• Follow Us on

Home ဂျာမန်ဒရုန်းကုမ္ပဏီ Quantum Systems ယူကရိန်းမှာ ဒုတိယမြောက် ဒရုန်းစက်ရုံတစ်ရုံ ဖွင့်လှစ်

ဂျာမန်ဒရုန်းကုမ္ပဏီ Quantum Systems ယူကရိန်းမှာ ဒုတိယမြောက် ဒရုန်းစက်ရုံတစ်ရုံ ဖွင့်လှစ်

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၆

 

ဂျာမန်ဒရုန်းထုတ်လုပ်ရေးကုမ္ပဏီဖြစ်တဲ့ Quantum Systems ဟာ ယူကရိန်းတပ်မတော် ကင်းထောက်တာဝန် တွေထမ်းဆောင်ရာမှာ ပံ့ပိုးဖို့အတွက် ယူကရိန်းနိုင်ငံမှာ ဒုတိယမြောက် ဒရုန်းစက်ရုံတစ်ခုကို ဖွင့်လှစ်လိုက်ပါ တယ်။

 

အဲဒီဒုတိယမြောက်ဒရုန်းစက်ရုံဟာ အပိုပစ္စည်းတွေအပါအဝင် တစ်နှစ်ကို ဒရုန်းအစင်းရေ ၁၀၀၀ အထိ ထုတ် လုပ်သွားမှာဖြစ်တယ်လို့ ခန့်မှန်းထားပါတယ်။

 

ဒရုန်းထုတ်လုပ်မှုနဲ့ ဝန်ထမ်းလစာ/စရိတ်အတွက် Quantum Systems ယူရိုငွေ ၆ သန်း (ဒေါ်လာ ၆.၄ သန်း) ကို ရင်းနှီးမြှုပ်နှံသွားဖို့ စီစဉ်ထားပါတယ်။

 

အခုမိတ်ဖက်ဆက်ဆံမှုဟာ ကုမ္ပဏီရဲ့စွမ်းရည်တွေနဲ့ပတ်သက်ပြီး ယူကရိန်းနိုင်ငံရဲ့ ယုံကြည်မှုကို ထုတ်ဖော်ပြ သလိုက်တာဖြစ်ကြောင်း Quantum Systems ရဲ့ CEO ဖလိုရီယန်ဆိုင်ဘယ်လ်က ပြောပါတယ်။

 

“စက်ရုံတည်ဆောက်ပြီးသွားပြီမို့လို့ ယူကရိန်းနိုင်ငံမှာ ကျွန်တော်တို့ရဲ့ ယုံကြည်မှုနဲ့ ဒရုန်းနည်းပညာရဲ့အနာ ဂတ်ကို ဒီနိုင်ငံမှာ မှတ်တမ်းတင်သွားမယ်ဆိုတဲ့ ကျွန်တော်တို့ရဲ့ ခိုင်မာတဲ့ခံယူချက်ကို ထုတ်ဖော်ပြသချင်ပါ တယ်။” လို့ ဆိုင်ဘယ်လ်က ပြောပါတယ်။

 

ဒီကနေ့အချိန်အထိ Quantum Systems ဟာ ယူကရိန်းနိုင်ငံကို ၎င်းတို့ကုမ္ပဏီထုတ် Vector ကင်းထောက် ဒရုန်း ၂၁၂ စင်းထောက်ပံ့ခဲ့ပြီးဖြစ်ပြီး ဒီနှစ်အကုန်မှာ အစင်းရေ ၅၀၀ ပို့ဆောင်သွားဖို့ ခန့်မှန်းထားပါတယ်။

 

ရုရှားကျူးကျော်စစ်ကို တန်ပြန်ရင်ဆိုင်ရာမှာ ယူကရိန်းနိုင်ငံဟာ မိမိဘက်က ထိခိုက်ကျဆုံးမှုလျော့ပါးသက်သာ စေဖို့အတွက် ဒရုန်းတွေအများအပြားသုံးစွဲပြီး တိုက်ပွဲဝင်ခဲ့ပါတယ်။

 

ယူကရိန်းနိုင်ငံဟာ ဂြိုဟ်တုဆက်သွယ်ရေးကတစ်ဆင့် နည်းဗျူဟာမြောက်စစ်ဆင်ရေးတွေ ဆောင်ရွက်ဖို့အ တွက် သီးခြားဒရုန်းတပ်ဖွဲ့ကိုလည်း ဖွဲ့စည်းနေပြီဖြစ်ပါတယ်။

 

ရုရှားတပ်တွေ ချီတက်မှုနှောင့်နှေးအောင် ရုရှားနယ်မြေထဲမှာရှိတဲ့ စွမ်းအင်ထုတ်လုပ်/သိုလှောင်ရေးနေရာတွေ ကိုလည်း ယူကရိန်းဘက်က ဒရုန်းတွေအသုံးပြုပြီး တိုက်ခိုက်လေ့ရှိပါတယ်။

 

ယူကရိန်းနိုင်ငံအတွက် ဒရုန်းတွေ ပိုမိုထောက်ပံ့နိုင်ဖို့ “ယူကရိန်းကာကွယ်ရေးစာချုပ်အဖွဲ့” လို့ အမည်ပေးထား တဲ့ မဟာမိတ်အဖွဲ့ကလည်း “ဒရုန်းညွန့်ပေါင်း” အဖွဲ့တစ်ဖွဲ့ကို ဖွဲ့စည်းထားပါတယ်။

 

ဒရုန်းညွန့်ပေါင်းအဖွဲ့ကို ဆွီဒင်နဲ့ ဗြိတိန်နိုင်ငံတို့ရဲ့ ပံ့ပိုးမှုနဲ့ လတ်ဗီးယားနိုင်ငံက ဦးဆောင်နေတာဖြစ်ပါတယ်။

 

Ref: German Drone Company Opens Second Factory in Ukraine

 

#PeopleMedia


Share this post