• Follow Us on
Latest News

Home ကြက်ခြေနီအသင်းကို နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများလွတ်လပ်စွာဆောင်ရွက်ခွင့် ပေးထားပြီးဖြစ်သည့်အတွက် ကြက်ခြေနီအခြေခံမူများ၊ နိုင်ငံတော်၏မူဝါဒများနှင့်အညီ ဆက်လက်လုပ်ဆောင် ပေးကြရန် ဗိုလ်ချုပ်ကြီးမြထွန်းဦး တိုက်တွန်း

ကြက်ခြေနီအသင်းကို နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများလွတ်လပ်စွာဆောင်ရွက်ခွင့် ပေးထားပြီးဖြစ်သည့်အတွက် ကြက်ခြေနီအခြေခံမူများ၊ နိုင်ငံတော်၏မူဝါဒများနှင့်အညီ ဆက်လက်လုပ်ဆောင် ပေးကြရန် ဗိုလ်ချုပ်ကြီးမြထွန်းဦး တိုက်တွန်း

Share this post

နေပြည်တော်၊ မေ ၉

 

မြန်မာနိုင်ငံကြက်ခြေနီအသင်းကို နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှုလုပ်ငန်းများ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးထားပြီးဖြစ်သည့်အတွက် ကြက်ခြေနီအခြေခံမူများ၊ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ဆက်လက်လုပ်ဆောင်ပေးကြရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဝင် ဒုတိယဝန်ကြီးချုပ်နှင့် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဗိုလ်ချုပ်ကြီးမြထွန်းဦးက တိုက်တွန်းပြောကြားလိုက်သည်။

 

၂၀၂၄ ခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ်အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိအားကစားကွင်း(ဘီ)ရုံ၌ ကျင်းပခဲ့သည်။

 

ဗိုလ်ချုပ်ကြီးမြထွန်းဦးက ၁၈၅၉ ခုနှစ် ဆိုဖာရီနိုစစ်မြေပြင်က အစပြု၍ လူသားများ၏ လူမှုကရုဏာ လို အပ်ချက်များကို ဆောင်ရွက်ပေးနေခဲ့သည့် ကြက်ခြေနီတည်ရှိမှု သက်တမ်းသည် ရာစုနှစ်တစ်ခုကျော် တည်ရှိခဲ့ပြီး ဖြစ်ကြောင်း၊ ယခုဆိုလျှင် နိုင်ငံပေါင်း (၁၉၁)နိုင်ငံတွင် နိုင်ငံအစိုးရများက ဖွဲ့စည်းထားသည့် အမျိုးသား ကြက်ခြေနီ/ လခြမ်းနီ အသင်းပေါင်း (၁၉၁) သင်းမှ ကြက်ခြေနီစေတနာလုပ်အားရှင်များသည် အကူအညီလိုအပ် သူများကို လူမှုကရုဏာ အကူအညီများ ပေးနိုင်နေကြပြီ ဖြစ်ကြောင်း၊ မြန်မာနိုင်ငံတွင်လည်း  မြန်မာနိုင်ငံကြက်ခြေနီ အသင်းအနေဖြင့် နိုင်ငံအတွင်း လူသားချင်းစာနာထောက်ထားမှု အကူအညီများကို ကြက် ခြေနီအခြေခံမူများနှင့်အညီ ကူညီဆောင်ရွက်ပေးနေသည်ကို သိရှိရသည့်အတွက် ဂုဏ်ယူကြောင်း ပြောသည်။

 

နိုင်ငံတော်က လက်မှတ်ရေးထိုးထားသည့် ဂျီနီဗာသဘော တူညီချက်များ (Geneva Conventions) နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ/လခြမ်းနီလှုပ်ရှားမှုများ၏ ဥပဒေသများအရ မြန်မာနိုင်ငံကြက်ခြေနီအသင်းကို နိုင်ငံအတွင်း လူသားချင်း စာနာထောက်ထားမှုလုပ်ငန်းများ လွတ်လပ်စွာ ဆောင်ရွက်ခွင့်ပေးထားပြီးဖြစ်သည့် အတွက် ကြက်ခြေနီအခြေခံမူများ၊ နိုင်ငံတော်၏ မူဝါဒများနှင့်အညီ ဆက်လက်လုပ်ဆောင်ပေးကြရန် တိုက် တွန်းမှာ ကြားလိုကြောင်း ဗိုလ်ချုပ်ကြီးမြထွန်းဦးက ပြောကြားသည်။

 

ကမ္ဘာ့ကြက်ခြေနီနေ့များကို ၁၉၄၈ ခုနှစ် မှစတင်ကာ နှစ်စဉ် မေ ၈ ရက်တွင် ကမ္ဘာတစ်ဝန်း၌ ကျင်းပခဲ့ခြင်း ဖြစ်ပြီး ယခုနှစ် ကမ္ဘာ့ကြက်ခြေနီနေ့ အထိမ်းအမှတ် အခမ်း အနား ဆောင်ပုဒ်သည် “လူသားချင်းစာနာမှု အစဉ်ရှင်သန်ရေး ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ပေး”( Keeping Humanity Alive) ဖြစ်ကြောင်း သိရသည်။

 

#PeopleMedia


Share this post