• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်မယ့် ဒေသတွင်းဆွေးနွေးပွဲတွေကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်မည်

ဗီယက်နမ်နိုင်ငံမှာ ပြုလုပ်မယ့် ဒေသတွင်းဆွေးနွေးပွဲတွေကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်မည်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၂၅

 

ဗီယက်နမ်နိုင်ငံ၊ ဟနွိုင်းမြို့မှာ ကျင်းပပြုလုပ်မယ့် ဒေသတွင်းဆွေးနွေးပွဲတွေကို နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင် တက်ရောက်မယ်လို့ ဗီယက်နမ်နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ (၂၄)ရက်မှာ သတင်းထုတ်ပြန်ထားပါတယ်။

 

အဆိုပါဒေသတွင်း ဆွေးနွေးပွဲများကို ဒေသတွင်း ပူးပေါင်းဆောင်ရွက်ရေး ယန္တရားနှစ်ခုဖြစ်တဲ့ ACMECS နှင့် CLMV အောက်တွင်ကျင်းပမည်ဖြစ်ပြီး ကမ္ဘောဒီးယား၊ ထိုင်း၊ လာအိုမှ ဝန်ကြီးချုပ်များလည်း တက်ရောက်မည်ဖြစ်ကာ ဗီယက်နမ်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

 

အဆိုပါဆွေးနွေးပွဲကို တက်ရောက်မယ့် နိုင်ငံတော်သမ္မတ ဦးမင်းအောင်လှိုင်ဟာ  မြန်မာနိုင်ငံသမ္မတအဖြစ် စတင်တာဝန်ထမ်းဆောင်ပြီးနောက်ပိုင်း နိုင်ငံ သုံးနိုင်ငံနှင့်အထက် ပါဝင်တဲ့ အစည်းအဝေးကို ပထမဆုံးအကြိမ် တက်ရောက်မည့် ခရီးစဉ်ဖြစ်လာမှာ ဖြစ်ပါတယ်။

 

နိုဝင်ဘာလ ၂၈ ရက်မှာ ဟနွိုင်းမြို့တော်တွင် ကျင်းပမယ့် အဆိုပါဆွေးနွေးပွဲကို ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်၊ ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဗီရာကူလ်၊ ဗီယက်နမ်ဝန်ကြီးချုပ် လီမင်ဟွမ်၊ လာအိုဝန်ကြီးချုပ် ဆာလမ်ဆေး ခွန်မာဆစ်တို့နှင့်အတူ အာဆီယံအတွင်းရေးမှူးချုပ် ကာအိုကင်ဟွန်းလည်း တက်ရောက်မယ်လို့ သိရပါတယ်။

 

ယင်းဆွေးနွေးမှုများအတွင်း စီးပွားရေးချိတ်ဆက်ဆောင်ရွက်မှု၊ အခြေခံအဆောက်အအုံကဏ္ဍ၊ သယ်ယူပို့ဆောင်ရေး၊ ကုန်သွယ်ရေး၊ ထောက်ပံ့ရေးကွင်းဆက်များအပြင် သဘာဝပတ်ဝန်းကျင်အရေးတို့ကို အဓိကထား ဆွေးနွေးသွားမည်ဟု ဗီယက်နမ်နိုင်ငံပိုင် မီဒီယာရဲ့ ဖော်ပြချက်အရ သိရပါတယ်။

 

၎င်းဆွေးနွေးပွဲများမှာ ၁၂ ကြိမ်မြောက် ကမ္ဘောဒီးယား-လာအို-မြန်မာ-ဗီယက်နမ် (CLMV) ညီလာခံနှင့် ၁၁ ကြိမ်မြောက် ဧရာဝတီ-ကျောက်ဖယား-မဲခေါင် စီးပွားရေးပူးပေါင်းဆောင်ရွက်မှု မဟာဗျူဟာ (ACMECS) ညီလာခံများလည်း ပါဝင်မှာဖြစ်တယ်လို့ သိရပါတယ်။

 

#PeopleMedia


Share this post