• Follow Us on

Home စာရင်းကောက်ယူခြင်းကို ယခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ပြည်လုံးကျွတ်အဆင့် ဆောင်ရွက် မည်

စာရင်းကောက်ယူခြင်းကို ယခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ပြည်လုံးကျွတ်အဆင့် ဆောင်ရွက် မည်

Share this post

နေပြည်တော်၊ မေ ၂၃

 

စာရင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက်ကြာ ပြည်လုံးကျွတ် အဆင့် ဆောင်ရွက်မည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။

 

၂၀၂၄ ခုနှစ် လူဦးရေနှင့်အိမ်အကြောင်းအရာ သန်းခေါင်စာရင်း‌ကောက်ယူရေးလုပ်ငန်းဆိုင်ရာ တွေ့ဆုံပွဲကို ယမန်နေ့နံနက်ပိုင်းက ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ မြို့တော်ခန်းမ၌ကျင်းပခဲ့သည်။

 

အခမ်းအနားကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်၊ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဦးအောင်အောင်၊ ရှမ်းပြည်နယ်အစိုးရအဖွဲ့ အဖွဲ့ဝင်ဝန်ကြီးများ၊ ရှမ်းပြည်နယ် သန်းခေါင်စာရင်း ကြီးကြပ်မှုကော်မတီအဖွဲ့ဝင်များ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စု သန်းခေါင်စာရင်းကော်မတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က သန်းခေါင်စာရင်းကောက်ယူခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ တိကျမှန်ကန်သော လူဦးရေနှင့် လူမှုစီးပွားရေးဆိုင်ရာ စာရင်းအင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ စဉ်ဆက်မပြတ်ရှိရန်နှင့် လိုအပ်သောမူဝါဒများ၊ စီမံကိန်းများ၊ မဟာဗျူဟာနှင့် နည်းဗျူဟာများ ချမှတ်နိုင်ရန်ဖြစ် ကြောင်း၊ ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူနိုင်ရေးအတွက် မြန်မာနိုင်ငံတွင် ၂၀၂၄ ခုနှစ်၌ရှိမည့် ခန့်မှန်းလူဦးရေ ၅၆ သန်းကျော်နှင့် ခန့်မှန်းအိမ်ထောင်စုအရေအတွက် ၁၃ သန်းခန့်ကို အခြေခံတွက်ချက်ထား ရာ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မြေပြင်ကွင်းဆင်းရေးဆွဲမှုအရ သန်းခေါင်စာရင်းယူနစ် (Census Unit) ၈၀၀၀၀ ခန့်ရှိပြီး စာရင်းကောက်ကွက်ပေါင်း ၁၁၀၀၀၀ ခန့် ရှိမည်ဖြစ်ပါကြောင်း ပြောသည်။

 

သန်းခေါင်စာရင်း ကောက်ယူရာတွင် စာရင်းစစ်၊ စာရင်းကောက် စုစုပေါင်း ၄၂၀၀၀ ခန့်ဖြင့် ကောက်ယူဆောင် ရွက်ရန်လျာထားပြီး ရှမ်းပြည်နယ်အနေဖြင့် သန်းခေါင်စာရင်းယူနစ် ၁၈၀၀ ခန့်ကို ကောက်ကွက်ပေါင်း ၁၂၀၀၀ ကျော်ဖြင့်ဖွဲ့စည်း၍ စာရင်းစစ်၊ စာရင်းကောက် ၅၀၀၀ ခန့်ဖြင့် ကောက်ယူရန်လျာထားကြောင်း၊ စာရင်း ကောက်ယူရာတွင် တွေ့ရှိရာအရပ်၌ ကောက်ယူသည့်မူ (De Facto) ဖြင့် အသုံးပြု၍ စာရင်းကောက်များက ကွန်ပျူတာအထောက်အကူပြု လူတစ်ဦးချင်းကောက်ယူသည့်စနစ် (Computer Assisted Personal Interviews – CAPI) စနစ်ဖြင့် Tablet များ အသုံးပြု ကောက်ယူဆောင်ရွက်မည်ဖြစ်ကြောင်း ပြည်ထောင်စု ဝန်ကြီး ဦးမြင့်ကြိုင်က ပြောသည်။

 

ပြည်ထောင်စုဝန်ကြီး ဦးမြင့်ကြိုင်က စာရင်းကောက်ယူခြင်းကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ ၁၅ ရက်ကြာ ပြည်လုံးကျွတ်အဆင့် ဆောင်ရွက်မည်ဖြစ်ပြီး လုံခြုံရေးအခြေအနေမှလွဲ၍ လမ်းခရီး အခက်အခဲကြောင့် သတ်မှတ်ရက်အတွင်း ကောက်ယူရန် ကျန်ရှိနေပါက ရက်ထပ်မံတိုးမြှင့်ကောက်ယူနိုင်ရေး အတွက် ကြိုတင်စီစဉ်ဆောင်ရွက် ထားကြရန်လည်းလိုကြောင်း၊ သန်းခေါင်စာရင်း ရည်ညွှန်းချိန်မှာ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃၀ ရက် ညသန်းခေါင် ယံအချိန်ဖြစ်ပြီး အိမ်ထောင်စုမေးခွန်းပုံစံအတွက် မေးခွန်း ၆၈ ခု၊ အဖွဲ့ အစည်းမေးခွန်းပုံစံ မေးခွန်း ၁၈ ခုကို တစ်အိမ်တက်ဆင်း မေးမြန်းကောက်ယူမည်ဖြစ်ကြောင်း၊ ရှမ်းပြည်နယ် အတွင်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း/ ဒေသ များအပါအဝင် နေရာအားလုံးအား ကောက်ယူနိုင်ရေး ဆောင်ရွက် သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

#PeopleMedia


Share this post