• Follow Us on
Latest News

Home ကုန်းတွင်းတံတားစီမံချက်မှာ ရင်းနှီးမြှုပ်နှံဖို့အတွက် အိန္ဒိယက စူးစမ်းလေ့လာသွားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံခြား ရေးဝန်ကြီးပြော

ကုန်းတွင်းတံတားစီမံချက်မှာ ရင်းနှီးမြှုပ်နှံဖို့အတွက် အိန္ဒိယက စူးစမ်းလေ့လာသွားမှာဖြစ်ကြောင်း ထိုင်းနိုင်ငံခြား ရေးဝန်ကြီးပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၈

 

အိန္ဒိယနိုင်ငံဟာ ထိုင်းနိုင်ငံရဲ့ ကုန်းတွင်းတံတားစီမံချက်မှာ ရင်းနှီးမြှုပ်နှံဖို့အတွက် စူးစမ်းလေ့လာသွားမှာဖြစ် ကြောင်း The Nation မှာ ရေးသားဖော်ပြထားပါတယ်။

 

ထိုင်းနိုင်ငံ ဒုတိယဝန်ကြီးချုပ်လည်းဖြစ်တဲ့ နိုင်ငံခြားရေးဝန်ကြီး ပန်းပရီးဘစ်ဒါနူကာရာဟာ တနင်္ဂနွေနေ့ (ဖေ ဖော်ဝါရီ ၂၅ ရက်နေ့) ကတည်းက အိန္ဒိယနိုင်ငံမှာရောက်ရှိနေပြီး ဒေသအာဏာပိုင်များ၊ စီးပွားရေးလုပ်ငန်းရှင် များနဲ့ တွေ့ဆုံဆွေးနွေးလျက်ရှိကာ ဒီကနေ့ (ဖေဖော်ဝါရီ ၂၈ ရက်နေ့) ညနေပိုင်းမှာ ထိုင်းနိုင်ငံကို ပြန်လည် ထွက်ခွာလာမှာဖြစ်ပါတယ်။

 

စီးပွားရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ထိုင်း-အိန္ဒိယ ပူးတွဲကော်မတီ အစည်းအဝေးကျင်းပနေစဉ်အတွင်း နှစ်နိုင်ငံ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းတွေအတွက် ဆွေးနွေးခဲ့ရာမှာ ၂၀၂၇ ခုနှစ်မတိုင်ခင် အမေရိကန်ဒေါ်လာ ၃၅ ဘီလျံ (ထိုင်းဘတ်ငွေ ၁.၂၅ ထရီလီယန်) အထိ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေ တိုးမြှင့်ဖို့အတွက် ဆွေးနွေးခဲ့ကြ ကြောင်း နိုင်ငံခြားရေးဝန်ကြီး ပန်းပရီးက ပြောပါတယ်။

 

အဲဒီရည်မှန်းချက်ကိုအကောင်အထည်ဖော်နိုင်ဖို့အတွက် သွင်းကုန်အခက်အခဲအတားအဆီးတွေကို ရှင်းလင်း ပစ်ရမှာဖြစ်သလို ထိုင်း-အိန္ဒိယ ကုန်ပစ္စည်းတွေ နှစ်နိုင်ငံထဲကို အပြန်အလှန်စီးဆင်းဝင်ရောက်နိုင်ဖို့ ကုန်သွယ် မှုလွတ်လပ်ခွင့်သဘောတူညီချက်ကို ပိုမိုမြှင့်တင်ရေးအတွက် ညှိနှိုင်းသွားရမှာဖြစ်ကြောင်း ၎င်းကပြောပါတယ်။

 

ဝန်ကြီးပန်းပရီးက ထိုင်းအစိုးရရဲ့ ကုန်းတွင်းတံတားစီမံချက်နဲ့ ပတ်သက်ပြီး အိန္ဒိယရင်းနှီးမြှုပ်နှံသူတွေကို စည်း ရုံးရှင်းပြခဲ့ရာ အိန္ဒိယလုပ်ငန်းရှင်တွေက စီမံကိန်းလုပ်ငန်းဖြစ်နိုင်ခြေတွေကို စဉ်းစားသုံးသပ်သွားမယ်လို့ဆိုပါ တယ်။

