• Follow Us on

Home ဒုတိယဝန်ကြီးချုပ်အဖြစ်က ဖယ်ရှားခံရပြီးနောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ်ကပါ နုတ်ထွက်ကြောင်း မစ္စတာ ပန်းပရီး ကြေညာ

ဒုတိယဝန်ကြီးချုပ်အဖြစ်က ဖယ်ရှားခံရပြီးနောက် နိုင်ငံခြားရေးဝန်ကြီးအဖြစ်ကပါ နုတ်ထွက်ကြောင်း မစ္စတာ ပန်းပရီး ကြေညာ

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၉

 

ဒုတိယဝန်ကြီးချုပ်ရာထူးက ဖယ်ရှားခံလိုက်ရတယ်ဆိုတဲ့သတင်းကြားလိုက်ရပြီးနောက် ထိုင်းနိုင်ငံခြားရေးဝန် ကြီး ပန်းပရီးဘဟစ်ဒါနူကာရာဟာ နိုင်ငံခြားရေးဝန်ကြီးရာထူးကပါ နုတ်ထွက်ကြောင်း တနင်္ဂနွေနေ့ (ဧပြီ ၂၈ ရက်နေ့) က ကြေညာလိုက်ပါတယ်။

 

အစိုးရအဖွဲ့ ပြောင်းလဲဖွဲ့စည်းမှုကို တော်ဝင်ပြန်တမ်းကနေ ကြေညာလိုက်ပြီးနောက် မကြာခင်ချိန်အတွင်းမှာပဲ ပန်းပရီးက ၎င်းရဲ့နုတ်ထွက်ခွင့်ကို ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်ထံ ပေးပို့ တင်ပြလိုက်တာဖြစ်ပါတယ်။

 

၎င်းရဲ့နေရာကို ဆက်ခံမယ့်သူအတွက် လမ်းပေးပေးဖို့ နိုင်ငံခြားရေးဝန်ကြီးရာထူးနဲ့ ဧပြီလအတွက် ပေးအပ် ထားတဲ့တာဝန်တွေကနေ နုတ်ထွက်အနားယူချင်ကြောင်း ပန်းပရီးက ဆရက်ထာထံ တင်ပြထားပါတယ်။

 

ပန်းပရီးဟာ မူလက ဒုတိယဝန်ကြီးချုပ်ရာထူးနဲ့ နိုင်ငံခြားရေးဝန်ကြီးရာထူးနှစ်ခုကို ပူးတွဲတာဝန်ယူထားရသူဖြစ် ပြီး အစိုးရအဖွဲ့ပြန်လည်ဖွဲ့စည်းမှုထုတ်ပြန်ကြေညာချိန်မှာ ၎င်းကို ဒုတိယဝန်ကြီးချုပ်ရာထူးကနေ ဖယ်ရှားလိုက် တာဖြစ်ပါတယ်။

 

ပန်းပရီးကို အစိုးရအဖွဲ့ကော်မတီလေးငါးခုမှာလည်း ခေါင်းဆောင်အဖြစ် ဝန်ကြီးချုပ်ဆရက်ထာက ခန့်အပ်ထား ခဲ့ပါတယ်။

 

မြန်မာ့အရေးဆောင်ရွက်ရာမှာ ဖွဲ့စည်းထားတဲ့ကော်မတီမှာလည်း ခေါင်းဆောင်အဖြစ် ဦးဆောင်တာဝန်ယူဖို့ ပန်းပရီးကို ဧပြီလ ၂၃ ရက်နေ့က ခန့်အပ်ခဲ့ပါတယ်။

 

၎င်းကို ဒုတိယဝန်ကြီးချုပ်အဖြစ် ဖယ်ရှားလိုက်ခြင်းဟာ ၎င်းရဲ့တာဝန်ထမ်းဆောင်မှုတွေ မအောင်မြင်လို့မဟုတ် ကြောင်း နုတ်ထွက်ခွင့်စာထဲမှာ ပန်းပရီးက ဖော်ပြထားပါတယ်။

