• Follow Us on
Latest News

Home လူ ၄၀၀ ဦးအထိ စုဝေးခွင့်အား ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့စတင်ခွင့်ပြု

လူ ၄၀၀ ဦးအထိ စုဝေးခွင့်အား ကျန်းမာရေးဝန်ကြီးဌာနမှ ယနေ့စတင်ခွင့်ပြု

Share this post

မြစ်ကြီးနား၊ မတ် ၁၆

 

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉) ရောဂါဓာတ်ခွဲအတည်ပြုလူနာသစ်တွေ့ရှိမှု၊ ပိုးတွေ့နှုန်းနှင့် သေဆုံးမှုနှုန်း များလျော့ကျလာသဖြင့် ယနေ့မှစတင်ကာ ခြွင်းချက်ပြုဖော်ပြထားသောကိစ္စရပ်များမှလွဲ၍ လူ ၄၀၀ ဦးအထိ စု ဝေးခွင့်ပြုခဲ့ခြင်းဖြစ်သည်။

 

ထိုသို့ လူ ၄၀၀ ဦးအထိ စုဝေးခွင့်ပြုခဲ့သော်လည်း ကျန်းမာရေးဝန်ကြီးဌာနနှင့် ပြည်သူ့ကျန်းမာရေးဦးစီးဌာန တို့မှ ထုတ်ပြန်ထားသည့် ကိုဗစ်(၁၉) ရောဂါနှင့်ပတ်သက်သည့်အမိန့်၊ ညွှန်ကြားချက်များအား လိုက်နာရမည် ဖြစ်ကြောင်း သိရသည်။

 

အမိန့်၊ ညွှန်ကြားချက်များအား လိုက်နာရန်ပျက်ကွက်သူများအနေဖြင့် တည်ဆဲဥပဒေများအရ အရေးယူဆောင် ရွက်ခြင်းခံရမည်ဟု သိရသည်။

 

ကျန်းမာရေးဝန်ကြီးဌာနမှ ကိုဗစ်(၁၉) ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်ပတ်သက်၍ ရောဂါကူးစက် ပြန့်ပွားမှုမဖြစ်စေရန် ၂၀၂၁ ခုနှစ်၊ အောက်တိုဘာ ၂၉ ရက်က လူ ၅၀ ဦးအစား လူ ၁၀၀ ဦးထက်ပို၍ စုဝေးခြင်း မပြုရန် ထုတ်ပြန်ကြေညာခဲ့သည်။

 

အလားတူ ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်တွင်လည်း ဘာသာရေးဆိုင်ရာအခမ်းအနားများနှင့် သာရေး/နာရေး ဆိုင်ရာကိစ္စရပ်များအတွက် လူ ၂၀၀ ဦးအထိ စုဝေးခွင့်ပြုကြောင်း ထုတ်ပြန်ကြေညာခဲ့သည်။

 

(unicode)


…………………………………….

 


 


 


 


 


 



Share this post