• Follow Us on

Home ၂၀၂၀ ေရြးေကာက္ပြဲ၌ မြန္ျပည္နယ္တြင္ NLD ပါတီကုိ အႏုိင္ယူသြားမည္ျဖစ္ေၾကာင္း မြန္ညီၫြတ္ေရးပါတီ အတြင္းေရးမွဴး(၂) ေျပာဆုိ

၂၀၂၀ ေရြးေကာက္ပြဲ၌ မြန္ျပည္နယ္တြင္ NLD ပါတီကုိ အႏုိင္ယူသြားမည္ျဖစ္ေၾကာင္း မြန္ညီၫြတ္ေရးပါတီ အတြင္းေရးမွဴး(၂) ေျပာဆုိ

Share this post

ရန္ကုန္၊ ဇူလုိင္ – ၉

၂၀၂၀ ေရြးေကာက္ပြဲ၌ မြန္ျပည္နယ္တြင္ NLD ပါတီကုိ အႏုိင္ယူသြားမည္ျဖစ္ေၾကာင္း မြန္ညီၫြတ္ေရးပါတီ တြဲဖက္အတြင္းေရးမွဴး(၂) နိုင္စံတင္ကေျပာပါတယ္။

၂၀၂၀ ေ႐ြးေကာက္ပြဲ ေမ်ာ္မွန္းခ်က္ႏွင့္ပတ္သက္၍ ဇူလိုင္(၉)ရက္ ၌ PEOPLE MEDIA မွ မြန္ညီၫြတ္ေရးပါတီ တြဲဖက္အတြင္းေရးမွဴး(၂) နိုင္စံတင္ထံ ဆက္သြယ္ေမးျမန္းရာ၌ အထက္ပါအတုိင္း ေျပာဆုိခဲ့တာလည္း ျဖစ္ပါတယ္။

မြန္ျပည္နယ္ရွိ ေရး၊ သံျဖဴဇရပ္၊ ေမာ္လၿမိဳင္၊ ေခ်ာင္းဆုံး၊ ေပါင္၊ မုဒုံ၊ က်ိဳက္မေရာစသည့္ၿမိဳ႕မ်ား၌ မြန္ညီၫြတ္ ေရးပါတီ၏ ၿပိဳင္ဘက္သည္ NLD ပါတီျဖစ္တယ္လုိ႔ တြဲဖက္အတြင္းေရးမွဴး(၂)က ဆုိပါတယ္။

“အဓိကယွဥ္ၿပိဳင္ရမဲ့ပါတီကေလာေလာဆယ္ NLD ပဲေပါ့။ ကြၽန္ေတာ္တို႔ လူမ်ိဳးစုမ်ားတဲ့ေနရာရယ္၊ ကြၽန္ေတာ္ တို႔ကိုေထာက္ခံမဲ အမ်ားစုေပးတဲ့ေနရာမွာ ကြၽန္ေတာ္တို႔ အနိုင္ရမွာပါ။ အခု ၂၀၁၅ ေနာက္ပိုင္းအားလုံး မြန္ပါတီ ေတြ တစ္ပါတီထဲျပန္ေပါင္းထားတဲ့အခါၾကေတာ့ ကြၽန္ေတာ္တို႔အင္အားကတစ္စုတစ္စည္းထဲျဖစ္သြားၿပီ။ အဲဒါ ေၾကာင့္ ၂၀၁၅ ထက္ ကြၽန္ေတာ္တို႔ မဲပိုရမယ္။ အမ်ားႀကီးပိုသြားမယ္။ NLD ပါတီကို အနိုင္ရေျခအမ်ားႀကီးရွိပါ တယ္”လုိ႔ ၎က ဆုိပါတယ္။

မြန္ညီၫြတ္ေရးပါတီသည္ မြန္ေဒသလုံးဆိုင္ရာ ဒီမိုကေရစီပါတီႏွင့္ မြန္အမ်ိဳးသားပါတီတို႔ ပူးေပါင္း၍ ျပန္လည္ တည္ေဆာက္ခဲ့ျခင္း ျဖစ္ပါတယ္။

