• Follow Us on
Latest News

Home တပ္မေတာ္အရာရွိ(ၿငိမ္း)ကို နိုင္ငံေတာ္သမၼတ႐ုံး အႀကံေပးအျဖစ္ခန္႔အပ္၊ ခန္႔အပ္ခံရသူသည္ လစာ(၇)သိန္းက်ပ္ ရရွိမည္

တပ္မေတာ္အရာရွိ(ၿငိမ္း)ကို နိုင္ငံေတာ္သမၼတ႐ုံး အႀကံေပးအျဖစ္ခန္႔အပ္၊ ခန္႔အပ္ခံရသူသည္ လစာ(၇)သိန္းက်ပ္ ရရွိမည္

Share this post

ရန္ကုန္၊ ဧၿပီ – ၂

တပ္မေတာ္အရာရွိ(ၿငိမ္း)ကို နိုင္ငံေတာ္သမၼတ႐ုံး အႀကံေပးအျဖစ္ မတ္(၃၁)ရက္ေန႔၌ နိုင္ငံေတာ္သမၼတဦးဝင္းျမင့္က ခန့္အပ္လိုက္ပါတယ္။

ခန့္အပ္ခံရသူ ဗိုလ္မွဴးႀကီး(ၿငိမ္း)ထိန္လင္းသည္ (NRPC)၏ ၿငိမ္းခ်မ္းေရးလုပ္ငန္းစဥ္မ်ားကို နိုင္ငံေတာ္သမၼတ႐ုံးထံ အႀကံျပဳတင္ျပရမွာလည္းျဖစ္ပါတယ္။

အႀကံေပးခန္႔အပ္ခံရသူ ဗိုလ္မွဴးႀကီး(ၿငိမ္း)ထိန္လင္းအား လစဥ္ခ်ီးျမႇင့္ေငြ (၇)သိန္းကို နိုင္ငံေတာ္သမၼတ႐ုံး ခြင့္ျပဳရန္ပုံေငြမွ က်ခံသုံးစြဲသြားမွာျဖစ္ပါတယ္။

“ဗိုလ္မွဴးႀကီး(ၿငိမ္း)ထိန္လင္းက စိတ္ေနစိတ္ထားေကာင္းတယ္။ စကားအေျပာအဆို လည္းေကာင္းတယ္”လို႔ တပ္မေတာ္အရာရွိ(ၿငိမ္း)တစ္ဦးက ေျပာဆိုပါတယ္။

ဗိုလ္မွဴးႀကီး(ၿငိမ္း)ထိန္လင္းသည္ DSA (၂၄) ေက်ာင္းဆင္းျဖစ္ၿပီး ရခိုင္ျပည္နယ္ လုံ/နယ္ဝန္ႀကီးအျဖစ္ တာဝန္ထမ္းေဆာင္ခဲ့သူလည္း ျဖစ္ပါတယ္။

#PeopleMedia #NRPC

[Unicode]
တပ်မတော်အရာရှိ(ငြိမ်း)ကို နိုင်ငံတော်သမ္မတရုံး အကြံပေးအဖြစ်ခန့်အပ်၊ ခန့်အပ်ခံရသူသည် လစာ(ရ)သိန်းကျပ် ရရှိမည်
………………………………………………………………………………………

ရန်ကုန်၊ ဧပြီ – ၂

တပ်မတော်အရာရှိ(ငြိမ်း)ကို နိုင်ငံတော်သမ္မတရုံး အကြံပေးအဖြစ် မတ်(၃၁)ရက်နေ့၌ နိုင်ငံတော်သမ္မတဦးဝင်းမြင့်က ခန့်အပ်လိုက်ပါတယ်။

ခန့်အပ်ခံရသူ ဗိုလ်မှူးကြီး(ငြိမ်း)ထိန်လင်းသည် (NRPC)၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို နိုင်ငံတော်သမ္မတရုံးထံ အကြံပြုတင်ပြရမှာလည်းဖြစ်ပါတယ်။

အကြံပေးခန့်အပ်ခံရသူ ဗိုလ်မှူးကြီး(ငြိမ်း)ထိန်လင်းအား လစဉ်ချီးမြှင့်ငွေ (ရ)သိန်းကို နိုင်ငံတော်သမ္မတရုံး ခွင့်ပြုရန်ပုံငွေမှ ကျခံသုံးစွဲသွားမှာဖြစ်ပါတယ်။

“ဗိုလ်မှူးကြီး(ငြိမ်း)ထိန်လင်းက စိတ်နေစိတ်ထားကောင်းတယ်။ စကားအပြောအဆို လည်းကောင်းတယ်”လို့ တပ်မတော်အရာရှိ(ငြိမ်း)တစ်ဦးက ပြောဆိုပါတယ်။

ဗိုလ်မှူးကြီး(ငြိမ်း)ထိန်လင်းသည် DSA (၂၄) ကျောင်းဆင်းဖြစ်ပြီး ရခိုင်ပြည်နယ် လုံ/နယ်ဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူလည်း ဖြစ်ပါတယ်။

#PeopleMedia #NRPC


Share this post