• Follow Us on

Home ကော့ကရိတ်မြို့တွင်းသို့ ဒေသခံပြည်သူများပြန်လည်ဝင်ရောက်

ကော့ကရိတ်မြို့တွင်းသို့ ဒေသခံပြည်သူများပြန်လည်ဝင်ရောက်

Share this post

နေပြည်တော်၊ ဧပြီ ၂၉

 

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့ ပတ်ဝန်းကျင်ရှိ အကြမ်းဖတ်လုပ်ရပ်များ လုပ်ဆောင်နေသည့် KKO (ခွဲထွက်) ကျော်သက်အဖွဲနှင့် PDFအမည်ခံအကြမ်းဖက်သမားများပူးပေါင်းအဖွဲ့အား တပ်မတော်စစ်ကြောင်းများက ပြန်လည်တိုက်ခိုက်ချေမှုန်းခဲ့ပြီးနောက် ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေလျက်ရှိကြောင်း သိရသည်။

 

အကြမ်းဖက်ပူးပေါင်းအဖွဲ့များသည် ဧပြီလဆန်းပိုင်းမှစ၍ သာလွန်အင်အားများဖြင့် ကော့ကရိတ်မြို့တွင်း ဝင် ရောက်နိုင်ရေး ဆောင်ရွက်ခဲ့ရာ နယ်မြေခံလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် စုစုပေါင်း တိုက်ပွဲ ၁၃ ကြိမ်ဖြစ်ပွားခဲ့သည်။ အကြမ်းဖက်ပူးပေါင်းအဖွဲ့များသည် အင်းအားများထပ်မံဖြည့်တင်းကာ မြို့အား လက်နက်ကြီးများဖြင့် တိုက်ခိုက်ခြင်းနှင့် မြို့စွန်ရှိ ရပ်ကွက်များအတွင်းသို့ စိမ့်ဝင်၍ အကြမ်းဖက်အဖျက်အမှောင့်လုပ်ရပ်များ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

 

ထို့ကြောင် တပ်မတော်မှ အင်းအားထပ်မံဖြည့်တင်းကာ ဧပြီလ ၁၉ရက်မှစ၍ ကော့ကရိတ်မြို့ဝန်းကျင်ရှိ အကြမ်းဖက်သောင်းကျန်းသူများအား အကြမ်းဖက်ချေမှုန်းရေးစစ်ဆင်ရေးကို ဆောင်ရွက်ခဲ့ရာ အကြမ်း ဖက်သမားများနှင့် ထိတွေ့တိုက်ပွဲ ၉ ကြိမ်ဖြစ်ပွားခဲ့၍ ဧပြီလ ၂၂ရက်တွင် တပ်မတော်မှ အဆိုပါဒေသအား ပြန်လည် ထိန်းချုပ်နိုင်ခဲ့ကြောင်း သိရသည်။

 

တပ်မတော်စစ်ကြောင်းများ အနေဖြင့် ဆုတ်ခွာထွက်ပြေးခဲ့သည့် အကြမ်းဖက်သောင်းကျန်းသူများအား ထပ် ကြပ်လိုက်လံလျေမှုန်းတိုက်ခိုက်လျက်ရှိပြီး ကော့ကရိတ်မြို့အတွင်း ပျက်စီးခဲ့သည့် အပျက်အစီးများအား ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

ထို့နောက် ယာယီနေရပ်စွန့်ခွာခဲ့ကြသည့် ဒေသခံပြည်သူများ ပြန်လည်ဝင်ရောက်နေထိုင်ရေး စည်းရုံးဆောင် ရွက်ခဲ့ရာ ဧပြီလ ၂၇ရက်နေ့အထိ ကော့ကရိတ်မြို့တွင်းသို့ အိမ်ထောင်စု ၂၈၈စု၊ အမျိုးသား ၃၆၂ဦး၊ အမျိုးသမီး ၂၃၅ဦး စုစုပေါင်း ၅၉၇ဦး ပြန်လည်ဝင်ရောက်နေထိုင်လာပြီး ဆက်လက်၍လည်း ၎င်းတို့၏ နေရပ်အသီးသီးသို့ ပြန်လည်ဝင်ရောက်နေလျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post