• Follow Us on
Latest News

Home ဂျက်တိုက်လေယာဉ်သစ်တွေဝယ်ယူရေး ဘတ်ဂျက် ဘတ်ငွေ ၁၉ ဘီလျံတင်ပြတောင်းခံသွားဖို့ ထိုင်းလေတပ် ရည်ရွယ်ထား

ဂျက်တိုက်လေယာဉ်သစ်တွေဝယ်ယူရေး ဘတ်ဂျက် ဘတ်ငွေ ၁၉ ဘီလျံတင်ပြတောင်းခံသွားဖို့ ထိုင်းလေတပ် ရည်ရွယ်ထား

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၃၁

 

ထိုင်းလေတပ်အတွက် ဂျက်တိုက်လေယာဉ်အသစ်တွေဝယ်ယူနိုင်ဖို့ လာမယ့်ဘဏ္ဍာရေးနှစ်မှာ ဘတ်ဂျက် ထိုင်း ဘတ်ငွေ ၁၉ ဘီလျံတင်ပြတောင်းခံသွားဖို့ ရည်ရွယ်ထားကြောင်း ထိုင်းလေတပ်ဦးစီးချုပ်က ပြောကြားလိုက်ပါ တယ်။

 

ထိုင်းလေတပ်အတွက်ဝယ်ယူမယ့် ဂျက်တိုက်လေယာဉ်တွေဟာ အမေရိကန်ထုတ် F-35 ဂျက်တိုက်လေယာဉ် ဒါမှမဟုတ် ဆွီဒင်ထုတ် Gripen E/F ဂျက်တိုက်လေယာဉ်တွေဖြစ်နိုင်ကြောင်း ထိုင်းလေတပ်ဦးစီးချုပ် ပန်းပတ် ဒီး ပတ္တနာကူလ်က ပြောပါတယ်။

 

အစိုးရသစ်က အပြန်အလှန်မူဝါဒ ချမှတ်ထားပေမဲ့ F-35 ဂျက်တိုက်လေယာဉ်အသစ်တွေ ဝယ်ယူမယ့်အစီအစဉ် ကို ထိုင်းလေတပ်က လက်မလျှော့သေးကြောင်း လေတပ်ဦးစီးချုပ်ရဲ့စကားက ညွှန်ပြနေပါတယ်။

 

အပြန်အလှန်မူဝါဒသစ်အရ ထိုင်းနိုင်ငံကို စစ်လက်နက်ပစ္စည်းအသစ်တွေ ရောင်းချပေးတဲ့နိုင်ငံဟာ နှစ်နိုင်ငံကုန် သွယ်ရေးမှာ ထိုင်းနိုင်ငံအတွက် တူညီတဲ့စီးပွားရေးအကဲဖြတ်ဆန်းစစ်လေ့လာမှုတစ်ခု ကမ်းလှမ်းပြီး ပြန်လည် တုံ့ပြန်ဆောင်ရွက်ပေးရမှာဖြစ်ပါတယ်။

 

ဂျက်တိုက်လေယာဉ်သစ်တွေဝယ်ယူရေးအစီအစဉ်ကို အကောင်အထည်ဖော်ရာမှာ ထိုင်းလေတပ်အနေနဲ့ အ ကောင်းဆုံးဆုံးဖြတ်ဆောင်ရွက်ဖို့ ထိုင်းဝန်ကြီးချုပ်ဆရက်ထာထာဗီဆင်က လေတပ်ကို ခွင့်ပြုထားကြောင်း လေတပ်ဗိုလ်ချုပ်ကြီး ပန်းပတ်ဒီးက ပြောပါတယ်။

 

လေယာဉ်သစ်ဝယ်ယူရာမှာ ထိုင်းလေတပ်အနေနဲ့ ဝယ်ယူရေးစီမံချက်သစ်ကို တိုက်ရိုက်ထိန်းချုပ်ကိုင်တွယ် နိုင်ဖို့အတွက် ရွေးချယ်ရေးကော်မတီတစ်ရပ်ဖွဲ့စည်းပြီးဖြစ်ပါတယ်။

 

ထိုင်းနိုင်ငံရဲ့လိုအပ်ချက်ကို ဖြည့်ဆည်းပေးဖို့အတွက် ဘယ်နိုင်ငံ/ဘယ်ကုမ္ပဏီက အကောင်းဆုံးကမ်းလှမ်းနိုင် တယ်ဆိုတာကို အဲဒီကော်မတီက ဆုံးဖြတ်ခွင့်ရှိပါတယ်။

 

ဆွီဒင်နိုင်ငံက ပိုမိုကောင်းမွန်တဲ့ ကုန်သွယ်မှုအခွင့်အလမ်းတွေ ကမ်းလှမ်းနေတဲ့အတွက် ဆွီဒင်ထုတ် Gripen ဂျက်တိုက်လေယာဉ်တွေ ဝယ်ယူဖို့ အခွင့်အလမ်းပိုမိုရရှိနိုင်သလားဆိုတာ ဒီအဆင့်မှာ ၎င်းအနေနဲ့ အတည်မပြု နိုင်ကြောင်း လေတပ်ဦးစီးချုပ်က ပြောပါတယ်။

