• Follow Us on
Latest News

Home ေမာင္ေတာၿမိဳ႕နယ္၌ စိတ္ႂကြေဆးျပားမ်ားသယ္ေဆာင္လာသည့္ ယာဉ္ ၁ စီးအားစစ္ေဆး ရန္ တားဆီးစဉ္ ထြက္ေျပးသြားသျဖင့္ လိုက္လံဖမ္းဆီးသတိေပးပစ္ခတ္ရာ တရားခံ အမ်ိဳးသား ၁ ဦးေသဆုံး

ေမာင္ေတာၿမိဳ႕နယ္၌ စိတ္ႂကြေဆးျပားမ်ားသယ္ေဆာင္လာသည့္ ယာဉ္ ၁ စီးအားစစ္ေဆး ရန္ တားဆီးစဉ္ ထြက္ေျပးသြားသျဖင့္ လိုက္လံဖမ္းဆီးသတိေပးပစ္ခတ္ရာ တရားခံ အမ်ိဳးသား ၁ ဦးေသဆုံး

Share this post

ေနျပည္ေတာ္၊ ေဖေဖာ္ဝါရီ ၁၀

ရခိုင္ျပည္နယ္၊ ေမာင္ေတာၿမိဳ႕ပူးေပါင္းစစ္ေဆးေရးဂိတ္၌ ေဖေဖာ္ဝါရီလ ၉ ရက္ နံနက္ ၁၁နာရီ ၁၀ မိနစ္အခ်ိန္တြင္ပူးေပါင္းအဖြဲ႕ကေမာ္ေတာ္ယာဉ္မ်ားစစ္ေဆးစဉ္ (၃)မိုင္ ေက်းရြာဘက္မွ ေမာင္ေတာၿမိဳ႕ဘက္သို႔ အမ်ိဳးသား၂ ဦးလိုက္ပါေမာင္းႏွင္လာေသာ MDY 5J/xxxxVoxyယာဉ္အားစစ္ေဆးရန္တားဆီးေသာ္လည္းရပ္တန္႔ျခင္းမရွိဘဲဆက္လက္ေမာင္းႏွင္ထြက္ေျပးသြားသျဖင့္ လိုက္လံဖမ္းဆီးရာစတီးလွေက်းရြာအဝင္လမ္း၌ ယာဉ္ရပ္တန္႔ကာလူ ၂ ဦးယာဉ္ေပၚမွဆင္း၍ ထြက္ေျပးသြားေသာေၾကာင့္ေသနတ္ျဖင့္ သတိေပးပစ္ခတ္ဖမ္းဆီးရာစစ္ေတြၿမိဳ႕၊ ရြာႀကီး(ေျမာက္) ရပ္ကြက္ေနလင္းလင္းထြန္း(၂၇)ႏွစ္၊ ရခိုင္/ဗုဒၶ၊ (ဘ)ဦးေမာင္ႀကီးေခ်အားက်ည္ထိမွန္ဒဏ္ရာ ၁ ခ်က္ရရွိၿပီးအခင္းျဖစ္ေနရာတြင္ ေသဆုံးသြားကာက်န္တစ္ဦးမွာထြက္ေျပးသြားခဲ့သည္။

ယာဉ္အားစိစစ္ခ်က္အရလိုင္စင္မဲ့ယာဉ္ျဖစ္ၿပီးအဆိုပါယာဉ္ေပၚမွစိတ္ႂကြေဆးျပား ၉၁၄၅၅၀ ျပား(၁ ျပားလွ်င္ ၂၀၀၀ က်ပ္ႏႈန္းျဖင့္တန္ဖိုးက်ပ္ ၁၈၂၉၁ သိန္းခန္႔)၊ ဖုန္း ၁ လုံး၊လင္းလင္းထြန္းအမည္ပါ ယာဉ္အေမာင္းသင္လိုင္စင္ ၁ ခုတို႔အားသိမ္းဆည္းရမိ၍ လင္းလင္းထြန္း(ေသဆုံး)ႏွင့္ အမ်ိဳးသား ၁ ဦး(စိစစ္ဆဲ)တို႔အားေမာင္ေတာၿမိဳ႕မရဲစခန္းမူးယစ္(ပ)၅/၂၀၂၀၊မူးယစ္ေဆးဝါးႏွင့္စိတ္ကိုေျပာင္းလဲေစေသာေဆးဝါးမ်ားဆိုင္ရာဥပေဒပုဒ္မ ၁၉(က)/၂၁ ျဖင့္ အမႈဖြင့္ၿပီးကြင္းဆက္ႏွင့္ ထြက္ေျပးတရားခံဖမ္းဆီးရမိေရးေဆာင္ရြက္လ်က္ရွိေၾကာင္းသတင္းရရွိသည္။

