• Follow Us on
Latest News

Home အမေရိကန် ပိတ်ပင်မှုကြောင့် ၂၀၁၆ ခုနှစ်နောက်ပိုင်း ရောင်းအား ပထမဆုံးအကြိမ် ကျဆင်းသွားသည့် Huawei

အမေရိကန် ပိတ်ပင်မှုကြောင့် ၂၀၁၆ ခုနှစ်နောက်ပိုင်း ရောင်းအား ပထမဆုံးအကြိမ် ကျဆင်းသွားသည့် Huawei

Share this post

နိုင်ငံတကာ၊ မတ် ၂၉

 

တရုတ်တယ်လီကွန်းကုမ္ပဏီကြီးတစ်ခုဖြစ်တဲ့ Huawei ဟာ စမတ်ဖုန်းလုပ်ငန်းအတွက် ကုန်ကြမ်းတင်ပို့မှုတွေ အပေါ်မှာ အမေရိကန်ရဲ့ ကန့်သတ်ပိတ်ပင်မှုတွေကြောင့် နှစ်စဉ်ရောင်းအားကျဆင်းသွားခဲ့တယ်လို့ ကြေညာခဲ့ ပါတယ်။

 

ကုမ္ပဏီဟာ ၂၀၀၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ်ရောင်းအား ကျဆင်းသွားခဲ့တာဖြစ်ပြီး ချစ်ပ်များ အပေါ် အမေရိကန်ရဲ့ ကန့်သတ်ချက်တွေကြောင့် စမတ်ဖုန်းလုပ်ငန်းရောင်းအား ၅၀ ရာခိုင်နှုန်းအထိ ကျဆင်း သွားခဲ့ရတယ်လို့ Huawei ရဲ့ ဘဏ္ဍာရေးအရာရှိချုပ်က ဆိုပါတယ်။

 

Huawei ရဲ့ ဘဏ္ဍာရေးအရာရှိချုပ် Meng Wanzhou ဟာ ကနေဒါနိုင်ငံမှ ပြန်ရောက်လာပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ယမန်နေ့ကကျင်းပပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ထုတ်ဖော်ပြောဆိုခဲ့တာပါ။

 

Huawei ရဲ့ နည်းပညာဆိုင်ရာ အချက်အလက်ချိုးဖောက်မှုတွေကြောင့်ဟုဆိုကာ meng ကို အမေရိကန် အာဏာပိုင်တွေက ဖမ်းဆီးခဲ့ပြီးနောက် သူမကို ပြီးခဲ့တဲ့ စတင်ဘာလကမှ ပြန်လွှတ်ပေးခဲ့တာဖြစ်ပါတယ်။

 

ကုမ္ပဏီတည်ထောင်သူရဲ့ သမီးလဲဖြစ်တဲ့ Meng က “လွန်ခဲ့တဲ့ခြောက်လအတွင်းမှာ ကမ္ဘာကြီးက အရမ်း ပြောင်းလဲသွားခဲ့တယ်။ အမိမြေရဲ့ ပြောင်းလဲမှုတွေကို အမီလိုက်နိုင်ဖို့ အများကြီးသင်ယူခဲ့ရတယ်” လို့ ဆိုပါတယ်။

 

ယမန်နှစ်က Huawei ရဲ့ ဝင်ငွေမှာ ယွမ် ၆၃၆ ဒသမ ၈ ဘီလီယံ သို့မဟုတ် ဒေါ်လာ ဘီလီယံ ၁၀၀ ခန့်ရှိ ကြောင်း သူမကပြောဆိုခဲ့ပြီး အခုနှစ်ဝင်ငွေဟာ ယခင်နှစ်ထက် ၂၉ ရာခိုင်နှုန်းကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။

 

ဒါပေမယ့် ဟွာဝေးရဲ့ cloud ဝန်ဆောင်မှုလုပ်ငန်းကနေ အမြတ်ငွေ ဒေါ်လာ ၁၇.၈ ဘီလီယံ အထိ စံချိန်တင် ရရှိခဲ့ပြီး ၇၆ ရာခိုင်နှုန်းနီးပါ တက်လာခဲ့တယ်လို့ ဆိုပါတယ်။

 

Source – NHK

 

(unicode)


……………………………………………………..

 


 


 


 


 


 


 


 


 

Source – NHK


Share this post