• Follow Us on

Home KNU/PDF များမှ လက်နက်များဖြင့် ပစ်ခတ်ရာ ယာခင်းအတွင်းရှိနေသည့် မြေးအဖွားနှစ်ဦး ဒဏ်ရာရ

KNU/PDF များမှ လက်နက်များဖြင့် ပစ်ခတ်ရာ ယာခင်းအတွင်းရှိနေသည့် မြေးအဖွားနှစ်ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ သြဂုတ် ၃၁

 

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ပိန္နဲပင်ကျေးရွာအနီးရှိ ယာခင်းအတွင်းသို့ KNU/PDF များမှ လက်နက်များဖြင့်ပစ်ခတ်ရာ ထိုယာခင်းအတွင်းရှိနေသည့် မြေးအဖွားနှစ်ဦး ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။

 

သြဂုတ်လ ၃၀ ရက် နံနက် ၁၀ နာရီအချိန်တွင် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ရေတာရှည်ပြည်သူ့ ဆေးရုံတွင် ဗုံးစထိမှန်၍ ဒဏ်ရာများဖြင့် ဆေးကုန်နေကြောင်း သတင်းရရှိသောကြောင့် လုံခြုံရေးတပ်ဖွဲ့များမှ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။

 

ထိုဒဏ်ရာရရှိသူများမှာ ပိန္နဲပင်ကျေးရွာတွင်နေသည့် အသက် (၆၅) နှစ်အရွယ် ဒေါ်ခင်လှ မှာ ညာဘက်ဒူးဆစ် ဗုံးသီးစထိမှန်ဒဏ်ရာ ၁ ချက်(မစိုးရိမ်ရ)သည့် ဒဏ်ရာရရှိပြီး ၎င်း၏မြေးဖြစ်သူ အသက် (၁၇) နှစ်အရွယ် အောင် ပိုင်မှာ ဘယ်ဘက်ဒူးဆစ်ဗုံးသီးစထိမှန်ဒဏ်ရာ ၁ ချက် (မစိုးရိမ်ရ) တို့ရရှိကြောင်း သိရသည်။

 

ထိုကျေးရွာမှ ရေတာရှည်မြို့၏ အရှေ့ဘက် ၇ မိုင် ၅ ဖာလုံခန့်အကွာ ပိန္နဲပင်ကျေးရွာအနီးရှိ ယာခင်းတွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia


Share this post