇင်ဘာလ ၂၀ ရက်နေ့က ဂျပန်နိုင်ငံကို တောင်းဆိုလိုက်သည်။

 

မြန်မာနိုင်ငံတွင် ဖေဖော်ဝါရီလ စစ်အာဏာသိမ်းပြီးကတည်းက ဂျပန်နိုင်ငံက နောက်ထပ်အကူအညီများမပေး တော့ဘဲ မြန်မာစစ်တပ်ကို အကြမ်းဖက်မှုများရပ်ဆိုင်းရန် တောင်းဆိုခဲ့သော်လည်း လူ့အခွင့်အရေးစောင့်ကြည့် ရေးအဖွဲ့က စီးပွားရေးပိတ်ဆို့မှုကဲ့သို့ ပို၍ပြင်းထန်သောအရေးယူမှုများချမှတ်ရန် တောင်းဆိုလျက်ရှိသည်။

 

မြန်မာနိုင်ငံနှင့် ဂျပန်နိုင်ငံတို့ နှစ်နိုင်ငံပညာရေးဖလှယ်မှုအစီအစဉ်အရ မြန်မာ့တပ်မတော်မှ အရာရှိလောင်း ၈ ဦးသည် ဂျပန်အမျိုးသားကာကွယ်ရေးအကယ်ဒမီတွင် သင်တန်းတက်ရောက်လျက်ရှိသည်။

 

မြန်မာစစ်ဘက်နှင့် မိတ်ဖက်ဆက်ဆံရေးကိုပြတ်တောက်အောင် ဆောင်ရွက်လိုက်ပါက တရုတ်နိုင်ငံက အသာ စီးရသွားမည်ဖြစ်ပြီး တရုတ်သြဇာပို၍လွှမ်းမိုးသွားမည်ဖြစ်ကြောင်း မတ်လအတွင်းက ဂျပန်ဒုတိယကာကွယ်ရေး ဝန်ကြီးက ရိုက်တာသတင်းဌာနကိုပြောသည်။

 

“မြန်မာစစ်တပ်က မြန်မာလူထုအပေါ် လူသားဆန်မှုကိုဆန့်ကျင်တဲ့ ရာဇဝတ်မှုတွေကျူးလွန်နေတဲ့အချိန်မှာ ဂျပန်နိုင်ငံက မြန်မာစစ်တပ်က အရာရှိလောင်းတွေကို စစ်သင်တန်းပေးနေတယ်ဆိုတာ စိတ်ကူးထဲတောင် တွေး ကြည့်လို့မရတဲ့အရာပါ” ဟု လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

ပညာရေးဖလှယ်မှုအစီအစဉ်အရ ပြည်ပနိုင်ငံများမှ သင်တန်းလာတက်သည့် အစီအစဉ်မှာ ဂျပန်အရာရှိလောင်း များတက်ရောက်သည့်အစီအစဉ်နှင့် အတူတူပင်ဖြစ်ကြောင်း အဆိုပါအကယ်ဒမီ၏ ဝက်ဆိုက်တွင်ဖော်ပြထား သည်။ ယင်းအကယ်ဒမီကျောင်းတွင် တိုက်ခိုက်ရေးလက်နက်များသင်တန်းမှ အခြေခံကွပ်ကဲရေး/ စစ်ဆင်ရေး သင်တန်းများအထိ ကျယ်ပြန့်စွာ သင်ကြားပေးလျက်ရှိသည်။

 

လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ၏ ပြောစကားနှင့်ပတ်သက်၍ အမျိုးသားကာကွယ်ရေးအကယ်ဒမီ ကျောင်းကို ဦးစီးကွပ်ကဲနေသည့် ဂျပန်ကာကွယ်ရေးဝန်ကြီးဌာနက တုံ့ပြန်ပြောကြားခြင်းမရှိပေ။

 

မြန်မာစစ်အစိုးရနှင့် စီးပွားရေးဆက်ဆံမှုများနှင့်ပတ်သက်၍ ဖွင့်ဟဖော်ထုတ်မှုများပေါ်ပေါက်လာခြင်းက ဂျပန် အစိုးရအတွက် ပိုမိုဖိအားပေးသလိုဖြစ်လာခဲ့ပြီး ဂျပန်ကုမ္ပဏီများကိုလည်း မြန်မာစစ်အစိုးရနှင့် စီးပွားရေးဆက် ဆံမှုများရပ်တန့်ရန် ဖိအားပေးလာခဲ့ကြောင်း လူ့အခွင့်ရေးစောင့်ကြည့်ရေးအဖွဲ့ (HRW) ကပြောသည်။

 

မြန်မာစစ်အစိုးရသည် နိုဘယ်လ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သော ရွေးကောက်ခံအစိုးရကို မဲမသ မာမှုပြုလုပ်သည်ဟူသောစွပ်စွဲချက်ဖြင့်  ဖြုတ်ချပြီး ယခုလအတွင်း ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် လေးနှစ်ပြစ်ဒဏ်ချမှတ်ခဲ့သည်။ လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ပစ်ခတ်မှုကြောင့် ဆန္ဒပြပြည်သူ ၁၃၀၀ ကျော် သေ ဆုံးခဲ့ကြောင်း စောင့်ကြည့်လေ့လာသူများကပြောသည်။

 

သြစတေးလျနိုင်ငံက မြန်မာနိုင်ငံနှင့် စစ်ဘက်ဆက်ဆံရေးဖြတ်တောက်ထားသလို နယူးဇီလန်နိုင်ငံကလည်း မြန်မာနိုင်ငံနှင့် အဆင့်မြင့်စစ်ဘက်ဆက်ဆံရေးအားလုံးကို ရပ်တန့်ထားသည်။

 

Ref: Human Rights Watch calls on Japan to suspend military exchange with Myanmar

 

#PeopleMedia

 

(unicode)


…………………………………………………………………..

 


 


 


 


 


 


 


 


 


 


 


 

Ref: Human Rights Watch calls on Japan to suspend military exchange with Myanmar

 

#PeopleMedia


Share this post