• Follow Us on
Latest News

Home ပလက္ဝၿမိဳ႕၊ ေဒသခံျပည္သူမ်ားအတြက္ ခ်င္းျပည္နယ္အစိုးရအဖဲြ႕ႏွင့္ အလွဴရွင္မ်ားလွဴဒါန္းသည့္ စားေသာက္ဖြယ္ရာမ်ားကို အခက္အခဲမ်ားၾကားမွ တပ္မေတာ္က ကူညီပို႔ေဆာင္ေပး

ပလက္ဝၿမိဳ႕၊ ေဒသခံျပည္သူမ်ားအတြက္ ခ်င္းျပည္နယ္အစိုးရအဖဲြ႕ႏွင့္ အလွဴရွင္မ်ားလွဴဒါန္းသည့္ စားေသာက္ဖြယ္ရာမ်ားကို အခက္အခဲမ်ားၾကားမွ တပ္မေတာ္က ကူညီပို႔ေဆာင္ေပး

Share this post

ရန္ကုန္၊ ဇြန္ ၂၂

ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕၊ ေဒသခံျပည္သူမ်ား၊ ဌာနဆိုင္ရာဝန္ထမ္းမ်ားႏွင့္ တိုက္ပြဲေရွာင္ျပည္သူမ်ားအတြက္ ခ်င္းျပည္နယ္ အစိုးရအဖြဲ႕ႏွင့္ အလွဴရွင္မ်ားကလွဴဒါန္းသည့္ စားေသာက္ဖြယ္ရာမ်ားကို မတူပီ-ဆမီး-ပလက္ဝလမ္းေၾကာင္းအတိုင္း အခက္ အခဲမ်ိဳးစုံၾကားမွ တပ္မေတာ္က ကူညီပို႔ေဆာင္ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႕မွ ထုတ္ျပန္ထားသည္။

ပလက္၀ေဒသတြင္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ားေၾကာင့္ ခ်င္းျပည္နယ္အစိုးရအဖြဲ႕ႏွင့္ NGO အဖြဲ႕မ်ားက လွဴဒါန္းသည့္ စားေသာက္ကုန္ပစၥည္းမ်ားအားလည္း နည္းမ်ိဳးစုံျဖင့္ ျဖတ္ေတာက္ပိတ္ဆို႔ေႏွာင့္ယွက္ရယူေနျခင္းမ်ားေၾကာင့္ ေဒသတြင္း ကုန္ေဈးႏႈန္းမ်ား အဆမတန္ျမင့္တက္လာၿပီး ကုန္စည္စီးဆင္းမႈမရွိသျဖင့္ ေဒသခံျပည္သူမ်ား၊ ဌာနဆိုင္ရာ ဝန္ထမ္းမ်ားႏွင့္ တိုက္ပြဲေရွာင္ျပည္သူမ်ားမွာ စားေရးအခက္အခဲမ်ား ႀကဳံေတြ႕လ်က္ရွိေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႕မွ ထုတ္ ျပန္ထားသည္။

ပလက္ဝေဒသတြင္ AA အၾကမ္းဖက္ေသာင္းက်န္းသူမ်ား ဝင္ေရာက္ လႈပ္ရွားၿပီး ဆက္သြယ္ေရးလမ္းေၾကာင္းမ်ားအား နည္း မ်ိဳးစုံျဖင့္ ျဖတ္ေတာက္ပိတ္ဆို႔ျခင္းႏွင့္ အၾကမ္းဖက္လုပ္ရပ္မ်ားလုပ္ေဆာင္လ်က္ရွိသည္။ အဆိုပါပလက္ဝေဒသို႔ ခ်င္းျပည္ နယ္အစိုးရအဖြဲ႕ႏွင့္ အလွဴရွင္မ်ားကလွဴဒါန္းသည့္ စားေသာက္ဖြယ္ရာမ်ားႏွင့္ COVID-19 ေရာဂါကာကြယ္ေရးအေထာက္ အကူျပဳေဆးပစၥည္းမ်ားကို မတူပီ-ဆမီး-ပလက္ဝလမ္းေၾကာင္းအတိုင္း ရာသီဥတုဆိုးရြားမႈေၾကာင့္ လမ္းေၾကာင္း ပ်က္စီးလ်က္ ရွိေသာ္လည္း လုံၿခဳံေရးတပ္ဖြဲ႕ဝင္မ်ား ႀကိဳးစားအားထုတ္ၿပီး တပ္မေတာ္မွ ေမာ္ေတာ္ယာဥ္မ်ားျဖင့္ ကူညီပို႔ေဆာင္ေပးခဲ့ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖဲြ႕မွထုတ္ျပန္ထားသည္။

