• Follow Us on
Latest News

Home ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြခြင်းဖြစ်သဖြင့် နိုင်ငံ့အနာဂတ် အတွက် စိုးရိမ်စရာဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

ကျောင်းသားအများစုသည် မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြခြင်းဖြစ်သဖြင့် နိုင်ငံ့အနာဂတ် အတွက် စိုးရိမ်စရာဖြစ်ကြောင်း နစကဥက္ကဋ္ဌပြောကြား

Share this post

နေပြည်တော် ဧပြီ ၁၁

 

ကျောင်းသားအများစုသည်မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက်သွားကြခြင်းဖြစ်သဖြင့် နိုင်ငံ့အနာဂတ် အတွက် စိုးရိမ်စရာဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူး ကြီး မင်းအောင်လှိုင်က ပြောသည်။

 

မြန်မာနိုင်ငံတစ်ဝန်းလုံးရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အလှူငွေနှင့် စာအုပ်စာစောင်များ  ပေးအပ်လှူဒါန်းပွဲအခမ်းအနားကို ယမန်‌နေ့တွင် နေပြည်တော်ရှိ အမျိုးသားစာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ သည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက  ၂၀၁၉ ခုနှစ်ကြားဖြတ်သန်းခေါင်စာရင်းအရ ၅ နှစ်နှင့် အထက် လူဦးရေသည် ၄၆ ဒသမ ၄၆၃ သန်းရှိသည်ဟုသိရကြောင်း၊ အဆိုပါလူဦးရေတွင် ကျောင်းလုံးဝမတတ်ဘူးသူ ၈ ဒသမ ၁ ရာခိုင်နှုန်းခန့်ရှိကြောင်း၊ အသက် ၂၅ နှစ် အထက် ၂၅ ဒသမ ၁၆၉ သန်းခန့်တွင် အတန်းလုံးဝမရှိသူ ၃ ဒသမ ၈ ရာခိုင်နှုန်း  ၉ သိန်းကျော်ရှိကြောင်း၊ မူလတန်းနှင့်မူကြိုအဆင့်ရှိသူ ၄၉ ဒသမ ၄၇ ရာခိုင်နှုန်း ၁၂ ဒသမ ၈၃ သန်းရှိကြောင်း၊ အလယ်တန်းအဆင့်ရှိသူ ၂၁ ဒသမ ၇၂ ရာခိုင်နှုန်း၊ ၅ ဒသမ ၄၆ သန်းရှိကြောင်း၊ အထက်တန်းအဆင့်ပြီးမြောက်သူ ၁၃ ဒသမ ၃ ရာခိုင်နှုန်းနှင့် ဘွဲ့ရသူ  ၁၁ ဒသမ ၄ ရာခိုင်နှုန်း၊ ၂ ဒသမ ၆၈ သန်းရှိသည်ကို စာရင်းဇယားများ အရသိရကြောင်း၊ ကျောင်းသားအများစုသည်မူလတန်းပြီးဆုံးချိန်တွင် ကျောင်းထွက် သွားကြခြင်းဖြစ်သဖြင့် နိုင်ငံ့အနာဂတ်အတွက် စိုးရိမ်စရာဖြစ်ကြောင်း ပြောသည်။

 

မိမိတို့နိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ၊ မြို့ပေါင်း ၄၇၁ မြို့ရှိသဖြင့် စုစုပေါင်း ၈၀၁ မြို့ရှိကြောင်း၊ ရပ်ကွက်ပေါင်း ၃၄၈၅ ခု၊ ကျေးရွာအုပ်စုပေါင်း ၂၃၉၁၀ ခု၊ ကျေးရွာပေါင်း ၆၃၂၁၀ ရှိကြောင်း၊ ထိုအထဲတွင် ပြန်ကြားရေးဝန်ကြီး ဌာန၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာက ခရိုင်နှင့် မြို့နယ်အဆင့်များတွင် ပြည်သူ့စာကြည့်တိုက် ၄၁၀ ကို ဖွင့်လှစ်ပေးထားပြီး မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ထောက်ပံ့မှုနှင့် ဖွင့်လှစ်ထားသည့် စာကြည့်တိုက်များ၊ ဒေသဆိုင်ရာအဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ရပ်ရွာပြည်သူလူထုအစီအစဉ်ဖြင့် ဖွင့်လှစ် ထားသည့် စာကြည့်တိုက်ပေါင်း ၃၅၀၀ ကျော် ရှိသည်ဟု သိရကြောင်း၊ နိုင်ငံတွင်း၌ စာကြည့်တိုက်ပေါင်းများစွာ ဖွင့်လှစ်ပေးရန် လိုအပ်သည်ကိုတွေ့ရကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောသည်။

