• Follow Us on
Latest News

Home ထိုင်ဝမ်နဲ့ မိသားစုပြန်လည်ပေါင်းစည်းရေးကို ဘယ်သူမှ မတားဆီးနိုင်ကြောင်း ရှီကျင့်ဖျင်ပြော

ထိုင်ဝမ်နဲ့ မိသားစုပြန်လည်ပေါင်းစည်းရေးကို ဘယ်သူမှ မတားဆီးနိုင်ကြောင်း ရှီကျင့်ဖျင်ပြော

Share this post

နိုင်ငံတကာ၊ ဧပြီ ၁၁

 

တရုတ်-ထိုင်ဝမ် မိသားစုပြန်လည်ပေါင်းစည်းရေးကို ဘယ်လိုပြင်ပစွက်ဖက်မှုတွေကမှ တားဆီးနိုင်မှာမဟုတ် ကြောင်း တရုတ်သမ္မတရှီကျင့်ဖျင်က ထိုင်ဝမ်သမ္မတဟောင်း မာယင်ဂျောင်ကို ဗုဒ္ဓဟူးနေ့ (ဧပြီ ၁၀ ရက်နေ့) က ပြောကြားလိုက်ပါတယ်။

 

၁၉၄၉ ခုနှစ်မှာ မော်စီတုံးရဲ့ ကွန်မြူနစ်တပ်တွေကို ရှုံးနိမ့်ပြီး တရုတ်အစိုးရ ထိုင်ဝမ်ကျွန်းကိုထွက်ပြေးလာတဲ့အ ချိန်ကတည်းက ဘယ်ထိုင်ဝမ်ခေါင်းဆောင်မှ တရုတ်နိုင်ငံကို သွားရောက်ခြင်းမရှိခဲ့ပါဘူး။

 

၂၀၀၈ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်အထိ သမ္မတာဝန်ထမ်းဆောင်ခဲ့တဲ့ မာယင်ဂျောင်ဟာ ပြီးခဲ့တဲ့နှစ်က တရုတ်ကို သွားရောက်ခဲ့တဲ့အတွက် တရုတ်နိုင်ငံကို ပထမဦးဆုံးသွားရောက်လည်ပတ်ခဲ့တဲ့ ထိုင်ဝမ်ခေါင်းဆောင်ဟောင်း ဖြစ်လာပြီး လက်ရှိ ထိုင်ဝမ်ရေလက်ကြားမှာ စစ်ရေးအရ တင်းမာမှုတွေဖြစ်ပွားနေတဲ့အချိန်မှာ ဒုတိယအကြိမ် သွားရောက်လည်ပတ်ခဲ့တာဖြစ်ပါတယ်။

 

ထိုင်ဝမ်မှာ လက်ရှိသမ္မတစိုင်းအင်ဝန် ရွေးကောက်ပွဲအနိုင်မရခင် ၂၀၁၅ ခုနှစ်က စင်္ကာပူနိုင်ငံက အစည်းအဝေး တစ်ခုမှာ တရုတ်သမ္မတရှီကျင့်ဖျင်နဲ့ တွေ့ဆုံခဲ့တဲ့ မာယင်ဂျောင်ဟာ ဒီတစ်ကြိမ်မှာလည်း ရှီနဲ့ တွေ့မယ်လို့ မျှော် လင့်ထားပါတယ်။

 

မာယင်ဂျောင်ကို တရုတ်ထိပ်တန်းခေါင်းဆောင်တွေနဲ့ နိုင်ငံခြားသားခေါင်းဆောင်တွေ တွေ့ဆုံဆွေးနွေးလေ့ရှိတဲ့ ဘေဂျင်းမြို့က “မဟာပြည်သူ့ခန်းမ” မှာ တွေ့ဆုံခဲ့စဉ် “ထိုင်ဝမ်ရေလက်ကြားနှစ်ဖက်စလုံးက ပြည်သူတွေဟာ တရုတ်လူမျိုးတွေဖြစ်ကြောင်း” ရှီကျင့်ဖျင်က ပြောပါတယ်။

