• Follow Us on

Home ဘဂၤလားေဒ့႐ွ္ထုတ္ကုန္ ၉၇ ရာခိုင္ႏႈန္းကို တ႐ုတ္ႏိုင္ငံဆီ အေကာက္ခြန္ လြတ္တင္သြင္းခြင့္ရေတာ့မယ္

ဘဂၤလားေဒ့႐ွ္ထုတ္ကုန္ ၉၇ ရာခိုင္ႏႈန္းကို တ႐ုတ္ႏိုင္ငံဆီ အေကာက္ခြန္ လြတ္တင္သြင္းခြင့္ရေတာ့မယ္

Share this post

ဒါကာ၊ ဇြန္ ၂၂

ဇူလိုင္ ၁ ရက္ကစၿပီး ဘဂၤလားေဒ့႐ွ္ထုတ္ကုန္ ၅၁၆၁ မ်ိဳးကို တ႐ုတ္ႏိုင္ငံဆီစည္းၾကပ္ခြန္မ႐ွိဘဲ တင္သြင္းခြင့္ရေတာ့မွာပါ။

တ႐ုတ္အစိုးရရဲ႕အခုခြင့္ျပဳခ်က္ကို ဘဂၤလားေဒ့႐ွ္အစိုးရဘက္ကေတာ့ စီးပြားေရးသံခင္းတမန္ခင္းေအာင္ျမင္မႈလို႔ သတ္မွတ္ထား ပါတယ္။

ဘဂၤလားေဒ့႐ွ္အစိုးရရဲ႕စီးပြားေရးသံခင္းတမန္ခင္းနဲ႔ ႏွစ္ႏိုင္ငံၾကားအျပန္အလွန္စာဖလွယ္မႈေတြရဲ႕တစိတ္တပိုင္းအေနနဲ႔ မၾကာ ေသးခင္မွာ တ႐ုတ္စည္းၾကပ္ခြန္ဆိုင္ရာႏိုင္ငံေတာ္ေကာင္စီက ဘဂၤလားေဒ့႐ွ္ႏိုင္ငံရဲ႕ပို႔ကုန္ ၉၇ ရာခိုင္ႏႈန္းကို အေကာက္ခြန္ကင္း လြတ္ခြင့္ေပးမယ္လို႔ အသိေပးစာတစ္ေစာင္ထုတ္ျပန္တယ္ဆိုၿပီး ဘဂၤလားေဒ့႐ွ္ႏိုင္ငံျခားေရး၀န္ႀကီးဌာနကထုတ္ျပန္ပါတယ္။

ဖြံ႔ၿဖိဳးမႈအေႏွးေကြးဆံုးႏိုင္ငံစာရင္းထဲပါတဲ့ဘဂၤလားေဒ့႐ွ္ႏိုင္ငံအေနနဲ႔ တ႐ုတ္ေစ်းကြက္ထဲပို႔တဲ့ကုန္ ၅၁၆၁ မ်ိဳးအတြက္ အေကာက္ ခြန္ကင္းလြတ္ခြင့္ရမွာလို႔ BSS သတင္းေအဂ်င္စီကေဖာ္ျပပါတယ္။

အာ႐ွ-ပစိဖိတ္ကုန္သြယ္ေရးသေဘာတူညီခ်က္(APTA)အရ ဘဂၤလားေဒ့႐ွ္ႏိုင္ငံဟာ လက္႐ွိမွာ တ႐ုတ္ေစ်းကြက္ထဲကုန္စည္ ၃၀၉၅ မ်ိဳးကို အေကာက္ခြန္မ႐ွိဘဲတင္သြင္းႏိုင္မွာပါ။ အခုႏွစ္အတြင္းမွာ ဖြံ႔ၿဖိဳးမႈအနည္းဆံုးႏိုင္ငံေတြရဲ႕တင္ပို႔ကုန္ ၉၇ ရာခိုင္ ႏႈန္းကိုအေကာက္ခြန္လြတ္တင္သြင္းခြင့္ျပဳမယ္လို႔ အခုတစ္ပတ္ထဲ အင္ဒိုနီး႐ွားႏိုင္ငံမွာက်င္းပခဲ့တဲ့ အာ႐ွ-အာဖရိကမ်က္ႏွာစံုညီ အစည္းအေ၀းမွာ တ႐ုတ္သမၼတ႐ွီက်င့္ပင္ကေျပာပါတယ္။

