PUBLISHED - December 17, 2019
Ref;AFP
(Unicode)
ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးအခမ်းအနား ဝန်ကြီးချုပ် ရှိတ်ဟာစီနာ တက်ရောက်
…………………………………………………………
ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာစီနာဟာ ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ကျရောက်ခဲ့တဲ့ Victory Day မှာ ဘင်္ဂလား ဒေ့ရှ်လွတ်လပ်ရေးစစ်ပွဲအတွင်း ကျဆုံးခဲ့ကြတဲ့ အာဇာနည်တွေကို လွမ်းသူပန်းခွေချပြီး သွားရောက်ဂါဝရပြု ခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ ၁၉၇၁ ခုနှစ်က ၉ လကြာ တိုက်ပွဲဆင်နွဲခဲ့ပြီးနောက် ပါကစ္စတန်က လွတ်လပ်ရေးရရှိ ခဲ့တာဖြစ်ပါတယ်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ နှစ်စဉ် ဒီဇင်ဘာ ၁၆ ရက်နေ့မှာ လွတ်လပ်ရေးအထိမ်းအမှတ် Victory Day ကို ကျင်းပလေ့ရှိပါတယ်။
Ref;AFP
#PeopleMedia