• Follow Us on
Latest News

Home ယီမင္တြင္ေရေၾကာင္းပိတ္ဆို႔ရန္ ေဆာ္ဒီဦးေဆာင္သည့္မဟာမိတ္တပ္ မ်ားကို လက္နက္ျပန္ေရာင္းခ်ေနသည့္ ၿဗိတိန္အေထာက္အကူေပး

ယီမင္တြင္ေရေၾကာင္းပိတ္ဆို႔ရန္ ေဆာ္ဒီဦးေဆာင္သည့္မဟာမိတ္တပ္ မ်ားကို လက္နက္ျပန္ေရာင္းခ်ေနသည့္ ၿဗိတိန္အေထာက္အကူေပး

Share this post

လန္ဒန္၊ ဇူလိုင္ ၉

က်ယ္က်ယ္ျပန္႔ျပန္႔႐ွဳတ္ခ်ေနသည့္ ျပည္တြင္းစစ္သင့္ယီမင္အေပၚ ကုန္သြယ္မႈပိတ္ဆို႔ျခင္းမ်ားျဖစ္ေစသည့္ အရည္အခ်င္းမ်ား႐ွိေစရန္ ယီမင္စစ္ပြဲတြင္ ပါ၀င္တိုက္ခိုက္ေနသည့္ ေဆာ္ဒီဦးေဆာင္ေသာ မဟာမိတ္ အဖြဲ႕၀င္ႏိုင္ငံမ်ားကို ၿဗိတိန္ႏိုင္ငံက ေရေၾကာင္းစစ္ေရးေလ့က်င့္ခန္းမ်ားေပးေနေၾကာင္း သတင္းမ်ားထြက္ ေပၚေနသည္။

ပိတ္ဆို႔မႈေၾကာင့္ ယီမင္ႏိုင္ငံသားသန္းခ်ီအငတ္ေဘးဆိုက္ေနခ်ိန္တြင္ပင္ ၿဗိတိန္ေတာ္၀င္ေရတပ္သည္ ေဆာ္ဒီ အာေရဗ်ႏွင့္ အာရပ္ေစာ္ဘြားမ်ားျပည္ေထာင္စု(UAE)တို႔မွေရတပ္အမႈထမ္းမ်ားကို နည္းေပးလမ္းျပေနေၾကာင္း ၿဗိတိန္ႏိုင္ငံျခားေရးမူဝါဒမ်ားအေပၚ အတြင္းက်က်သတင္းေဖာ္ထုတ္တင္ဆက္ေနသည့္ Declassified UK သတင္းဌာနကေဖာ္ျပသည္။

၂၀၁၅ ခုႏွစ္၊ စက္တင္ဘာတြင္ ယူေအအီးေရတပ္အရာရွိတစ္ေယာက္ အဂၤလန္ေတာင္ပိုင္းတြင္ ၄ ပတ္ၾကာ မြမ္းမံသင္တန္းတက္ေရာက္ခဲ့ၿပီး သင္တန္းတြင္ ေမွာင္ခိုကူးမႈတန္ျပန္ေျဖ႐ွင္းနည္း၊ သေဘၤာမ်ားတြင္ ႐ွာေဖြ နည္းတို႔ပါ၀င္သည္။

လအနည္းငယ္အၾကာတြင္ ေဆာ္ဒီဦးေဆာင္ေသာညြန႔္ေပါင္းအဖြဲ႕က ယီမင္အေပၚ ပိတ္ဆို႔မႈ စတင္ခဲ့ၿပီး အီရန္ ေက်ာေထာက္ေနာက္ခံေပးထားသည့္ဟူသီသူပုန္မ်ားထိန္းခ်ဳပ္ထားသည့္ ဟူေဒးဒါဆိပ္ကမ္းကို ဗံုးႀကဲခဲ့ၿပီး ဂိုေဒါင္မ်ား၊ ကရိန္းမ်ားႏွင့္ လူသားခ်င္းစာနာေထာက္ထားမႈဆိုင္ရာအေထာက္အပံ့မ်ား ကုန္ခ်သိုေလွာင္ရန္ လိုအပ္ေသာအျခားအေျခခံအေဆာက္အအံုမ်ားပ်က္စီးခဲ့သည္။