ေစ်းကြက္၀င္ခြင့္ေပးမယ့္အစီအစဥ္ဟာ တ႐ုတ္ႏိုင္ငံနဲ႔သံခင္းတမန္ခင္းဆက္ဆံေရး႐ွိတဲ့ႏိုင္ငံေတြကိုပဲ ေပးသြားမွာပါ။

Ref : 97% Bangladeshi products to get duty-free access to China

#PeopleMedia

(unicode)
ဘင်္ဂလားဒေ့ရှ်ထုတ်ကုန် ၉၇ ရာခိုင်နှုန်းကို တရုတ်နိုင်ငံဆီ အကောက်ခွန် လွတ်တင်သွင်းခွင့်ရတော့မယ်
…………………………………………………

ဒါကာ၊ ဇွန် ၂၂

ဇူလိုင် ၁ ရက်ကစပြီး ဘင်္ဂလားဒေ့ရှ်ထုတ်ကုန် ၅၁၆၁ မျိုးကို တရုတ်နိုင်ငံဆီစည်းကြပ်ခွန်မရှိဘဲ တင်သွင်းခွင့်ရတော့မှာပါ။

တရုတ်အစိုးရရဲ့အခုခွင့်ပြုချက်ကို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကတော့ စီးပွားရေးသံခင်းတမန်ခင်းအောင်မြင်မှုလို့ သတ်မှတ်ထား ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရရဲ့စီးပွားရေးသံခင်းတမန်ခင်းနဲ့ နှစ်နိုင်ငံကြားအပြန်အလှန်စာဖလှယ်မှုတွေရဲ့တစိတ်တပိုင်းအနေနဲ့ မကြာ သေးခင်မှာ တရုတ်စည်းကြပ်ခွန်ဆိုင်ရာနိုင်ငံတော်ကောင်စီက ဘင်္ဂလားဒေ့ရှ်နိုင်ငံရဲ့ပို့ကုန် ၉၇ ရာခိုင်နှုန်းကို အကောက်ခွန်ကင်း လွတ်ခွင့်ပေးမယ်လို့ အသိပေးစာတစ်စောင်ထုတ်ပြန်တယ်ဆိုပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဌာနကထုတ်ပြန်ပါတယ်။

ဖွံ့ဖြိုးမှုအနှေးကွေးဆုံးနိုင်ငံစာရင်းထဲပါတဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ တရုတ်ဈေးကွက်ထဲပို့တဲ့ကုန် ၅၁၆၁ မျိုးအတွက် အကောက် ခွန်ကင်းလွတ်ခွင့်ရမှာလို့ BSS သတင်းအေဂျင်စီကဖော်ပြပါတယ်။

အာရှ-ပစိဖိတ်ကုန်သွယ်ရေးသဘောတူညီချက်(APTA)အရ ဘင်္ဂလားဒေ့ရှ်နိုင်ငံဟာ လက်ရှိမှာ တရုတ်ဈေးကွက်ထဲကုန်စည် ၃၀၉၅ မျိုးကို အကောက်ခွန်မရှိဘဲတင်သွင်းနိုင်မှာပါ။ အခုနှစ်အတွင်းမှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေရဲ့တင်ပို့ကုန် ၉၇ ရာခိုင် နှုန်းကိုအကောက်ခွန်လွတ်တင်သွင်းခွင့်ပြုမယ်လို့ အခုတစ်ပတ်ထဲ အင်ဒိုနီးရှားနိုင်ငံမှာကျင်းပခဲ့တဲ့ အာရှ-အာဖရိကမျက်နှာစုံညီ အစည်းအဝေးမှာ တရုတ်သမ္မတရှီကျင့်ပင်ကပြောပါတယ်။

ဈေးကွက်ဝင်ခွင့်ပေးမယ့်အစီအစဉ်ဟာ တရုတ်နိုင်ငံနဲ့သံခင်းတမန်ခင်းဆက်ဆံရေးရှိတဲ့နိုင်ငံတွေကိုပဲ ပေးသွားမှာပါ။

Ref : 97% Bangladeshi products to get duty-free access to China

#PeopleMedia


Share this post