• Follow Us on
Latest News

Home တပ်မတော်အဆင့်မြှင်တင်ရေးစီမံချက် “Re-Horizon 3” ကို ဖိလစ်ပိုင်အစိုးရခွင့်ပြု

တပ်မတော်အဆင့်မြှင်တင်ရေးစီမံချက် “Re-Horizon 3” ကို ဖိလစ်ပိုင်အစိုးရခွင့်ပြု

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၃၁

 

၁၀ နှစ်အတွင်း ဒေါ်လာ ၃၅ ဘီလျံ အကုန်အကျခံသုံးစွဲသွားမယ့် “Re-Horizon 3” လို့ အမည်ပေးထားတဲ့ ပြန် လည်ပြင်ဆင်ရေးဆွဲထားတဲ့ တပ်မတော်အဆင့်မြှင်တင်ရေးစီမံချက်ကို ဖိလစ်ပိုင်အစိုးရက ခွင့်ပြုလိုက်ပါတယ်။

 

တောင်တရုတ်ပင်လယ်အတွင်း တရုတ်နိုင်ငံရဲ့ရန်လိုမှုကိုတုံ့ပြန်ရာမှာ သမ္မတဖာဒီနန်မားကို့စ်ဂျူနီယာ လက် မှတ်ရေးထိုးလိုက်တဲ့ “Re-Horizon 3” စီမံချက်ဟာ ၂၀၁၃ ခုနှစ်ကစတင်ခဲ့တဲ့ အဆင့်သုံးဆင့်ပါ ဖိလစ်ပိုင်တပ် မတော်အဆင့်မြှင့်တင်ရေးစီမံချက်ထဲက နောက်ဆုံးအဆင့်ဖြစ်ပါတယ်။

 

နောက်ဆုံးအစီအစဉ်ရဲ့အစိတ်အပိုင်းတစ်ရပ်အဖြစ် မြင့်တက်လာတဲ့ ခြိမ်းခြောက်မှုတွေကို ရင်ဆိုင်ဖို့အတွက် ဖိလစ်ပိုင်အစိုးရဟာ ခေတ်မီစစ်လက်နက်ပစ္စည်းတွေကို တိုးမြှင့်ဝယ်ယူသွားမှာဖြစ်ပါတယ်။

 

အထူးသဖြင့် စောင့်ကြည့်ထောက်လှမ်းခြင်း၊ ကင်းထောက်ခြင်းနဲ့ ထောက်လှမ်းရေးသတင်းအချက်အလက်များ စုဆောင်းခြင်းလုပ်ငန်းတွေဆောင်ရွက်နိုင်ဖို့အတွက် အဆင့်မြင့်ရေဒါတွေကို အဓိကတိုးမြှင့် ဝယ်ယူသွားမှာဖြစ် ပါတယ်။

 

“ဖိလစ်ပိုင်နိုင်ငံသားတွေ၊ ဖိလစ်ပိုင်စီးပွားရေးလုပ်ငန်းတွေ၊ ဖိလစ်ပိုင်အစိုးရက အခွင့်အာဏာအပ်နှင်းထားသူ တွေ ကျွန်တော်တို့ရဲ့ စီးပွားရေးသီးသန့်ဇုံနဲ့ ကျွန်တော်တို့ တရားစီရင်ပိုင်ခွင့်ရှိတဲ့ တခြားနယ်မြေတွေမှာ သဘာ ဝရင်းမြစ်တွေကို အတားအဆီးအကန့်အသတ်မရှိ လွတ်လပ်ငြိမ်းချမ်းစွာ ရှာဖွေနိုင်ဖို့အတွက် အာမခံချက်ပေး နိုင်အောင်လို့ ဖိလစ်ပိုင်တပ်မတော်က ဆောင်ရွက်သွားမှာဖြစ်ပါတယ်။” လို့ ကာကွယ်ရေးဝန်ကြီး ဂီလ်ဘာတို သီယိုဒိုဂျူနီယာက ပြောပါတယ်။

 

ကနဦးခွင့်ပြုထားတဲ့ Re-Horizon 3 စီမံချက်ကိုအခြေခံပြီး ဘက်စုံသုံးတိုက်လေယာဉ်တွေ၊ ဖရီးဂိတ်စစ်သင်္ဘော တွေ၊ ဒုံးကျည်တွေနဲ့ ရေဒါတွေဝယ်ယူဖို့ အစီအစဉ်တွေပါတဲ့ ပြန်လည်ပြင်ဆင်ထားတဲ့ “Horizon 3” စီမံချက် ကို ဖိလစ်ပိုင်တပ်မတော်က တင်ပြခဲ့တာဖြစ်ပါတယ်။

 

ဒီစီမံချက်မှာ ဒေသတွင်းအင်အားအနည်းဆုံးတပ်မတော်တွေထဲက တစ်ခုဖြစ်တဲ့ ဖိလစ်ပိုင်တပ်မတော် အင် အားကောင်းလာအောင် မြှင့်တင်သွားမည့် ရည်မှန်းချက်တွေလည်း ပါဝင်ပါတယ်။

 

ဒါပေမဲ့ ရန်ပုံငွေပြဿနာကြောင့် တင်ပြထားတဲ့စီမံချက်ကို ပြန်လည်စစ်ဆေးပြီး လိုချင်တဲ့လက်နက်စာရင်းကို ပြန်လည်ပြင်ဆင်ပြီးမှ တင်ပြဖို့ ဖိလစ်ပိုင်တပ်မတော်ကို ညွှန်ကြားခဲ့ပါတယ်။

 

လက်ရှိပြန်လည်ပြုပြင်ထားတဲ့ စီမံချက်ဟာ နိုင်ငံပိုင်နယ်နိမိတ်အတွင်း အာအကွယ်ပိုမိုလိုအပ်တဲ့ နယ်မြေတွေ မှာ စစ်အင်အားတွေဖြန့်ခွဲနိုင်မယ့် “ကျွန်းစုနိုင်ငံဘက်စုံကာကွယ်ရေးမူဝါဒ” ကိုအခြေခံထားတယ်လို့ ဆိုပါ တယ်။

 

တောင်တရုတ်ပင်လယ် အငြင်းပွားနယ်မြေတွေမှာ နှောင့်ယှက်မှု ခံနေရတဲ့ ဖိလစ်ပိုင်နိုင်ငံဟာ တရုတ်နိုင်ငံရဲ့ ပြင်းထန်တဲ့ ဖိအားပေးမှုတွေကို ရင်ဆိုင်နေရပါတယ်။

 

Ref: Philippines OKs $35B ‘Re-Horizon 3’ Military Modernization Plan

 

#PeopleMedia


Share this post