• Follow Us on
Latest News

Home ငရုတ်ကောင်းမြို့၌ ဒလန်ဟုစွပ်စွဲခံရသည့် အမျိုးသား ၂ ဦး သတ်ဖြတ်ခံရ

ငရုတ်ကောင်းမြို့၌ ဒလန်ဟုစွပ်စွဲခံရသည့် အမျိုးသား ၂ ဦး သတ်ဖြတ်ခံရ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၅ (People Media)

 

ဧရာဝတီတိုင်းဒေသကြီး၊ ငပုတောမြို့နယ်၊ ငရုတ်ကောင်းမြို့၌ ဒလန်ဟုစွပ်စွဲခံရသည့် အမျိုးသား ၂ ဦး သတ်ဖြတ်ခံရကြောင်း သိရှိရသည်။

 

ဖြစ်စဉ်မှာ အဆိုပါငရုတ်ကောင်းမြို့နယ်၊ သဲဖြူကျေးရွာရှိ ဒလန်ဟုစွပ်စွဲခံရသည့် ဦးဆန်းတင့်နှင့် ဦးတင့်ထူးတို့ နှစ်ဦးမှာ ဓားခုတ်ရာများဖြင့် သတ်ဖြတ်ခံထားရပြီး ၎င်းတို့နှစ်ဦးကို ပုပ်ပွနေသည့်အချိန်မှ တွေ့ရှိရခြင်းဖြစ် ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရှိရသည်။

 

ဆက်လက်ပြီး ၎င်းတို့နှစ်ဦး၏ ရုပ်အလောင်းများကို သက်ဆိုင်ရာမှ လာရောက်သယ်ဆောင်သွားပြီး ငရုတ် ကောင်းမြို့ ပြည်သူ့ဆေးရုံသို့ ပို့ဆောင်စစ်ဆေးလျက်ရှိကြောင်းနှင့် မည်သည့်အချိန်ကတည်းက သေဆုံးနေ သည်ကိုမူ မသိရှိရကြောင်း ပြောဆိုချက်များအရ သိရှိရသည်။

 

၎င်းတို့နှစ်ဦးကို မည်သည့်အဖွဲ့မှ မည်သည့်အကြောင်းကြောင့် သတ်ဖြတ်သည်ကိုမူ အတည်ပြုနိုင်ခြင်း မရှိသေး ပေ။

 

အလားတူ တိုင်းဒေသကြီးနှင့် ပြည်နယ်အချို့တွင် ဒလန်ဟုစွပ်စွဲကာ သတ်ဖြတ်လုပ်ကြံခံရမှုများ မကြာခဏဖြစ် ပေါ်လျက်ရှိပြီး အုပ်ချုပ်ရေးမှူးများလည်း ရာထူးမှနုတ်ထွက်မှုများ ရှိလာသည်။

 

#PeopleMedia #ဧရာဝတီ #ငပုတော

 

(unicode)


…………………………………………………………………………

 


 


 


 


 


 


 



Share this post