အလားတူ ၂၀၂၀ ေရြးေကာက္ပြဲ၌ မြန္ညီၫြတ္ေရးပါတီသည္ မြန္ျပည္နယ္အပါအဝင္ မြန္တုိင္းရင္းသားမ်ား အမ်ားဆုံးေနထုိင္သည့္ ကရင္ျပည္နယ္ႏွင့္တနသၤာရီတုိင္း၌ ဝင္ေရာက္ယွဥ္ျပိဳင္သြားမွာလည္း ျဖစ္ပါတယ္။

#PeopleMedia #မြန္ညီၫြတ္ေရးပါတီ #2020election #political

(unicode)
၂၀၂၀ ရွေးကောက်ပွဲ၌ မွန်ပြည်နယ်တွင် NLD ပါတီကို အနိုင်ယူသွားမည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ အတွင်းရေးမှူး(၂) ပြောဆို
……………………………………………………

ရန်ကုန်၊ ဇူလိုင် – ၉

၂၀၂၀ ရွေးကောက်ပွဲ၌ မွန်ပြည်နယ်တွင် NLD ပါတီကို အနိုင်ယူသွားမည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး(၂) နိုင်စံတင်ကပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ မျော်မှန်းချက်နှင့်ပတ်သက်၍ ဇူလိုင်(၉)ရက် ၌ PEOPLE MEDIA မှ မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှူး(၂) နိုင်စံတင်ထံ ဆက်သွယ်မေးမြန်းရာ၌ အထက်ပါအတိုင်း ပြောဆိုခဲ့တာလည်း ဖြစ်ပါတယ်။

မွန်ပြည်နယ်ရှိ ရေး၊ သံဖြူဇရပ်၊ မော်လမြိုင်၊ ချောင်းဆုံး၊ ပေါင်၊ မုဒုံ၊ ကျိုက်မရောစသည့်မြို့များ၌ မွန်ညီညွတ် ရေးပါတီ၏ ပြိုင်ဘက်သည် NLD ပါတီဖြစ်တယ်လို့ တွဲဖက်အတွင်းရေးမှူး(၂)က ဆိုပါတယ်။

“အဓိကယှဉ်ပြိုင်ရမဲ့ပါတီကလောလောဆယ် NLD ပဲပေါ့။ ကျွန်တော်တို့ လူမျိုးစုများတဲ့နေရာရယ်၊ ကျွန်တော် တို့ကိုထောက်ခံမဲ အများစုပေးတဲ့နေရာမှာ ကျွန်တော်တို့ အနိုင်ရမှာပါ။ အခု ၂၀၁၅ နောက်ပိုင်းအားလုံး မွန်ပါတီ တွေ တစ်ပါတီထဲပြန်ပေါင်းထားတဲ့အခါကြတော့ ကျွန်တော်တို့အင်အားကတစ်စုတစ်စည်းထဲဖြစ်သွားပြီ။ အဲဒါ ကြောင့် ၂၀၁၅ ထက် ကျွန်တော်တို့ မဲပိုရမယ်။ အများကြီးပိုသွားမယ်။ NLD ပါတီကို အနိုင်ရခြေအများကြီးရှိပါ တယ်”လို့ ၎င်းက ဆိုပါတယ်။

မွန်ညီညွတ်ရေးပါတီသည် မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီနှင့် မွန်အမျိုးသားပါတီတို့ ပူးပေါင်း၍ ပြန်လည် တည်ဆောက်ခဲ့ခြင်း ဖြစ်ပါတယ်။

အလားတူ ၂၀၂၀ ရွေးကောက်ပွဲ၌ မွန်ညီညွတ်ရေးပါတီသည် မွန်ပြည်နယ်အပါအဝင် မွန်တိုင်းရင်းသားများ အများဆုံးနေထိုင်သည့် ကရင်ပြည်နယ်နှင့်တနင်္သာရီတိုင်း၌ ဝင်ရောက်ယှဉ်ပြိုင်သွားမှာလည်း ဖြစ်ပါတယ်။

#PeopleMedia #မွန်ညီညွတ်ရေးပါတီ #2020election #political


Share this post