• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home သဲကုန်းမြို့နယ်၌ PDFအကြမ်းဖက် သတ်ဖြတ်မှုကြောင့် အုပ်ချုပ်ရေးမှူးတစ်ဦး သေဆုံး

နိုင်ငံတကာတရားစီရင်ရေးအဖွဲ့အစည်းများသည် နိုင်ငံတကာတရားမျှတမှုနှင့် မျှတသောတရားစီရင်ရေးကို ထိန်းသိမ်းစောင့်ရှောက်သည့် အရေးပါသော ပလက်ဖောင်းအဖွဲ့အစည်းများ ဖြစ်ကြသော်လည်း ဥပဒေနှင့်အညီ ဆင်ခြင်တုံတရားဖြင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးရန် ပိုမိုလိုအပ်သည်ဟု တရုတ်နိုင်ငံဘက်မှ ယူဆကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ပြောကြား

Share this post

နေပြည်တော်၊ နို၀င်ဘာ ၂၁

 

နိုင်ငံတကာတရားစီရင်ရေးအဖွဲ့အစည်းများသည် နိုင်ငံတကာတရားမျှတမှုနှင့် မျှတသောတရားစီရင်ရေးကို ထိန်းသိမ်းစောင့်ရှောက် သည့် အရေးပါသော ပလက်ဖောင်းအဖွဲ့အစည်းများဖြစ်ကြသော်လည်း ဥပဒေနှင့်အညီ ဆင်ခြင်တုံတရားဖြင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးရန် ပိုမိုလိုအပ်သည်ဟု တရုတ်နိုင်ငံဘက်မှ ယူဆကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mr. Guo Jiakunက ပြောသည်။

 

အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ၏ မြန်မာနိုင်ငံနှင့်သက်ဆိုင်သော အမှုအပေါ် စီရင်ချက်နှင့်ပတ်သက်၍ သတင်းထောက်များ၏ မေးမြန်းမှုကို နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြန်လည်ဖြေကြားရာတွင် ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

 

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ICJ တရားရုံး၏ သက်ဆိုင်ရာ  စီရင်ချက် တရုတ်နိုင်ငံဘက်မှ တွေ့ရှိခဲ့ကြောင်း၊ ရခိုင်ပြည်နယ်အရေးကိစ္စသည် အလွန်ရှုပ်ထွေးသော သမိုင်းကြောင်း၊ တိုင်းရင်းသားရေးရာနှင့် ဘာသာရေး နောက်ခံများ ရှိနေသဖြင့် ဘက်စုံနည်းလမ်းများဖြင့် စီမံဆောင်ရွက်ကာ တည်ငြိမ်သင့်လျော်စွာ ဖြေရှင်းရန် လိုအပ်ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် ယင်းအတွက် အတူတကွ ကြိုးပမ်းဆောင်ရွက်သင့်ပြီး ဤကိစ္စကို ပိုမိုရှုပ်ထွေးလာစေခြင်းမျိုးကို ရှောင်ရှားရမည်ဖြစ်ကြောင်း၊ ရခိုင်ပြည်နယ်မှ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရသော ပြည်သူများ ပြန်လည်နေရာချထားရေးကိစ္စ ဖြေရှင်းမှုကို တွန်းအားပေးရန်အတွက် သက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးတို့ တွေ့ဆုံဆွေးနွေးမှုနှင့် ညှိနှိုင်းမှုများ ပိုမိုအားကောင်းလာစေရေးကို တရုတ်နိုင်ငံဘက်မှ ဆက်လက်ထောက်ခံသွားမည် ဖြစ်ပြီး အပြုသဘောဆောင်သော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်သွားလို‌‌ကြောင်း ပြောသည်။

 

တစ်ချိန်တည်းမှာပင် နိုင်ငံတကာတရားစီရင်ရေးအဖွဲ့အစည်းများသည် နိုင်ငံတကာတရားမျှတမှုနှင့် မျှတသောတရားစီရင်ရေးကို ထိန်းသိမ်းစောင့်ရှောက်သည့် အရေးပါသော ပလက်ဖောင်းအဖွဲ့အစည်းများဖြစ်ကြသော်လည်း ဥပဒေနှင့်အညီ ဆင်ခြင်တုံတရားဖြင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးရန် ပိုမိုလိုအပ်သည်ဟု တရုတ်နိုင်ငံဘက်မှ ယူဆ‌ကြောင်း၊ လုပ်ပိုင်ခွင့်ကိုကျော်လွန်၍ စီရင်ပိုင်ခွင့် ကျင့်သုံးခြင်းနှင့် ကျယ်ပြန့်စွာအဓိပ္ပာယ်ဖွင့်ဆိုခြင်းစသည့် ကိစ္စရပ်များနှင့်ပတ်သက်၍ တရုတ်နိုင်ငံမှ စိုးရိမ်ပူပန်မှုများရှိနေပြီး ထိုကဲ့သို့ဆောင်ရွက်ချက်များသည် အငြင်းပွားမှုဖြေရှင်းရေး အတွက် အကျိုးပြုနိုင်မည်မဟုတ်ကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

 

#PeopleMedia


Share this post