• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home သဲကုန်းမြို့နယ်၌ PDFအကြမ်းဖက် သတ်ဖြတ်မှုကြောင့် အုပ်ချုပ်ရေးမှူးတစ်ဦး သေဆုံး

ရွေးကောက်ပွဲများအား အပြည့်အဝထောက်ခံကြောင်းနှင့် တတ်စွမ်းသမျှ ကူညီကာကွယ်စောင့်ရှောက် ပေးသွားမည်ဖြစ်ကြောင်း မူလ D.K.B.A အဖွဲ့ ထုတ်ပြန်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၈

 

ရွေးကောက်ပွဲများအား အပြည့်အဝ ထောက်ခံကြောင်းနှင့် မိမိတို့ ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ကြမည့် လူ၊ ပုဂ္ဂိုလ်၊ နိုင်ငံရေးပါတီများအား တရားမျှတစွာ ရွေးကောက်ပွဲဝင်နိုင်စေရေးအတွက် တတ်စွမ်းသမျှ ကူညီကာကွယ်စောင့်ရှောက်ပေးသွားမည်ဖြစ်ကြောင်း ကြာအင်းပေါ်တော်မူ ငြိမ်းချမ်းရေး အထူးဒေသ မူလ D.K.B.A အဖွဲ့မှ သဘောထားထုတ်ပြန်ထားသည်။

 

မြန်မာနိုင်ငံတော်အတွင်း၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင်ကျင်းပမည့် ပါတီစုံ ဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲကျင်းပပြုလုပ်ရေးဆောင်ရွက်ချက်များအား ကြာအင်းပေါ်တော်မူငြိမ်းချမ်းရေး နယ်မြေ၊ ဦးစီးပဓာန နာယကချုပ်ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ဘဒ္ဒန္တ နန္ဒသာရ၏ ဩဝါဒ လမ်းညွှန်မှုဖြင့် ဖွဲ့စည်းထားသော မူလ D.K.B.A စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဘိုဘိ ဦးဆောင်သည့် ကြာအင်းပေါ်မူ ငြိမ်းချမ်းရေးအထူးဒေသမှ အထူးအလေးထား ကြိုဆိုထောက်ခံအပ်ကြောင်း ထုတ်ပြန်သည်။

 

မိမိတို့ အနေဖြင့် ပြည်တွင်းပဋိပက္ခတွင် ပါဝင်လျှက်ရှိသော လက်နက်ကိုင်အဖွဲ့အစည်းအသီးသီးမှ တိုက်ပွဲဖော်ဆောင်နေမှုများအား ရပ်တန့်လျက် နိုင်ငံတော်အစိုးရနှင့် တွေ့ဆုံဆွေးနွေးခြင်းဖြင့် နိုင်ငံတဝှမ်း ငြိမ်းချမ်းမှု ရရှိစေပြီး လွတ်လပ်၍ တရားမျှတသော ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲ မှသည် ပြည်သူလူထုမှ ရွေးကောက် တင်မြောက်သည့် ဒီမိုကရေစီအစိုးရ တစ်ရပ်ပေါ်ပေါက်စေပြီး တိုင်းရင်းသားအားလုံး တန်းတူညီမျှ အခွင့်အရေးရမည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကြီး တည်ထောင်နိုင်မည်ဟု မမှိတ် မသုန် ယုံကြည်ခဲ့ကြောင်း ပြောဆိုထားသည်။

 

ထိုသို့ ယုံကြည်ခဲ့သည့်အလျောက် အခက်အခဲ အကြပ်အတည်းများစွာကို ကြံ့ကြံ့ခံရင်ဆိုင်ခဲ့ပြီး တပ်မတော်အစိုးရဘက်မှ အစဉ်တစိုက် ခိုင်မာစွာ ရပ်တည်ခဲ့သည့် အဖွဲ့အစည်း ဖြစ်ပါသည်။ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ အတွင်း မှ စတင်ကျင်းပ ပြုလုပ်မည့် ရွေးကောက်ပွဲများအား အပြည့်အဝ ထောက်ခံကြောင်း နှင့် မိမိတို့ ကရင်ပြည်နယ် အတွင်း ရွေးကောက်ပွဲ ဝင်ရောက်ကြမည့် လူ၊ ပုဂ္ဂိုလ်၊ နိုင်ငံရေးပါတီများအား တရား မျှတစွာ ရွေးကောက်ပွဲဝင်နိုင်စေရေး အတွက် တတ်စွမ်းသမျှ ကူညီကာကွယ် စောင့်ရှောက်ပေးသွားမည် ဖြစ်ကြောင်း ကြာအင်းပေါ်တော်မူ ငြိမ်းချမ်းရေးအထူးဒေသ၊ မူလ D.K.B.A အဖွဲ့မှ ထုတ်ပြန်ထားသည်။

 

ကြာအင်းပေါ်တော်မူ ငြိမ်းချမ်းရေး အထူးဒေသ၊ မူလ D.K.B.A အဖွဲ့အနေဖြင့် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှ စတင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအား တည်ငြိမ်အေးချမ်းစွာဖြင့် တရားမျှတမှုကို အခြေခံပြီး လွတ်လပ်စွာ ရွေးချယ်တင်မြောက်သည့် ရွေးကောက်ပွဲအောင်မြင်စွာ ဖြစ်ပေါ်လာစေရေးအတွက် တပ်မတော် နှင့် လက်တွဲကာ ဆက်လက်ပူးပေါင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း ထုတ်ပြန်ပြောကြားထားသည်။

 

#PeopleMedia


Share this post