ရေနံချောင်း ဒီဂရီကောလိပ်အနီးရှိ Mini Market ၌ တရားမဝင် ဘီယာရောင်းချမှုကို ဖမ်းဆီးအရေးယူ
PUBLISHED - October 28, 2019
မကွေး၊ အောက်တိုဘာ – ၂၈
(unicode)
မကွေး၊ အောက်တိုဘာ – ၂၈
မကွေးတိုင်းဒေသကြီး၊ ရေနံချောင်းမြို့ ဒီဂရီကောလိပ်အနီးရှိ Mini Market ၌ တရားမဝင် ဘီယာရောင်းချမှုကို ညောင်လှ နယ်မြေစခန်းမှ ဖမ်းဆီးအရေးယူလိုက်သည်။
ဖြစ်စဉ်မှာ အောက်တိုဘာ(၂၄)ရက် ညပိုင်း၌ ဒေသခံအုပ်ချုပ်ရေးအဖွဲ့များနှင့် လုံခြုံရေးအဖွဲ့များသည် Mini Market ကို ဝင်ရောက်ရှာဖွေရာ တရားမဝင် ဘီယာမျိုးစုံ(၂၀၆)ဗူးကို ဖမ်းဆီးရမိခဲ့သည်။
လက်ရှိအချိန်၌ ညောင်လှနယ်မြေစခန်းမှ ယစ်မျိုးဥပဒေဖြင့် အမှုဖွင့် အရေးယူထားပြီး ဖြစ်သည်။