• Follow Us on

Home GDP တိုးတက်မှုခန့်မှန်းချက် နိမ့်ကျနေတဲ့အတွက် ထိုင်းဝန်ကြီးချုပ် စီးပွားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံ ဆွေးနွေးမည်

GDP တိုးတက်မှုခန့်မှန်းချက် နိမ့်ကျနေတဲ့အတွက် ထိုင်းဝန်ကြီးချုပ် စီးပွားရေးဝန်ကြီးတွေနဲ့ တွေ့ဆုံ ဆွေးနွေးမည်

Share this post

နိုင်ငံတကာ၊ မေ ၂၃

 

ထိုင်းနိုင်ငံရဲ့ GDP (စုစုပေါင်းပြည်တွင်းထုတ်ကုန်/ ထုတ်လုပ်မှုတန်ဖိုး) တိုးတက်မှုခန့်မှန်းချက်ဟာ အာဆီယံ အဖွဲ့ဝင်နိုင်ငံတွေထဲမှာ အနိမ့်ဆုံးဖြစ်တဲ့ ၁.၅% အထိ ကျဆင်းသွားတဲ့အတွက် ဝန်ကြီးချုပ်ဆရက်ထာထာဗီဆင် ဟာ လာမယ့်တနင်္လာနေ့ (မေလ ၂၇ ရက်နေ့) မှာ စီးပွားရေးဝန်ကြီးတွေနဲ့ ပထမဦးဆုံးအကြိမ်တွေ့ဆုံဆွေး နွေးသွားမှာဖြစ်ပါတယ်။

 

ထိုင်းစီးပွားရေးကို မြှင့်တင်ပေးနေတဲ့ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်းမပါဘဲ GDP တိုးတက်မှုနှုန်း နိမ့်ကျသွားနိုင် ပြီး ထိုင်းစီးပွားရေး ကျဆင်းသွားနိုင်ကြောင်း မေလ ၂၁ ရက်နေ့က တိုကျိုမြို့မှာ ထိုင်းမီဒီယာနဲ့တွေ့ဆုံစဉ် ဝန် ကြီးချုပ်ဆရက်ထာက ပြောပါတယ်။

 

တနင်္လာနေ့အစည်းအဝေးတက်ရောက်မယ့် သက်ဆိုင်ရာအဖွဲ့အစည်းအားလုံးအနေနဲ့ မိမိတို့အိမ်စာတွေလုပ် လာကြဖို့နဲ့ စီးပွားရေးအခြေအနေကို ဘယ်လိုကိုင်တွယ်ဖြေရှင်းဆောင်ရွက်မယ်ဆိုတာနဲ့ပတ်သက်ပြီး အဆိုပြု လွှာတွေ ပြုစုလာကြဖို့ ညွှန်ကြားထားကြောင်း ၎င်းက ပြောပါတယ်။

 

ဝန်ကြီးချုပ်က ဆိုင်ရာပုဂ္ဂိုလ်တွေအားလုံး တခြားသူတွေရဲ့အကြံပြုချက်တွေကို လိုလိုလားလား နားထောင်ပြီး အတွေးအခေါ်၊ အကြံပေးချက်၊ အယူအဆသစ်တွေကို လက်ခံစဉ်းစားတဲ့သူတွေဖြစ်စေချင်ပြီး ၎င်းညွှန်ကြား ချက်တွေချည်း နားထောင်နေတဲ့သူတွေမဖြစ်ဖို့ မျှော်လင့်ထားကြောင်း ပြောပါတယ်။

 

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု နောက်ဆုံးအခြေအနေတွေကို မျက်ခြေမပြတ်သိရှိနိုင်ဖို့အတါက် လက်ရှိအချိန်မှာ အလားတူအစည်းအဝေးမျိုးကို အဖွဲ့ခွဲငယ်ကလေးတွေနဲ့ အပတ်စဉ် ကျင်းပသွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်က ပြောပါတယ်။

 

GDP တိုးတက်မှုနှုန်းခန့်မှန်းချက် နိမ့်ကျသွားမှုအပြင် အတိုးပေးဆပ်ရန်ပျက်ကွက်တဲ့ ချေးငွေ (non-performing loans)၊ ခရက်ဒစ်ကတ်နဲ့ အိမ်ထောင်စုအကြွေးတွေလို တခြား အရေးပေါ်ကိုင်တွယ်ရမယ့် ပြဿ နာတွေလည်း ရှိနေကြောင်း ၎င်းက ပြောပါတယ်။

 

အခုနှစ် နှောင်းပိုင်းမှာ စတင်ဆောင်ရွက်ဖို့စီစဉ်ထားတဲ့ “digital wallet” (အွန်လိုင်းငွေကြေးသုံးစွဲမှုစနစ်) အစီ အစဉ်က နှေးကွေးနေတဲ့စီးပွားရေးကို မြှင့်တင်ပေးနိုင်မလားလို့ မေးတဲ့အခါ “အတိုင်းအတာတစ်ခုအထိ အ ထောက်အကူဖြစ်နိုင်ပေမဲ့ အလွန်အမင်းတော့ မြှင့်တင်ပေးနိုင်မှာမဟုတ်ကြောင်း” ဝန်ကြီးချုပ်က ပြောပါတယ်။

 

အခုကျင်းပမယ့်အစည်းအဝေးဟာ လူပုဂ္ဂိုလ်တစ်ဦးချင်းကို အပြစ်ဖော်ပြဆုံးမဖို့အဟုတ်ဘဲ အယူအဆ/အတွေး အခေါ်တွေကို အပြန်အလှန်မျှဝေဖို့ ဖြစ်ကြောင်း ၎င်းက ထပ်မံပြောကြားပါတယ်။

 

ဝန်ကြီးချုပ်ရဲ့ နိုင်ငံခြားခရီးစဉ်ကို လက်စသတ်တော့မှာဖြစ်ပြီး လက်ရှိအချိန်မှာ ဝန်ကြီးချုပ်ဟာ ဂျပန်နိုင်ငံကို ရောက်ရှိနေပါတယ်။

 

ဝန်ကြီးချုပ်ဟာ ဘန်ကောက်ကို စနေနေ့ (မေလ ၂၅ ရက်နေ့) မှာ ပြန်လည်ရောက်ရှိမှာဖြစ်ပြီး တနင်္ဂနွေနေ့မှာ ဘန်ကောက်နဲ့ အယုဒ္ဓယကို သွားရောက်ဖို့ စီစဉ်ထားပါတယ်။

 

Ref: PM to chair meeting of economic ministers on Monday

 

#PeopleMedia


Share this post