ဆင်ပေါင်ဝဲမြို့နယ်၊ အင်ရုံရွာရှိ အကြမ်းဖက် NUG/PDF သင်တန်းကွင်းကို တပ်မတော်က လေကြောင်းနဲ့ ဗုံးကြဲရှင်းလင်း၊ အကြမ်းဖက်အဖွဲ့ဝင် အများအပြား သေဆုံး
PUBLISHED - November 28, 2026
နေပြည်တော်၊ နိုဝင်ဘာ ၂၈
မကွေးတိုင်းဒေသကြီး၊ ဆင်ပေါင်ဝဲမြို့နယ်၊ ကိုးပင် – သာဂရလမ်းပိုင်းနဲ့ လေးမိုင်အကွာက အင်ရုံရွာအနီးမှာရှိတဲ့ အကြမ်းဖက် NUG/]PDF အဖွဲ့ဝင်တွေရဲ့ သင်တန်းကွင်းကို တပ်မတော်က လေကြောင်းနဲ့ ဗုံးကြဲရှင်းလင်းခဲ့ပါတယ်။
နိုဝင်ဘာ ၂၆ ရက် ညနေ (၂)နာရီခန့်အချိန်က အင်ရုံရွာအနီးမှာရှိတဲ့ အကြမ်းဖက် NUG/PDF အဖွဲ့ဝင်တွေ စစ်သင်တန်းပေးတဲ့ သင်တန်းကွင်းကို တပ်မတော်က ဂျက်ဖိုက်တာတစ်စီး အသုံးပြုကာ ပေါင်ငါးရာဗုံးကို ကြဲချရှင်းလင်းခဲ့တာ ဖြစ်ပါတယ်။
ယင်းသို့ တပ်မတော်က လေကြောင်းနဲ့ ရှင်းလင်းမှုကြောင့် အကြမ်းဖက် NUG/PDF အဖွဲ့ဝင် (၄၀) နီးပါး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာ ရရှိသူတွေလည်း များပြားတယ်လို့ သိရပါတယ်။
ဒါအပြင် အဆိုပါ အင်ရုံကျေးရွာအနီးရှိ အကြမ်းဖက် NUG/PDF အဖွဲ့ဝင်တွေကို တပ်မတော်က လက်နက်ကြီးနဲ့ ပစ်ခတ်ကာ ရှင်းလင်းမှုတွေ ဆောင်ရွက်နေတယ်လို့ သိရပါတယ်။
အကြမ်းဖက်မီဒီယာတွေကတော့ တပ်မတော်ရဲ့ လေကြောင်းရှင်းလင်းမှုကြောင့် အကြမ်းဖက် NUG/PDF အဖွဲ့ဝင်တွေ အများအပြားသေဆုံးတာ မှန်ကန်ကြောင်း ဝန်ခံရေးသားထားကြပါတယ်။
#PeopleMedia