သတင္း(ျမန္မာႏိုင္ငံရဲတပ္ဖြဲ႕)

#peoplemedia

(unicode)
မောင်တောမြို့နယ်၌ စိတ်ကြွဆေးပြားများသယ်ဆောင်လာသည့် ယာဉ် ၁ စီးအားစစ်ဆေး ရန် တားဆီးစဉ် ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးသတိပေးပစ်ခတ်ရာ တရားခံ အမျိုးသား ၁ ဦးသေဆုံး
………………………………………………………………………

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၀

ရခိုင်ပြည်နယ်၊ မောင်တောမြို့ပူးပေါင်းစစ်ဆေးရေးဂိတ်၌ ဖေဖော်ဝါရီလ ၉ ရက် နံနက် ၁၁နာရီ ၁၀ မိနစ်အချိန်တွင်ပူးပေါင်းအဖွဲ့ကမော်တော်ယာဉ်များစစ်ဆေးစဉ် (၃)မိုင် ကျေးရွာဘက်မှ မောင်တောမြို့ဘက်သို့ အမျိုးသား၂ ဦးလိုက်ပါမောင်းနှင်လာသော MDY 5J/xxxxVoxyယာဉ်အားစစ်ဆေးရန်တားဆီးသော်လည်းရပ်တန့်ခြင်းမရှိဘဲဆက်လက်မောင်းနှင်ထွက်ပြေးသွားသဖြင့် လိုက်လံဖမ်းဆီးရာစတီးလှကျေးရွာအဝင်လမ်း၌ ယာဉ်ရပ်တန့်ကာလူ ၂ ဦးယာဉ်ပေါ်မှဆင်း၍ ထွက်ပြေးသွားသောကြောင့်သေနတ်ဖြင့် သတိပေးပစ်ခတ်ဖမ်းဆီးရာစစ်တွေမြို့၊ ရွာကြီး(မြောက်) ရပ်ကွက်နေလင်းလင်းထွန်း(၂၇)နှစ်၊ ရခိုင်/ဗုဒ္ဓ၊ (ဘ)ဦးမောင်ကြီးချေအားကျည်ထိမှန်ဒဏ်ရာ ၁ ချက်ရရှိပြီးအခင်းဖြစ်နေရာတွင် သေဆုံးသွားကာကျန်တစ်ဦးမှာထွက်ပြေးသွားခဲ့သည်။

ယာဉ်အားစိစစ်ချက်အရလိုင်စင်မဲ့ယာဉ်ဖြစ်ပြီးအဆိုပါယာဉ်ပေါ်မှစိတ်ကြွဆေးပြား ၉၁၄၅၅၀ ပြား(၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့်တန်ဖိုးကျပ် ၁၈၂၉၁ သိန်းခန့်)၊ ဖုန်း ၁ လုံး၊လင်းလင်းထွန်းအမည်ပါ ယာဉ်အမောင်းသင်လိုင်စင် ၁ ခုတို့အားသိမ်းဆည်းရမိ၍ လင်းလင်းထွန်း(သေဆုံး)နှင့် အမျိုးသား ၁ ဦး(စိစစ်ဆဲ)တို့အားမောင်တောမြို့မရဲစခန်းမူးယစ်(ပ)၅/၂၀၂၀၊မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့်ပြီးကွင်းဆက်နှင့် ထွက်ပြေးတရားခံဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်းသတင်းရရှိသည်။

သတင်း(မြန်မာနိုင်ငံရဲတပ်ဖွဲ့)

#peoplemedia


Share this post