• Follow Us on
Latest News

Home (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနား ဝတ်စုံပြည့်အစမ်းလေ့ကျင့်နေမှုများအား န-စ-က ဒုတိယဥက္ကဋ္ဌ ကြည့်ရှု

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ဂုဏ်ပြုအခမ်းအနား ဝတ်စုံပြည့်အစမ်းလေ့ကျင့်နေမှုများအား န-စ-က ဒုတိယဥက္ကဋ္ဌ ကြည့်ရှု

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀ (People Media)

 

နေပြည်တော် ဗိုလ်ရှုခံရင်ပြင်၌ ကျင်းပပြုလုပ်သည့် ၂၀၂၂ ခုနှစ် (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး ဝတ်စုံပြည့်အစမ်းလေ့ကျင့်နေမှုများကို နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီဒုတိယဥက္ကဋ္ဌ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းသည် ယမန်နေ့နံနက်ပိုင်းတွင် ကြည့်ရှုစစ်ဆေးခဲ့သည်။

 

စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား အစမ်းလေ့ကျင့်မှုတွင် စစ်ကြောင်း၊ တပ်ခွဲများ နေရာယူချိန်မှစ၍ တိုင်းဒေသကြီးနှင့် ပြည်နယ်တို့မှ ၂၀၂၂ ခုနှစ်၊ (၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့အတွက် ဂုဏ်ပြု ယာဉ်များ ချီတက်အလေးပြုခြင်းနှင့် တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုအဖွဲ့အလိုက် ရိုးရာတေးသီချင်းများဖြင့် ကပြဖျော်ဖြေမှုတို့ကို အစီအစဉ်အလိုက် လေ့ကျင့်ဆောင်ရွက်ကြမှုအား ကြည့်ရှု၍ လိုအပ်သည်များ မှာကြား ခဲ့သည်။

 

(၇၅) နှစ်မြောက် စိန်ရတုပြည်ထောင်စုနေ့ ဂုဏ်ပြုအခမ်းအနား ကျင်းပနေမှုများကို ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီ ၁၂ ရက်နေ့ နံနက် ၆ နာရီ ၁၅ မိနစ် အချိန်မှစ၍ ရုပ်မြင်သံကြားအစီအစဉ်များနှင့် FM များမှ (LIVE) ရိုက်ကူး ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia #နစက

 

(unicode)


…………………………………………………………………

 


 


 


 


 



Share this post