၆ လအၾကာတြင္ ၿဗိတိန္ေတာ္ဝင္ေရတပ္မေတာ္အရာရွိမ်ားက သေဘၤာသား ၁၅ ေယာက္ကို ႏိုင္ငံတကာ ေရ ပိုင္နက္ႏွင့္ မိမိတို႔ေရပိုင္နက္တြင္ သေဘၤာမ်ားကို႐ွာေဖြစစ္ေဆးနည္းမ်ား တစ္ပတ္ၾကာသင္ၾကားေပးခဲ့သည္။
ေဆာ္ဒီတပ္ဖြဲ႕၀င္မ်ားကို အႏၲရာယ္မ်ားသည့္႐ွာေဖြစစ္ေဆးနည္းမ်ားႏွင့္ ထိန္းသိမ္းနည္းလမ္းစဥ္မ်ားကို သင္ ၾကားေပးခဲ့သည္။

၂၀၁၆ ခုႏွစ္၊ စက္တင္ဘာႏွင့္ ၂၀၁၇ ခုႏွစ္၊ မတ္ၾကား ၿဗိတိန္သည္ ေဆာ္ဒီႏွင့္ယူေအအီးတပ္ဖြဲ႔မ်ားကို သီးသန္႔ စီးပြားေရးဇုန္ကာကြယ္နည္းလမ္းၫႊန္ခ်က္မ်ားေပးခဲ့ၿပီးေနာက္ ေဆာ္ဒီေရတပ္ကို မြမ္းမံသင္တန္းေပးခဲ့သည္။

ယီမင္မွဟူသီမ်ားကိုဦးတည္သည့္စည္း႐ံုးလႈံ႔ေဆာ္မႈျဖစ္ေသာ ေဆာ္ဒီဦးေဆာင္သည့္ပိတ္ဆို႔မႈကို တရားမ၀င္ လုပ္ရပ္ဟု ႏိုင္ငံတကာအသိုက္အ၀န္းက ႐ွဳတ္ခ်ခဲ့သည္။

လူ႔အခြင့္အေရးႏွင့္ ပိတ္ဆို႔အေရးယူမႈမ်ားဆိုင္ရာကုလသမဂၢအထူးအစီရင္ခံစာတင္သြင္းသူအစ္ဒ္ရစ္ ဂ်ာဇိုင္ ရီက ပိတ္ဆို႔မႈသည္ ႏိုင္ငံတစ္ႏိုင္ငံကို လႈပ္မရလွည့္မရျဖစ္ေစေၾကာင္းႏွင့္ ႏိုင္ငံတကာဥပေဒအရ ဥပေဒႏွင့္မညီ သည့္တစ္ဖက္သတ္ႏိုင္ထက္စီးနင္းျပဳမႈဟုေျပာသည္။

ထိုပိတ္ဆို႔မႈရလဒ္တစိတ္တပိုင္းအေနျဖင့္ ယီမင္ႏိုင္ငံသားသန္းခ်ီ အငတ္ေဘးၾကံဳေနရသည္။

လူ႔အခြင့္အေရးကပ္ဆိုက္ေနေသာ္လည္း ေဆာ္ဒီကို ဆက္ၿပီးလက္နက္ေရာင္းခ်မည္ဟု အဂၤါေန႔တြင္ ၿဗိတိန္ႏိုင္ ငံတကာကုန္သြယ္ေရး၀န္ႀကီးလစ္ဇ္ ထရပ္စ္ကအတည္ျပဳသည္။

၂၀၁၉ ခုႏွစ္၊ ဇြန္တြင္ ေဆာ္ဒီထံလက္နက္ေရာင္းခ်မႈတရားမ၀င္ဟု တရား႐ံုးတစ္႐ံုးကဆံုးျဖတ္ၿပီးေနာက္ ၿဗိတိန္ က အေရာင္းယာယီရပ္ခဲ့သည္။

ေဆာ္ဒီဦးေဆာင္သည့္တပ္ဖြဲ႔မ်ား စစ္ရာဇ၀တ္မႈက်ဴးလြန္ခဲ့သည္ဆိုသည့္စိုးရိမ္မႈမ်ား႐ွိေသာ္လည္း ထိုျဖစ္ရပ္မ်ား မွာ သီးသန္႔ဆန္သည့္ျဖစ္ရပ္မ်ားဟု ၿဗိတိန္အစိုးရက ယခုေျပာသည္။