 

စီးပွားရေးတုံ့ပြန်အကျိုးပြုမှုတစ်ခုဆိုတာ အပြန်အလှန်ကုန်သွယ်မှုထက် တခြားတစ်စုံတရာအဓိပ္ပာယ်ရှိနိုင် ကြောင်း ၎င်းက ပြောပါတယ်။

 

ဥပမာ အမေရိကန်နိုင်ငံဟာ ပုံမှန်အားဖြင့် စာသင်ကျောင်းတွေဆောက်လုပ်ဖို့ ရန်ပုံငွေထောက်ပံ့ပေးတာမျိုးလို ပုံစံလေးငါးမျိုးနဲ့ ထိုင်းနိုင်ငံကို ဘဏ္ဍာရေးအကူအညီတွေ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း လေတပ်ဗိုလ်ချုပ်ကြီး ပန်းပတ်ဒီးက ပြောပါတယ်။

 

စီးပွားရေးတုံ့ပြန်မှုဆိုတာ ထိုင်းလယ်ယာထွက်ကုန်တွေကို မဖြစ်မနေ ဝယ်ယူတင်သွင်းပေးရတာမျိုးမဟုတ်ဘဲ ထိုင်းနိုင်ငံထဲမှာ စက်ရုံလာတည်ဆောက်တာမျိုးလည်း ဖြစ်နိုင်ကြောင်း ၎င်းက ပြောပါတယ်။

 

ဘယ်နိုင်ငံဝယ်ယူမလဲဆိုတာ ဆုံးဖြတ်တဲ့အချိန်မှာ ကမ္ဘာ့နိုင်ငံရေးအခြေအနေတွေက ပြဿနာတစ်ရပ်ဖြစ်လာ နိုင်သလားဆိုတာနဲ့ ပတ်သက်ပြီး ထိုင်းနိုင်ငံအနေနဲ့ ဘက်မလိုက်မူဝါဒကို အမြဲတမ်းဆက်လက်ထိန်းသိမ်းထား မှာဖြစ်ပြီး မဟာအင်အားကြီးနိုင်ငံတွေကြားမှာဖြစ်ပွားတဲ့ ပဋိပက္ခတွေနဲ့ ကင်းလွတ်အောင်နေထိုင်နေတဲ့အတွက် အဲဒီကိစ္စက ပြဿနာမဟုတ်ကြောင်း ဗိုလ်ချုပ်ကြီး ပန်းပတ်ဒီးက ပြောပါတယ်။

 

တချို့ဂျက်တိုက်လေယာဉ်တွေနဲ့ ထိုင်းလေတပ်ရဲ့ရင်းနှီးကျွမ်းဝင်မှုနဲ့ပတ်သက်ပြီး ပြောကြားရာမှာ ထို်င်းလေ တပ်ဟာ လက်ရှိအချိန်မှာ F-5 ဂျက်တိုက်လေယာဉ်၊ F-16 ဂျက်တိုက်လေယာဉ်နဲ့ Gripen ဂျက်တိုက်လေယာဉ် တို့ကို အသုံးပြုနေကြောင်း ၎င်းက ပြောပါတယ်။

 

ဒါ့ကြောင့် ၂၀၃၇ ခုနှစ်မတိုင်ခင် အမှတ် ၄၀၃ လေယာဉ်အုပ်က သက်တမ်းရင့်ဂျက်တိုက်လေယာဉ်တွေကို အနားပေးဖို့အတွက် အဲဒီလေယာဉ်အမျိုး အစားတွေထဲက ဘယ်လေယာဉ်ကိုမဆို အစားထိုးနိုင်ကြောင်း ၎င်း က ပြောပါတယ်။

 

“ကျွန်တော်တို့ လေတပ်တပ်ဖွဲ့ဝင်တွေ စိတ်ပျက်သွားအောင်မလုပ်ဖို့ အရေးအကြီးဆုံးဖြစ်ပါတယ်။ အနည်းဆုံး တော့ ပြည်သူတွေအနေနဲ့ စိတ်ပျက်မသွားစေရပါဘူး။” လို့ ၎င်းက ပြောပါတယ်။

 

ထိုင်းလေတပ်အနေဲ့ လေယာဉ်သစ်ဝယ်ယူရေးကိစ္စနဲ့ပတ်သက်ပြီး ပြည်သူ့ဆန္ဒသဘောထားကိုသိဖို့ ဆန်းစစ် လေ့လာမှုတစ်ခုလုပ်နေပြီး လေယာဉ်သစ်ဝယ်ယူရေးစီမံချက်ရေးဆွဲရာမှာ စစ်တမ်းကောက်ယူထားတဲ့ ပြည်သူ့ သဘောထားတွေကိုလည်း ထည့်သွင်းစဉ်းစားသွားမှာဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ပန်းပတ်ဒီးက ပြောပါတယ်။

 

Ref: Air force wants B19bn for new fighters

 

#PeopleMedia


Share this post