• Follow Us on
Latest News

Home PDF အဖွဲ့ဝင်များ တပ်မတော်သို့ လာရောက်ပူးပေါင်းမှုများရှိနေ

PDF အဖွဲ့ဝင်များ တပ်မတော်သို့ လာရောက်ပူးပေါင်းမှုများရှိနေ

Share this post

စစ်ကိုင်း၊ မတ် ၁၉

 

စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီးရှိ PDF အဖွဲ့ဝင်များသည် တပ်မတော်သို့ သွားရောက်ပူးပေါင်းမှုရှိနေကြောင်း PDF အဖွဲ့ဝင်များက ပြောသည်။

 

လက်ရှိ မြေပြင်တိုက်ပွဲ၌ လက်နက်ရိက္ခာလုံလောက်မှုမရှိခြင်း၊ ထောက်ပို့မရှိခြင်း၊ လူမှုကွန်ယက်၌ NUG အပါအဝင် NUG လက်အောက်ခံအဖွဲ့အစည်းများမှ မတ်လုံးပေးပြောဆိုနေမှုများသည် မြေပြင်နှင့် လုံးဝ ခြားနားနေခြင်း၊ PDF ခေါင်းဆောင်များသည် သူတလူငါတစ်မင်းစနစ်ဖြင့် ဒေသခံများကို သတ်ဖြတ်ခြင်းများ ပြုလုပ်နေကြောင်း မကွေးတိုင်းရှိ PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

“ဥပမာဝန်ထမ်းတွေ CDM လုပ်ကြပါပြောတယ်။ ထောက်ပံ့ပေးမယ် ဖြစ်လာလား။ နောက်ပြီး R2P ဝင်မယ်။ သြင်္ကန်မကူးပါဘူး။ လက်နက်ရော ငွေကြေးရော ထောက်ပံံပါမယ်။ NUG ရဲ့ ဒီစကားလုံးတွေက ထပ်နေပြီ။ မြေပြင်မှာ လက်နက်မရှိလို့ သေနေတဲ့ ကျွန်တော်တို့လူတွေ မနည်းဘူး။ အခုက PDF အဖွဲ့ပေါင်းက မနည်းဘူး။ အဖွဲ့အချင်းချင်းလည်း ဦးတဲ့လူက သတ်နေတာ။ စနစ်မရှိတဲ့ အဖွဲ့အစည်းတွေပါ။ အခုအခြေအနေအရ တပ်မ တော်ဘက်ကို ကူးပြောင်းလိုက်တယ်” လို့ မကွေးတိုင်း ပခုက္ကူမြို့ရှိ PDF အဖွဲ့ဝင်တစ်ဦးက ပြောသည်။

 

ထို့အတူ PDF အဖွဲ့ဝင်များသည် ၎င်းတို့ကို ထောက်ခံခြင်းမရှိသည့် ကျေးရွာများကို ဝင်ရောက်တိုက်ခိုက်ခြင်း၊ ကျေးရွာများကို မီးရှို့ဖျက်ဆီးခြင်း၊ ကျွဲနွားဝတ်ကြက်များကို ရိက္ခာအဖြစ်ယူဆောင်ခြင်း၊ ဆန်စပါးများကို လက် နက်အားကိုးဖြင့် သိမ်းယူခြင်းများ ပြုလုပ်လျက်ရှိသည်။

 

အလားတူ PDF အဖွဲ့ဝင်များသည် ဧရာဝတီမြစ်အတွင်း၌ သွားလာလျက်ရှိသည့် ရေယာဉ်များကို ဆက်ကြေး ကောက်ခံခြင်း၊ စက်သုံးဆီသယ်ယာဉ်များကို သိမ်းဆည်းပြီး စက်သုံးဆီများကို သယ်ယူရောင်းချခြင်းများ ပြု လုပ်လျက်ရှိသည်။

 

လက်ရှိအအချိန်၌ န-မ-ခ နယ်မြေရှိ PDF များ လှုပ်ရှားနယ်မြေများကို တပ်မတော်က ရှင်းလင်းလျက်ရှိ နေသည်။

 

Photo – PDF လက်ချက်ဖြင့် သေဆုံးခဲ့သည့် မူလတန်း ကျောင်းအုပ်ဆရာမကြီး

 

#PeopleMedia

 

(unicode)


……………………………………

 


 


 


 


 


 


 


 


 

#PeopleMedia


Share this post