ယခုလ ၆ ရက္တြင္ ႐ု႐ွား၊ ေဆာ္ဒီႏွင့္ ျမန္မာအပါအ၀င္ ႏိုင္ငံတခ်ိဳ႕မွ လူပုဂၢိဳလ္ႏွင့္အဖြဲ႔အစည္း ၅၀ နီးပါးကို ၿဗိတိန္က ပိုင္ဆိုင္မႈသိမ္းဆည္းျခင္းႏွင့္ ခရီးသြားလာခြင့္ပိတ္ပင္ျခင္းစသည့္ ပိတ္ဆို႔အေရးယူမႈမ်ားလုပ္ခဲ့သည္။

Ref : Report finds UK enabled ‘unlawful’ Saudi-led naval blockade of Yemen, as London resumes arms sales to Riyadh

#PeopleMedia

(unicode)
ယီမင်တွင်ရေကြောင်းပိတ်ဆို့ရန် ဆော်ဒီဦးဆောင်သည့်မဟာမိတ်တပ် များကို လက်နက်ပြန်ရောင်းချနေသည့် ဗြိတိန်အထောက်အကူပေး
………………………………………………

လန်ဒန်၊ ဇူလိုင် ၉

ကျယ်ကျယ်ပြန့်ပြန့်ရှုတ်ချနေသည့် ပြည်တွင်းစစ်သင့်ယီမင်အပေါ် ကုန်သွယ်မှုပိတ်ဆို့ခြင်းများဖြစ်စေသည့် အရည်အချင်းများရှိစေရန် ယီမင်စစ်ပွဲတွင် ပါဝင်တိုက်ခိုက်နေသည့် ဆော်ဒီဦးဆောင်သော မဟာမိတ် အဖွဲ့ဝင်နိုင်ငံများကို ဗြိတိန်နိုင်ငံက ရေကြောင်းစစ်ရေးလေ့ကျင့်ခန်းများပေးနေကြောင်း သတင်းများထွက် ပေါ်နေသည်။

ပိတ်ဆို့မှုကြောင့် ယီမင်နိုင်ငံသားသန်းချီအငတ်ဘေးဆိုက်နေချိန်တွင်ပင် ဗြိတိန်တော်ဝင်ရေတပ်သည် ဆော်ဒီ အာရေဗျနှင့် အာရပ်စော်ဘွားများပြည်ထောင်စု(UAE)တို့မှရေတပ်အမှုထမ်းများကို နည်းပေးလမ်းပြနေကြောင်း ဗြိတိန်နိုင်ငံခြားရေးမူဝါဒများအပေါ် အတွင်းကျကျသတင်းဖော်ထုတ်တင်ဆက်နေသည့် Declassified UK သတင်းဌာနကဖော်ပြသည်။

၂၀၁၅ ခုနှစ်၊ စက်တင်ဘာတွင် ယူအေအီးရေတပ်အရာရှိတစ်ယောက် အင်္ဂလန်တောင်ပိုင်းတွင် ၄ ပတ်ကြာ မွမ်းမံသင်တန်းတက်ရောက်ခဲ့ပြီး သင်တန်းတွင် မှောင်ခိုကူးမှုတန်ပြန်ဖြေရှင်းနည်း၊ သင်္ဘောများတွင် ရှာဖွေ နည်းတို့ပါဝင်သည်။

လအနည်းငယ်အကြာတွင် ဆော်ဒီဦးဆောင်သောညွန့်ပေါင်းအဖွဲ့က ယီမင်အပေါ် ပိတ်ဆို့မှု စတင်ခဲ့ပြီး အီရန် ကျောထောက်နောက်ခံပေးထားသည့်ဟူသီသူပုန်များထိန်းချုပ်ထားသည့် ဟူဒေးဒါဆိပ်ကမ်းကို ဗုံးကြဲခဲ့ပြီး ဂိုဒေါင်များ၊ ကရိန်းများနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအထောက်အပံ့များ ကုန်ချသိုလှောင်ရန် လိုအပ်သောအခြားအခြေခံအဆောက်အအုံများပျက်စီးခဲ့သည်။

