စတားလင့်သိမ်းလို့ ပြည်သူ့နဲ့ စကားများခဲ့တဲ့ MDY- PDF အဖွဲ့က စခန်းမှူးဆိုသူ တပ်မတော်ထံ အလင်းဝင်
PUBLISHED - November 25, 2026
နေပြည်တော်၊ နိုဝင်ဘာ ၂၅
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်မှာ စတားလင့်သိမ်းလို့ ပြည်သူ့နဲ့ စကားများခဲ့တဲ့ MDY- PDF အဖွဲ့က စခန်းမှူး မြတ်ကြီးဆိုသူက တပ်မတော်ထံ အလင်းဝင်ရောက်လာတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၅ခုနှစ် အောက်တိုဘာလက စဥ့်ကူးမြို့နယ်၊ မင်းရွာမှာ ပြည်သူပိုင် စတားလင့်ကို သိမ်းဆည်းဖို့ လာရောက်တဲ့ MDY-PDF အဖွဲ့ဝင်တွေနဲ့ စတားလင့်ပိုင်ရှင် ပြည်သူတို့ အချင်းများမှု ဖြစ်ပွါးခဲ့ပြီး အဆိုပါ ရုပ်သံမှတ်တမ်းက လူမှုကွန်ယက်မှာ ပျံ့နှံ့သွားခဲ့ပါတယ်။
ယင်းနောက်မှာတော့ MDY-PDF က စတားလင့်ပိုင်ရှင်ကို စတားလင့်သိမ်းပြီး ကနဦးပြစ်ဒဏ် (၁၀)သိန်း ချမှတ်ခဲ့တာကြောင့် လူမှုကွန်ယက်မှာ ဝေဖန်သံတွေလည်း ထွက်ပေါ်ခဲ့ပါတယ်။
အဆိုပါ စတားလင့်ကို သိမ်းယူခဲ့တဲ့ MDY-PDF အဖွဲ့ရဲ့ စခန်းမှူး မြတ်ကြီးက အခြား PDF အဖွဲ့ဝင် တစ်ဦးနဲ့အတူ တပ်မတော်ထံ အလင်းဝင်ရောက်လာတာဖြစ်တယ်လို့ သိရပါတယ်။
အကြမ်းဖက် NUG/PDF အဖွဲ့ရဲ့ လက်အောက်ခံ MDY-DPF ကတော့ ၎င်းတို့ရဲ့ အထူးလှုပ်ရှားတပ်မထဲက ဒုနည်းဗျူဟာမှူးအဆင့်ရှိ ရဲဘော် ၁ ဦး၊ တပ်ရင်းမှူးအဆင့်ရှိ ရဲဘော် ၄ ဦး၊ ရဲဘော်အဆင့်ရှိ ၅ ဦး တပ်မတော်ထံ အလင်းဝင်ရောက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
#PeopleMedia