• Follow Us on
Latest News

Home အမေရိကန်မှ တတိယအသုတ်စစ်လက်နက်ပစ္စည်းများ ယူကရိန်းသို့ ရောက်ရှိ

အမေရိကန်မှ တတိယအသုတ်စစ်လက်နက်ပစ္စည်းများ ယူကရိန်းသို့ ရောက်ရှိ

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၆ (People Media)

 

အမေရိကန်စစ်လက်နက်ပစ္စည်းများ တန်ချိန် ၈၀ ခန့် တင်ဆောင်လာသော သယ်ယူပို့ဆောင်ရေးလေယာဉ် တစ်စင်းသည် ယူကရိန်းနိုင်ငံ ကီယက်ဗ်မြို့သို့ ဇန်နဝါရီလ ၂၅ ရက်နေ့က ဆင်းသက်ခဲ့သည်။

 

ယင်းစစ်လက်နက်ပစ္စည်းများမှာ ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို ကျူးကျော်တိုက်ခိုက်လာပါက ယူကရိန်းနိုင်ငံ အနေဖြင့် မိမိကိုယ်မိမိကာကွယ်နိုင်ရန်အတွက် အမေရိကန်နိုင်ငံကကူညီထောက်ပံ့မည့် ဒေါ်လာ သန်း ၂၀၀ ထဲ မှ အစိတ်အပိုင်းတစ်ခုဖြစ်သည်။

 

ယခုရောက်ရှိလာသောအခေါက်မှာ တတိယအကြိမ်မြောက်တင်ပို့ခြင်းဖြစ်ပြီး ယူကရိန်းရှေ့တန်းစစ်မျက်နှာတွင် အသုံးပြုရန် ဂျာဗီလင်တင့်ဖျက်ဒုံးကျည်များ၊ အခြားတင့်ဖျက်လက်နက်စနစ်များ၊ ဗုံးပစ်လောင်ချာများ၊ ခဲယမ်း များနှင့် အခြားပစ္စည်းများပါဝင်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်မှ ပြောခွင့်ရပုဂ္ဂိုလ် မရိန်းတပ်ဖွဲ့ ဒုတိယဗိုလ်မှူးကြီး အန်တွန်ဆီမယ်လ်ရာ့သ်က ပြောသည်။

 

စစ်လက်နက်ပစ္စည်းများအကူအညီပေးသည့်အတွက် ယူကရိန်းကာကွယ်ရေးဝန်ကြီးအိုလက်ဆီရက်ဇ်နီကော့ဗ် က အမေရိကန်အစိုးရကို ကျေးဇူးတင်ကြောင်းပြောဆိုလိုက်ပြီး ယူကရိန်းအစိုးရအနေဖြင့် အမေရိကန်ကတင်ပို့ ပေးမည့် စတုတ္ထအသုတ်စစ်လက်နက်ပစ္စည်းများကို စောင့်မျှော်လျက်ရှိကြောင်း ပြောကြားလိုက်သည်။

 

ရုရှားနိုင်ငံ၏ ကျူးကျော်တိုက်ခိုက်မှုကို ဟန့်တားနိုင်ရန်အတွက် ယူကရိန်းနိုင်ငံကို ဒေါ်လာသန်း ၂၀၀ တန် အ ကူအညီများပေးသွားရန် ဘိုင်ဒန်အစိုးရက ဒီဇင်ဘာလအတွင်းက အတည်ပြုထောက်ခံခဲ့သည်။ ရုရှားတပ်ဖွဲ့ဝင် များ ယူကရိန်းနယ်စပ်တစ်လျှောက် အင်အား ၁၀၀၀၀၀ ကျော်စုဖွဲ့တပ်ဖြန့်ချထားသော်လည်း ရုရှားနိုင်ငံက ယူ ကရိန်းနိုင်ငံကိုကျူးကျော်တိုက်ခိုက်ရန်ပြင်ဆင်နေသည်ဆိုသည့်စွပ်စွဲချက်ကို ရုရှားအစိုးရကငြင်းဆိုထားသည်။

 

ရုရှားနိုင်ငံက ယူကရိန်းနိုင်ငံကို မကြာမီအချိန်အတွင်း ကျူးကျော်တိုက်ခိုက်လာနိုင်ကြောင်း အမေရိကန်နိုင်ငံက ပြောဆိုလိုက်သည့်အပြင် နေတိုးကာကွယ်ရေးတပ်ဖွဲ့များကို အင်အားဖြည့်တင်းရန်အတွက် အရှေ့ဥရောပသို့စေ လွှတ်နိုင်ရန် အမေရိကန်တပ်ဖွဲ့ဝင်အင်အား ၈၅၀၀ ကို အမြင့်ဆုံးတပ်လှန့်ထားကြောင်း အမေရိကန်အစိုးရက ဇန်နဝါရီလ ၂၄ ရက်နေ့က ကြေညာခဲ့သည်။

 

လွန်ခဲ့သည့်သီတင်းပတ်အတွင်းက ယူကရိန်းနိုင်ငံ ကီယက်ဗ်မြို့ရှိ အမေရိကန်သံရုံးမိသားစုများကို ယူကရိန်း နိုင်ငံမှထွက်ခွာသွားကြရန် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက အမိန့်ထုတ်ပြန်ခဲ့သည်။

 

Ref: Military Equipment and Munitions From US Arrive in Ukraine

 

#PeopleMedia

 

(unicode)


……………………………………………………….

 


 


 


 


 


 


 


 


 

Ref: Military Equipment and Munitions From US Arrive in Ukraine

 

#PeopleMedia


Share this post