 

“ကျွန်တော့်အနေနဲ့ နိုင်ငံခြားရေးနဲ့ နိုင်ငံတကာစီးပွားရေးကိစ္စရပ်တွေမှာ စိတ်ရောကိုယ်ပါ မြှုပ်နှံပြီး ဆောင်ရွက် ခဲ့တဲ့အတွက် ကျွန်တော့်ကို ဒုတိယဝန်ကြီးချုပ်အဖြစ်က ဖယ်ရှားလိုက်တာဟာ ကျွန်တော့်လုပ်ငန်းတွေ အောင် မြင်မှုမရရှိလို့ မဟုတ်ပါဘူး။” လို့ မစ္စတာပန်းပရီးက ပြောပါတယ်။

 

“ကျွန်တော့်အလုပ်ကို ကျွန်တော် ရိုးရိုးသားသားနဲ့ ဂုဏ်သိက္ခာရှိရှိ ဆောင်ရွက်နေတာဖြစ်ပါတယ်။ နိုင်ငံခြားရင်း နှီးမြှုပ်နှံတွေ ထိုင်းနိုင်ငံထဲကို ပိုမိုဝင်ရောက်လာခဲ့ပါတယ်။” လု့ိ ၎င်းက ပြောပါတယ်။

 

မစ္စတာပန်းပရီးက ဒုတိယဝန်ကြီးချုပ်အနေနဲ့ရော နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ပါ လုပ်ငန်းတာဝန်တွေကို ကျေပွန် အောင်ဆောင်ရွက်ခဲ့ကြောင်း၊ ထိုင်းနိုင်ငံစီးပွားရေးပြန်လည်ကောင်းမွန်လာအောင် ကြိုးပမ်းခဲ့သလို ဟားမတ်စ် တွေဖမ်းထားတဲ့ ထိုင်းဓားစာခံတွေ လွတ်မြောက်ရေး ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း ပြောပါတယ်။

 

ဒါ့အပြင် အစ္စရေးနိုင်ငံမှာ ဒုက္ခရောက်နေတဲ့ ထိုင်းနိုင်ငံသား ၈၀၀၀ နဲ့ မြန်မာနိုင်ငံ လောက်ကိုင်ဒေသမှာ ဒုက္ခ ရောက်နေတဲ့ ထိုင်းနိုင်ငံသား ၁၀၀၀ ကျော်ကိုလည်း မိခင်နိုင်ငံကို ပြန်လည်ရောက်ရှိလာအောင်ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်း ၎င်းက ပြောပါတယ်။

 

နိုင်ငံခြားတိုင်းပြည်တွေနဲ့ ဗီဇာကင်းလွတ်ခွင့်ကိစ္စကို အောင်မြင်အောင် ဆောင်ရွက်နိုင်ခဲ့သလို အာဆီယံနိုင်ငံ များ၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ အမေရိကန်ပြည်ထောင်စု၊ တရုတ်နိုုင်ငံတို့နဲ့လည်း ဆက်ဆံရေးပြန်လည်တ ည် ဆောက်နိုင်ခဲ့ကြောင်း ၎င်းက ပြောပါတယ်။

 

“အစိုးရအဖွဲ့ပြန်လည်ပြင်ဆင်ဖွဲ့စည်းတာဟာ နို်င်ငံအုပ်ချုပ်ရေးကို ပိုမိုထိရောက်စွာဆောင်ရွက်နိုင်ရေးအတွက် အထောက်အကူဖြစ်မယ်လို့ ယုံကြည်ပါတယ်။ ဒီအစိုးရအဖွဲ့နဲ့ ခဏတာလုပ်ငန်းဆောင်ရွက်ခွင့်ပြုခဲ့တဲ့ ဝန်ကြီး ချုပ်ကို ကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။” လို့ ပန်းပရီးက ပြောပါတယ်။

 

Ref: FM Parnpree announces resignation in apparent protest at removal as deputy PM

 

#PeopleMedia


Share this post