• Follow Us on
Latest News

Home စခန်းမတိုက်ခင် ယူကရိန်းစစ်သည်တွေ ကြောက်ရွံ့ထိတ်လန့်အောင် ရုရှားတပ်တွေက ဓာတုလက်နက်တွေ အသုံးပြုကြောင်း ယူကရိန်းပြော

စခန်းမတိုက်ခင် ယူကရိန်းစစ်သည်တွေ ကြောက်ရွံ့ထိတ်လန့်အောင် ရုရှားတပ်တွေက ဓာတုလက်နက်တွေ အသုံးပြုကြောင်း ယူကရိန်းပြော

Share this post

နိုင်ငံတကာ၊ ဧပြီ ၁၁

 

ရုရှားစစ်တပ်ဟာ ယူကရိန်းစစ်စခန်းတွေကို မတိုက်ခင်မှာ ယူကရိန်းစစ်သည်တွေ ကြောက်ရွံ့ထိတ်လန့်သွား အောင် တားမြစ်ထားတဲ့ ဓာတုလက်နက်တွေကို အသုံးပြုနေကြောင်း Telegraph သတင်းစာက ထုတ်ဖော်ရေး သားလိုက်ပါတယ်။

 

ရုရှားတပ်တွေဟာ မီးလောင်ဗုံးလို့ခေါ်တဲ့ CS ဓာတ်ငွေ့တွေပါတဲ့ ဗုံးတွေကို ဒရုန်းတွေပေါ်ကနေ ကြဲချနေကြ တယ်လို့ ရှေ့တန်းရောက်တပ်ဖွဲ့ဝင်တွေကို ကိုးကားပြီး Telegraph သတင်းစာက ပြောပါတယ်။

 

ဓာတ်ငွေ့တွေ မြေပြင်ပေါ် ပြန့်ကျဲလာတဲ့အချိန်မှာ ၎င်းတို့ အကာအကွယ်ယူထားတဲ့နေရာတွေကနေ ထွက်ပြေး ကြရတဲ့အတွက် ရန်သူက ၎င်းတို့ကိုမြင်ရပြီး တိုက်ခိုက်နိုင်တယ်လို့ ဆိုပါတယ်။

 

အမြောက်တွေပစ်ခတ်ရုံနဲ့ ယူကရိန်းစစ်သည်တွေ နေရာယူထားတဲ့ကတုတ်ကျင်းတွေထဲက ထွက်မလာနိုင်ဘူး ဆိုတာသိတဲ့အတွက် ရုရှားတပ်တွေဟာ တားမြစ်ထားတဲ့နည်းဗျူဟာကို အခုလို အသုံးပြုတာဖြစ်ကြောင်း ယူက ရိန်းကင်းထောက်တပ်ဖွဲ့ အဖွဲ့ခေါင်းဆောင်တစ်ဦးက ပြောပါတယ်။

 

ရုရှားတပ်တွေဟာ CS ဓာတ်ငွေ့အပြင် ကလိုရင်းဓာတ်ငွေ့၊ ကလိုရိုပစ်ကရင်နဲ့ ဟိုက်ဒရိုဂျင်ဆိုင်နိုက်ဓာတ်ငွေ့ တွေကိုလည်း အသုံးပြုကြောင်း ယူကရိန်းစုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောပါတယ်။

 

ရုရှားတပ်တွေဟာ စစ်ပွဲအတွင်း ဓာတုလက်နက်တွေ တိုးမြှင့်သုံးစွဲနေကြောင်း ယူကရိန်းတပ်မတော်စစ်ဦးစီးဌာ နအစီရင်ခံစာထွက်ပေါ်လာပြီးနောက် အခုလို စုံစမ်းစစ်ဆေးမှုရလဒ်ကို ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

 

ဓာတုလက်နက်ဆိုင်ရာသဘောတူညီချက်အရ CS ဓာတ်ငွေ့နဲ့ တခြားသေစေနိုင်တဲ့ဓာတ်ငွေ့တွေကို စစ်ပွဲအ တွင်း အသုံးမပြုဖို့ တားမြစ်ထားပါတယ်။

 

ရုရှားအစိုးရကတော့ စစ်မြေပြင်မှာ အန္တရာယ်ရှိတဲ့ဓာတုဓာတ်ငွေ့တွေကို စနစ်တကျအသုံးပြုရင်း အဲဒီသဘော တူညီချက်စည်းမျဉ်းကို ရည်ရွယ်ချက်ရှိရှိ ချိုးဖောက်နေကြောင်း အစီရင်ခံစာမှာ ဖော်ပြပါတယ်။

 

ပြီးခဲ့တဲ့လအတွင်းက ရုရှားတပ်တွေဟာ အန္တရာယ်ရှိတဲ့ဓာတ်ငွေ့တွေကို ၃၇၁ ကြိမ် အသုံးပြုခဲ့ကြောင်း ယူက ရိန်းဘက်က မှတ်တမ်းတင်ထားပါတယ်။

 

အဲဒီဓာတ်ငွေ့တွေ ထည့်သွင်းထားတဲ့လက်နက်ကိုအသုံးပြုရာမှာ K-51 လက်ပစ်ဗုံးတွေနဲ့ RG-Vo လက်ပစ်ဗုံး တွေကို အများဆုံးအသုံးပြုခဲ့ကြောင်း ယူကရိန်းက ပြောပါတယ်။

 

ရုရှားတပ်တွေဟာ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလကနေ ၂၀၂၄ ခုနှစ် မတ်လအထိ ဓာတုလက်နက်တွေကို ၁,၄၁၂ ကြိမ် အသုံးပြုခဲ့ကြောင်း ယူကရိန်းစစ်ဘက်က မှတ်တမ်းတင်ထားပါတယ်။

 

Ref: Russia Using Chemical Weapons in Ukraine to Create Panic before Attack: Report

 

#PeopleMedia


Share this post