• Follow Us on
Latest News

Home စစ္ေတြ-မႏၱေလးယာဥ္ေပၚ၌ လုိက္ပါလာသည့္ AA အဖြဲ႕ႏွင့္ ပတ္သက္သူတစ္ဦး ဖမ္းဆီးရမိေၾကာင္း တပ္မ ေတာ္ထုတ္ျပန္

စစ္ေတြ-မႏၱေလးယာဥ္ေပၚ၌ လုိက္ပါလာသည့္ AA အဖြဲ႕ႏွင့္ ပတ္သက္သူတစ္ဦး ဖမ္းဆီးရမိေၾကာင္း တပ္မ ေတာ္ထုတ္ျပန္

Share this post

ရန္ကုန္၊ ၾသဂုတ္ – ၁၀

ရခုိင္ျပည္နယ္၊ အမ္းၿမိဳ႕၌ လုံၿခံဳေရးေဆာင္ရြက္ေနေသာ ပူးေပါင္အဖြဲ႕သည္ စစ္ေတြ-မႏၱေလးယာဥ္၌ လုိက္ပါ လာသူမ်ားကုိ စစ္ေဆးရာ တစ္ဦးသည္ AA အဖြဲ႕ႏွင့္ ပတ္သက္မႈရွိျခင္းေၾကာင့္ ဖမ္းဆီးလုိက္သည္။

ျဖစ္စဥ္မွာ ပူးေပါင္းအဖြဲ႕သည္ ၾသဂုတ္(၅)ရက္ေန႔၌ စစ္ေတြမွ မႏၲေလးသို႔ ထြက္ခြာလာေသာ ေ႐ႊလမင္းခရီး သည္ယာဥ္အား ရပ္တန႔္စစ္ေဆးခဲ့စဥ္ ယာဥ္ေပၚတြင္ လိုက္ပါလာသူမ်ားထဲမွ ေပါက္ေတာၿမိဳ႕၊ သုံးပတ္ခ်ိဳင္ ေက်း႐ြာေန ေအာင္သိန္းထြန္း၏ ဖုန္းအတြင္းမွ AA အဖြဲ႕ႏွင့္ ပတ္သက္ေသာ သတင္းအခ်က္အလက္မ်ားကုိ ေတြ႕ရွိခဲ့သည္။

ထုိ႔ေၾကာင့္ ဦးေအာင္သိန္းအား တရားဥပေဒႏွင့္အညီ ဆက္လက္ေဆာင္ရြက္ႏုိင္ရန္ ပူးေပါင္းအဖြဲ႔က အမ္းၿမိဳ႕မ ရဲစခန္းသုိ႔ လႊဲေျပာင္းေပးခဲ့ေၾကာင္း တပ္မေတာ္ သတင္းထုတ္ျပန္ခ်က္၌ ေဖာ္ျပထားသည္။

#PeopleMedia #AA #အမ္း

(unicode)
စစ်တွေ-မန္တလေးယာဉ်ပေါ်၌ လိုက်ပါလာသည့် AA အဖွဲ့နှင့် ပတ်သက်သူတစ်ဦး ဖမ်းဆီးရမိကြောင်း တပ်မ တော်ထုတ်ပြန်
………………………………………………………

ရန်ကုန်၊ ဩဂုတ် – ၁၀

ရခိုင်ပြည်နယ်၊ အမ်းမြို့၌ လုံခြုံရေးဆောင်ရွက်နေသော ပူးပေါင်အဖွဲ့သည် စစ်တွေ-မန္တလေးယာဉ်၌ လိုက်ပါ လာသူများကို စစ်ဆေးရာ တစ်ဦးသည် AA အဖွဲ့နှင့် ပတ်သက်မှုရှိခြင်းကြောင့် ဖမ်းဆီးလိုက်သည်။

ဖြစ်စဉ်မှာ ပူးပေါင်းအဖွဲ့သည် ဩဂုတ်(၅)ရက်နေ့၌ စစ်တွေမှ မန္တလေးသို့ ထွက်ခွာလာသော ရွှေလမင်းခရီး သည်ယာဉ်အား ရပ်တန့်စစ်ဆေးခဲ့စဉ် ယာဉ်ပေါ်တွင် လိုက်ပါလာသူများထဲမှ ပေါက်တောမြို့၊ သုံးပတ်ချိုင် ကျေးရွာနေ အောင်သိန်းထွန်း၏ ဖုန်းအတွင်းမှ AA အဖွဲ့နှင့် ပတ်သက်သော သတင်းအချက်အလက်များကို တွေ့ရှိခဲ့သည်။

ထို့ကြောင့် ဦးအောင်သိန်းအား တရားဥပဒေနှင့်အညီ ဆက်လက်ဆောင်ရွက်နိုင်ရန် ပူးပေါင်းအဖွဲ့က အမ်းမြို့မ ရဲစခန်းသို့ လွှဲပြောင်းပေးခဲ့ကြောင်း တပ်မတော် သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

#PeopleMedia #AA #အမ်း


Share this post