• Follow Us on

Home တာချီလိတ်မြို့နယ်တွင် အမျိုးသားတစ်ဦး ကားပေါ်၌ သေနတ်ဒဏ်ရာများနှင့် သေဆုံး

တာချီလိတ်မြို့နယ်တွင် အမျိုးသားတစ်ဦး ကားပေါ်၌ သေနတ်ဒဏ်ရာများနှင့် သေဆုံး

Share this post

နေပြည်တော်၊ မေ ၉

 

ရှမ်းပြည်နယ်၊ တာချီလိတ်မြို့နယ်၊ ဆန်ဆိုင်း(ခ)ရပ်ကွက် ဟံသာဝတီလမ်းတွင် မေလ  ၇ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်၌ အမျိုးသားတစ်ဦးသည် ကားပေါ်တွင် သေနတ်ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရသည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူသည် စိုင်းခမ်းလျှံဆိုသူဖြစ်ပြီး အသက် ၃၃ နှစ်ရှိကြောင်း၊ ၎င်း၏ အနီးတွင် သေနတ်နှင့်အတူ ကျည်ဆံအခွံများပါ တွေ့ရှိခဲ့ကြောင်း သိရသည်။

 

သေဆုံးသူ အလောင်းကို တာချီလိတ် သဒ္ဒါပရဟိတအသင်းမှ တာချီလိတ်ခရိုင်ဆေးရုံကြီးသို့ ပို့ဆောင် ပေးခဲ့ကြောင်း သိရသည်။

 

ပတ်ဝန်းကျင် မေးမြန်းစစ်ဆေးချက်များနှင့် စီစီတီဗွီမှတ်တမ်းများအရ သေဆုံးသူသည် မိမိကိုယ်ကို သေ ကြောင်းကြံစည်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း သိရှိရသည့်အတွက် သက်ဆိုင်ရာမှ လိုအပ်သည်များကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

#PeopleMedia


Share this post