• Follow Us on

Home ၂၀၂၄ ခုနှစ် ပထမ ရှစ်ပတ်အတွင်း ကမ္ဘာလှည့်ခရီးသွား ၆ သန်းနီးပါး ထိုင်းနိုင်ငံကို ဝင်ရောက်လာခဲ့

၂၀၂၄ ခုနှစ် ပထမ ရှစ်ပတ်အတွင်း ကမ္ဘာလှည့်ခရီးသွား ၆ သန်းနီးပါး ထိုင်းနိုင်ငံကို ဝင်ရောက်လာခဲ့

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၂၈

 

၂၀၂၄ ခုနှစ် ဇန်နဝါရီလကနေ ဖေဖော်ဝါရီလ ၂၅ ရက်နေ့အထိ ကမ္ဘာလှည့်ခရီးသွား ၅,၉၈၁,၂၃၄ ဦး ထိုင်းနိုင်ငံ ကို လာရောက်လည်ပတ်ခဲ့ကြောင်း ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီး ဆူဒါဝန် ဝန်ဆူဖာကစ်ကို ဆိုက အင်္ဂါနေ့ (ဖေဖော်ဝါရီလ ၂၈ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

အဲဒီကမ္ဘာလှည့်ခရီးသွား ၆ သန်းခန့်ဟာ ထိုင်းနိုင်ငံထဲက စီးပွားရေးလုပ်ငန်းရှင်တွေအတွက် ထိုင်းဘတ်ငွေ ၂၉၀.၉၂ ဘီလျံ လည်ပတ်သုံးစွဲခဲ့ကြောင်း ၎င်းက ပြောပါတယ်။

 

အခုနှစ် ပထမရှစ်လအတွင်း ထိုင်းနိုင်ငံထဲကို ဝင်ရောက်လာတဲ့ ကမ္ဘာလှည့်ခရီးသွားတွေကတော့ တရုတ်နိုင်ငံ သားတွေက လူဦးရေ ၁,၁၁၄,၃၁၆ နဲ့ ထိပ်ဆုံးနေရာယူထားပြီး တရုတ်နောက်မှာ မလေးရှား ၇၅၉,၈၂၈ ဦး၊ ရုရှား ၃၉၇,၀၀၆ ဦး၊ တောင်ကိုရီးယား ၃၈၇,၄၇၅ ဦးနဲ့ အိန္ဒိယ ၂၉၃,၁၂၉ ဦးတို့ ဖြစ်ကြောင်းသိရပါတယ်။

 

ဖေဖော်ဝါရီလ ၁၉-၂၅ ရက်နေ့ဖြစ်တဲ့ နောက်ဆုံးသီတင်းပတ်မှာတော့ ကမ္ဘာလှည့်ခရီးသွားဦးရေ ၇၆၃,၈၅၅ ဦး သာရှိခဲ့ရာ ၎င်းရှေ့သီတင်းပတ်ထက် ၆၈,၁၃၄ ဦး လျော့နည်းခဲ့ပြီး တစ်ရက်ကို ပျှမ်းမျှ ၁၀၉,၁၂၃ ဦး ဝင်ရောက် လာတယ်လို့ မှတ်ယူနိုင်ပါတယ်။

 

ဥရောပခရီးသွားတွေဟာ ဆောင်းရာသီကုန်ပိုင်းအားလပ်ရက်တွေမှာ ခရီးသွားလာမှုနည်းပါးတဲ့အတွက် အခု ဖေဖော်ဝါရီနောက်ဆုံးပတ်မှာ ကမ္ဘာလှည့်ခရီးသွားဝင်ရောက်မှုနှုန်း ကျဆင်းသွားတာဖြစ်ကြောင်း ဆူဝါဝန်က ပြောပါတယ်။

 

ထိုင်းနိုင်ငံသားတွေနဲ့ တရုတ်နိုင်ငံသားတွေအတွက် ပေးအပ်တော့မယ့် အမြဲတမ်းဗီဇာကင်းလွတ်ခွင့်အပြင် လေ ကြောင်းလိုင်းလေးငါးခု ထပ်မံတိုးချဲ့လိုက်တဲ့အတွက် လာမယ့်သီတင်းပတ် (ဖေဖော်ဝါရီ ၂၆ – မတ်လ ၃ ရက်) အတွင်းမှာ ကမ္ဘာလှည့်ခရီးသွားဦးရေရောက်ရှိမှု ထပ်မံမြင့်တက်လာလိမ့်မယ်လို့ ဝန်ကြီး ဆူဝါဝန်က မျှော်လင့် ထားပါတယ်။

 

ကနဦးက ခွင့်ပြုထားတဲ့ ဗီဇာကင်းလွတ်ခွင့်သက်တမ်းကုန်ဆုံးပြီးပြီးချင်း မတ်လ ၁ ရက်နေ့ကစပြီး နှစ်နိုင်ငံ နိုင်ငံသားတွေကို အမြဲတမ်းဗီဇာကင်းလွတ်ခွင့်ပြုဖို့ ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့ သဘောတူညီထားပြီးဖြစ်ပါ တယ်။

 

ထိုင်းအစိုးရရဲ့ ငါးလသက်တမ်းဗီဇာကင်းလွတ်ခွင့်မူဝါဒကို ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက တရုတ်နိုင်ငံသားတွေ နဲ့ ကာဇက်စတန်နိုင်ငံသားတွေအတွက်လည်းကောင်း၊ နိုဝင်ဘာလက အိန္ဒိယနိုင်ငံသားတွေနဲ့ ထိုင်ဝမ်နိုင်ငံသား တွေအတွက်လည်းကောင်း စတင်အကောင်အထည်ဖော်ကျင့်သုံးခဲ့တာဖြစ်ပါတယ်။

 

ထိုင်းနို်င်ငံ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းနဲ့ အားကစားဝန်ကြီးဌာနဟာ ၂၀၂၄ ခုနှစ်အတွက် ဝင်ငွေ ၃.၅ ထရီလီ ယန်ရှာဖွေဖို့ ရည်မှန်းချက်ချမှတ်ထားရာ အဲဒီအထဲက ၂.၃ ထရီလီယန်ကို အခုနှစ်အတွင်းဝင်ရောက်လာမယ့် ကမ္ဘာလှည့်ခရီးသွား ခန့်မှန်းသန်း ၄၀ ကနေ ရရှိမယ်လို့ မျှော်မှန်းထားပါတယ်။

 

Ref: Almost 6 million tourists arrive in first eight weeks of 2024

 

#PeopleMedia


Share this post