#PeopleMedia

(unicode)
ပလက်ဝမြို့၊ ဒေသခံပြည်သူများအတွက် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များလှူဒါန်းသည့် စားသောက်ဖွယ်ရာများကို အခက်အခဲများကြားမှ တပ်မတော်က ကူညီပို့ဆောင်ပေး
……………………………………………………

ရန်ကုန်၊ ဇွန် ၂၂

ချင်းပြည်နယ်၊ ပလက်ဝမြို့၊ ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများအတွက် ချင်းပြည်နယ် အစိုးရအဖွဲ့နှင့် အလှူရှင်များကလှူဒါန်းသည့် စားသောက်ဖွယ်ရာများကို မတူပီ-ဆမီး-ပလက်ဝလမ်းကြောင်းအတိုင်း အခက် အခဲမျိုးစုံကြားမှ တပ်မတော်က ကူညီပို့ဆောင်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်ထားသည်။

ပလက်ဝဒေသတွင် AA အကြမ်းဖက်သောင်းကျန်းသူများကြောင့် ချင်းပြည်နယ်အစိုးရအဖွဲ့နှင့် NGO အဖွဲ့များက လှူဒါန်းသည့် စားသောက်ကုန်ပစ္စည်းများအားလည်း နည်းမျိုးစုံဖြင့် ဖြတ်တောက်ပိတ်ဆို့နှောင့်ယှက်ရယူနေခြင်းများကြောင့် ဒေသတွင်း ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်လာပြီး ကုန်စည်စီးဆင်းမှုမရှိသဖြင့် ဒေသခံပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တိုက်ပွဲရှောင်ပြည်သူများမှာ စားရေးအခက်အခဲများ ကြုံတွေ့လျက်ရှိကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ် ပြန်ထားသည်။

ပလက်ဝဒေသတွင် AA အကြမ်းဖက်သောင်းကျန်းသူများ ဝင်ရောက် လှုပ်ရှားပြီး ဆက်သွယ်ရေးလမ်းကြောင်းများအား နည်း မျိုးစုံဖြင့် ဖြတ်တောက်ပိတ်ဆို့ခြင်းနှင့် အကြမ်းဖက်လုပ်ရပ်များလုပ်ဆောင်လျက်ရှိသည်။ အဆိုပါပလက်ဝဒေသို့ ချင်းပြည် နယ်အစိုးရအဖွဲ့နှင့် အလှူရှင်များကလှူဒါန်းသည့် စားသောက်ဖွယ်ရာများနှင့် COVID-19 ရောဂါကာကွယ်ရေးအထောက် အကူပြုဆေးပစ္စည်းများကို မတူပီ-ဆမီး-ပလက်ဝလမ်းကြောင်းအတိုင်း ရာသီဥတုဆိုးရွားမှုကြောင့် လမ်းကြောင်း ပျက်စီးလျက် ရှိသော်လည်း လုံခြုံရေးတပ်ဖွဲ့ဝင်များ ကြိုးစားအားထုတ်ပြီး တပ်မတော်မှ မော်တော်ယာဉ်များဖြင့် ကူညီပို့ဆောင်ပေးခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့မှထုတ်ပြန်ထားသည်။

#PeopleMedia


Share this post