 

ဒါ့အပြင် အဲဒီကုန်းတွင်းတံတားစီမံချက်ကို ထိုင်းနိုင်ငံက အဖွဲ့ဝင်အဖြစ်ပါဝင်တဲ့ ၇ နိုင်ငံ BIMSTEC (နည်းပညာ နဲ့ စီးပွားရေး ကဏ္ဍပေါင်းစုံပူးပေါင်းဆောင်ရွက်မှု ဘင်္ဂလားစီမံချက်) အရ အိန္ဒိယပင်လယ်ရေကြောင်း စီးပွားရး စီမံချက်ထဲမှာ ပေါင်းစပ်သွားဖို့အတွက် နှစ်နိုင်ငံကိုယ်စားလှယ်တွေ အခွင့်အလမ်းတွေ ရှာဖွေသွားမှာဖြစ်တယ် လို့ ပန်းပရီးက ပြောပါတယ်။

 

ကုန်းတွင်းတံတားစီမံချက်ဟာ ထိုင်းပင်လယ်ကွေ့နဲ့ အက်ဒမန်ပင်လယ်တို့ကို ဆက်သွယ်ထားတဲ့ ရေနက်ဆိပ် ကမ်းတွေကို ချွန်ဖုန်မြို့နဲ့ ရနောင်းမြို့တို့မှာ တည်ဆောက်သွားမှာဖြစ်သလို အဲဒီဆိပ်ကမ်းနှစ်ခုကြားမှာ အဝေး ပြေးလမ်းမနဲ့ ရထားလမ်းကိုပါ တည်ဆောက်သွားမယ့် စီမံချက်ဖြစ်ပါတယ်။

 

အိန္ဒိယနိုင်ငံဟာ အဆင့်မြင့်နည်းပညာနဲ့ ကျွမ်းကျင်ပညာရှင်တွေနယ်ပယ်မှာ ဒေသတွင်း ဦးဆောင်နိုင်ငံဖြစ်တဲ့ အတွက် အိန္ဒိယနိုင်ငံက မော်တော်ကားလုပ်ငန်း၊ ဆိုလာစွမ်းအင်လုပ်ငန်းနဲ့ သဘာဝပတ်ဝန်းကျင်မထိခိုက်တဲ့ ဟိုက်ဒရိုဂျင်ထုတ်လုပ်ရေးလုပ်ငန်းတွေမှာ ရင်းနှီးမြှုပ်နှံဖို့ ထိုင်းအစိုးရက စိတ်ဝင်စားနေကြောင်း ပန်းပရီးက အိန္ဒိယလုပ်ငန်းရှင်တွေကို ပြောပါတယ်။

 

ထိုင်းနိုင်ငံက ကျင့်သုံးနေတဲ့ ငါးလသက်တမ်းဗီဇာကင်းလွတ်ခွင့်မူဝါဒဟာ အောင်မြင်နေတဲ့အတွက် ကမ္ဘာလှည့် ခရီးသွားလုပ်ငန်းမြှင့်တင်ဖို့ အိန္ဒိယနိုင်ငံအနေနဲ့လည်း ထိုင်းနိုင်ငံသားတွေကို ဗီဇာကင်းလွတ်ခွင့်အစီအစဉ် ဆောင်ရွက်ပေးဖို့ အဆိုပြုခဲ့ပါတယ်။

 

ဗီဇာကင်းလွတ်ခွင့်အစီအစဉ်ကို စဉ်းစားသွားမှာဖြစ်ကြောင်း၊ အိန္ဒိယအစိုးရက သဘောတူညီခဲ့ရင် အိန္ဒိယကို လာရောက်လည်ပတ်မယ့် ကမ္ဘာလှည့်ခရီးသွားတွေထဲမှာ ထိုင်းနိုင်ငံဟာ ပထမဦးဆုံး ဗီဇာကင်းလွတ်ခွင့်ရတဲ့ နိုင်ငံဖြစ်မှာဖြစ်ကြောင်း အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

 

Ref: India to explore investing in Land Bridge project: Foreign Minister

 

#PeopleMedia


Share this post