• Follow Us on
Latest News

Home တရုတ်တွင် ၀က်သားပြက်လပ်နေ၍ ပြည်ပမှ တန်ချိန် တစ်သောင်း ၀ယ်ယူမည်

တရုတ်တွင် ၀က်သားပြက်လပ်နေ၍ ပြည်ပမှ တန်ချိန် တစ်သောင်း ၀ယ်ယူမည်

Share this post

တရုတ်နိုင်ငံဟာ ၀က်တုပ်ကွေးကြောင့် ၀က်သားဈေးမြင့် တက်လာ မှုနဲ့ပြက်လပ်မှုကို ဖြေရှင်းဖို့အတွက် ပြည်ပနိုင်ငံတွေက တင်သွင်းတဲ့ အေးခဲဝက်သားတွေဝယ်ယူ သွားမယ်လို့ သိရပါတယ်။

အစိုးရနောက်ခံ အဖွဲ့အစည်းတစ်ခုဟာ ပြည်တွင်းဝက်သားဈေးကွက်မှာ ၀က်သားပြက်လပ်မှုကို ဖြည့်တင်းဖို့ အေးခဲဝက်သား တန် ၁o,ooo ကို လေလံ ပြည်ပနိုင်ငံတွေက လေလံခေါ်ယူသွားမှာဖြစ်ပါတယ်။

တရုတ်နိုင်ငံဟာ ကမ္ဘာမှာ ၀က်သားထုတ်လုပ်မှုနဲ့ စားသုံးမှုအများဆုံးနိုင်ငံဖြစ်ပြီး လက်ရှိ ကူးစက်ပျံ့နှံ့နေတဲ့ ၀က်တုပ်ကွေးရောဂါကို ထိန်းချုပ်နိုင်ဖို့ ရုန်းကန်ရလျက်ရှိနေပါတယ်။
တရုတ်နိုင်ငံမှာ ၀က်တုပ်ကွေးဖြစ်ပွားမှုကြောင့် ၀က်အကောင် ၁ သန်းကျော်ကို သုတ်သင်ရှင်းလင်းခဲ့ရပြီးဖြစ်ပါတယ်။

အဆိုပါ ရောဂါဟာ လူကို အန္တရာယ်ဖြစ်စေခြင်းမရှိပေမယ့် နိုင်ငံတွင်း ၀က်တွေအများအပြားသေဆုံးမှုဖြစ်ပေါ်ခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း ၀က်သားဈေး ၄၆ ရာခိုင်နှုန်းကျော်ထိ မြင့်တက်ခဲ့ပါတယ်။

Ref; CNA


Share this post