 

“တရုတ်နိုင်ငံနဲ့ မိသားစုဝင်တွေ ပြန်လည်ပေါင်းစည်းရေး သမိုင်းဝင်လမ်းကြောင်းကို ဘယ်လို ပြင်ပစွက်ဖက်မှု မျိုးကမှ တားဆီးနိုင်မှာမဟုတ်ပါဘူး။” လို့ ရှီကျင့်ဖျင်က ပြောပါတယ်။

 

ပြင်ပစွက်ဖက်မှုဆိုတဲ့စကားလုံးကို ရှီက အသေးစိတ်ရည်ညွှန်းပြောကြားခြင်းမရှိပေမဲ့ ထိုင်ဝမ်ကို လက်နက်တပ် ဆင်ပေးနေတဲ့ အမေရိကန်ပြည်ထောင်စုလို အနောက်နိုင်ငံတွေကို ရည်ညွှန်းပြောဆိုခဲ့တာပဲဖြစ်ပါတယ်။

 

“နှစ်ဖက်စလုံးမှာရှိတာ တရုတ်ပြည်သူတွေပါ။ ဖြေရှင်းလို့မရတဲ့ အမုန်းတရားတွေဆိုတာ မရှိပါဘူး။ ဆွေးနွေး လို့မရတဲ့ ပြဿနာဆိုတာလည်း မရှိပါဘူူး။ ဘယ်အင်အားစုကမှ ကျွန်တော်တို့က ပိုင်းခြားမပစ်နိုင်ပါဘူး။” လို့ ရှီကျင့်ဖျင်က ပြောပါတယ်။

 

တရုတ်နိုင်ငံဟာ ထိုင်ဝမ်ကျွန်း ၎င်းတို့လက်အောက်ကို ပြန်လည်ရောက်ရှိရေးအတွက် အင်အားသုံးမယ့်ကိစ္စကို ဘယ်တုန်းကမှ လက်လျှော့ခဲ့တာမရှိဘဲ စစ်ရေး/နိုင်ငံရေးအရ ထိုင်ဝမ်ကို ဖိအားပေးမှုတွေ တိုးမြှင့် ဆောင်ရွက် ခဲ့ပါတယ်။

 

တင်းမာမှုတွေမြင့်တက်လာတဲ့အတွက် ထိုင်ဝမ်ပြည်သူတွေ စိုးရိမ်ပူပန်ပြီး စိတ်မသက်မသာဖြစ်ရကြောင်း မာ ယင်ဂျောင်က ရှီကျင့်ဖျင်ကို ပြောပါတယ်။

 

“နှစ်ဖက်ကြားမှာ စစ်ပွဲတစ်ခုဖြစ်ပွားလာခဲ့မယ်ဆိုရင် တရုတ်လူမျိုးတွေအတွက် သည်းမခံနိုင်စရာဖြစ်ကုန်ပါလိမ့် မယ်။” လို့ မာက ပြောပါတယ်။ မာက တရုတ်နိုင်ငံသားလို့မသုံးဘဲ တရုတ်လူမျိုးတွေလို့သာ သုံးနှုန်းပြောဆို သွားတာဖြစ်ပါတယ်။

 

“ရေလက်ကြားနှစ်ဖက်စလုံးမှာနေထိုင်ကြတဲ့ တရုတ်လူမျိုးတွေဟာ အငြင်းပွားမှုအားလုံးကို ငြိမ်းချမ်းစွာ ကိုင် တွယ်ဖြေရှင်းဖို့နဲ့ စစ်မက်ဖြစ်ပွားတဲ့အထိ ရောက်ရှိမသွားအောင် ရှောင်ရှားနိုင်ရေးအတွက် အသိဉာဏ်ပညာ လုံလုံလောက်လောက်ရှိကြပါတယ်။” လို့ မာယင်ဂျောင်က ပြောပါတယ်။

 

Ref: China’s Xi Says Nobody Can Stop ‘Family Reunion’ With Taiwan

 

#PeopleMedia


Share this post