၆ လအကြာတွင် ဗြိတိန်တော်ဝင်ရေတပ်မတော်အရာရှိများက သင်္ဘောသား ၁၅ ယောက်ကို နိုင်ငံတကာ ရေ ပိုင်နက်နှင့် မိမိတို့ရေပိုင်နက်တွင် သင်္ဘောများကိုရှာဖွေစစ်ဆေးနည်းများ တစ်ပတ်ကြာသင်ကြားပေးခဲ့သည်။
ဆော်ဒီတပ်ဖွဲ့ဝင်များကို အန္တရာယ်များသည့်ရှာဖွေစစ်ဆေးနည်းများနှင့် ထိန်းသိမ်းနည်းလမ်းစဉ်များကို သင် ကြားပေးခဲ့သည်။

၂၀၁၆ ခုနှစ်၊ စက်တင်ဘာနှင့် ၂၀၁၇ ခုနှစ်၊ မတ်ကြား ဗြိတိန်သည် ဆော်ဒီနှင့်ယူအေအီးတပ်ဖွဲ့များကို သီးသန့် စီးပွားရေးဇုန်ကာကွယ်နည်းလမ်းညွှန်ချက်များပေးခဲ့ပြီးနောက် ဆော်ဒီရေတပ်ကို မွမ်းမံသင်တန်းပေးခဲ့သည်။

ယီမင်မှဟူသီများကိုဦးတည်သည့်စည်းရုံးလှုံ့ဆော်မှုဖြစ်သော ဆော်ဒီဦးဆောင်သည့်ပိတ်ဆို့မှုကို တရားမဝင် လုပ်ရပ်ဟု နိုင်ငံတကာအသိုက်အဝန်းက ရှုတ်ချခဲ့သည်။

လူ့အခွင့်အရေးနှင့် ပိတ်ဆို့အရေးယူမှုများဆိုင်ရာကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူအစ်ဒ်ရစ် ဂျာဇိုင် ရီက ပိတ်ဆို့မှုသည် နိုင်ငံတစ်နိုင်ငံကို လှုပ်မရလှည့်မရဖြစ်စေကြောင်းနှင့် နိုင်ငံတကာဥပဒေအရ ဥပဒေနှင့်မညီ သည့်တစ်ဖက်သတ်နိုင်ထက်စီးနင်းပြုမှုဟုပြောသည်။

ထိုပိတ်ဆို့မှုရလဒ်တစိတ်တပိုင်းအနေဖြင့် ယီမင်နိုင်ငံသားသန်းချီ အငတ်ဘေးကြုံနေရသည်။

လူ့အခွင့်အရေးကပ်ဆိုက်နေသော်လည်း ဆော်ဒီကို ဆက်ပြီးလက်နက်ရောင်းချမည်ဟု အင်္ဂါနေ့တွင် ဗြိတိန်နိုင် ငံတကာကုန်သွယ်ရေးဝန်ကြီးလစ်ဇ် ထရပ်စ်ကအတည်ပြုသည်။

၂၀၁၉ ခုနှစ်၊ ဇွန်တွင် ဆော်ဒီထံလက်နက်ရောင်းချမှုတရားမဝင်ဟု တရားရုံးတစ်ရုံးကဆုံးဖြတ်ပြီးနောက် ဗြိတိန် က အရောင်းယာယီရပ်ခဲ့သည်။

ဆော်ဒီဦးဆောင်သည့်တပ်ဖွဲ့များ စစ်ရာဇဝတ်မှုကျူးလွန်ခဲ့သည်ဆိုသည့်စိုးရိမ်မှုများရှိသော်လည်း ထိုဖြစ်ရပ်များ မှာ သီးသန့်ဆန်သည့်ဖြစ်ရပ်များဟု ဗြိတိန်အစိုးရက ယခုပြောသည်။

ယခုလ ၆ ရက်တွင် ရုရှား၊ ဆော်ဒီနှင့် မြန်မာအပါအဝင် နိုင်ငံတချို့မှ လူပုဂ္ဂိုလ်နှင့်အဖွဲ့အစည်း ၅၀ နီးပါးကို ဗြိတိန်က ပိုင်ဆိုင်မှုသိမ်းဆည်းခြင်းနှင့် ခရီးသွားလာခွင့်ပိတ်ပင်ခြင်းစသည့် ပိတ်ဆို့အရေးယူမှုများလုပ်ခဲ့သည်။

Ref : Report finds UK enabled ‘unlawful’ Saudi-led naval blockade of Yemen, as London resumes arms sales to Riyadh

#PeopleMedia


Share this post