 

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိမိတို့အနေဖြင့် “စစ်မှန်စည်းကမ်းပြည့်ဝသည့် ပါတီစုံဒီမိုကရေစီ စနစ် ခိုင်မာစေရေး”နှင့် ဒီမိုကရေစီနှင့်ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည် ဆောက်ရေးဟူသည့် နိုင်ငံရေးမျှော်မှန်းချက်နှစ်ခုနှင့် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး” ဟူသည့် အမျိုးသား ရေးရည်မှန်းချက်နှစ်ရပ်ကို ချမှတ်ပြီး ယင်းရည်မှန်းချက်များအောင်မြင်စေရေး ရှေ့လုပ်ငန်းစဉ်များ၊ ဦး တည်ချက်များ ချမှတ် ဆောင်ရွက်လျက်ရှိကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် အသိပညာအတတ်ပညာကြွယ်ဝ သည့် လူသားအရင်းအမြစ်ကောင်းများပေါ်ထွက်လာရေးနှင့် အသိပညာကြွယ်ဝသည့် လူ့ပတ်ဝန်းကျင်အသိုက် အဝန်းကို ပုံဖော်တည်ဆောက်ပေးရန် မဖြစ်မနေလိုအပ်ကြောင်း၊ ထို့ကြောင့် ပညာရေးမြှင့်တင်ရေးနှင့် ပတ်သက်၍ အလေးထားဆောင် ရွက် လျက်ရှိကြောင်း၊ ပြည်သူပြည်သားများ အသိပညာအတတ်ပညာများ ရရှိစေရေး အတွက် ငွေကုန်ကြေးကျအနည်းဆုံးဖြင့် ပညာရရှိစေရေး စဉ်းစားဆောင်ရွက်သွားရန် လိုကြောင်း၊ စာအုပ်စာပေများကို သက်သာသည့် ဈေးနှုန်းများဖြင့် ဝယ်ယူဖတ်ရှုနိုင်ရေး အတွက်လည်းဆောင်ရွက်သွား ရန်လိုကြောင်း၊ ကျေးလက်များကို အကျိုးပြုသည့် စာအုပ်များကိုလည်း ထုတ်ဝေသွားကြရန်တိုက်တွန်းလို ကြောင်း ပြောသည်။

 

နိုင်ငံပိုင် သတင်းစာများနှင့် ပုဂ္ဂလိကသတင်းစာများ ထုတ်ဝေဖြန့်ချိလျက်ရှိသော်လည်း နိုင်ငံတစ်ဝန်းလုံးသို့ ပြန့်နှံ့ရောက်ရှိမှုအားနည်းမှုနှင့် ဖတ်ရှုသူနည်းပါးမှုတို့ကို တွေ့ရှိရကြောင်း၊ သတင်းစာဟူသည်မှာနေ့စဉ်ဖြစ်ပေါ် လျက်ရှိသည့် သတင်းအချက်အလက်များကို အမြန်ဆုံးသိရှိစေရေး ရိုက်နှိပ်ထုတ်ဝေခြင်းဖြစ်သဖြင့်နယ်မြို့၊ ကျေးရွာများသို့ အမြန်ဆုံးရောက်ရှိနိုင်စေရေး ဆောင်ရွက်သွားရန်လိုကြောင်း၊ လက်ရှိအချိန်၌ သတင်းစာများကို အမြန်ဆုံးဖတ်ရှုနိုင်ရေးအတွက် အွန်လိုင်းစာမျက်နှာများ၌လည်း နေ့စဉ် ဖြန့်ဝေပေးလျက်ရှိကြောင်း၊ သတင်းစာ များ၌ပါရှိသည့် သတင်းအချက်အလက် များ၊ ဆောင်းပါးများသည်လည်း ပြည်သူလူထုတို့ကိုအမှန် တကယ် အကျိုးပြုနိုင်ရန် လိုပြီး နားလည်သဘောပေါက်လွယ်ကူစေမည့် အသုံးအနှုန်းများ၊ အရေးအသားများကို သုံးနှုန်းကြရန်လိုကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post