• Follow Us on
[wp_ticker limit="5" ticker_title="Latest News" background_color="#e53935" autoplay="true" timer="4000" title_color="#fff" border="false" post_type="post" post_cat="all-news-about-myanmar-and-international" effect="slide-h"]

Home မော်လမြိုင် – သံဖြူဇရပ် ကားလမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာမှ လူ (၂)ဦး သေဆုံး

မော်လမြိုင် – သံဖြူဇရပ် ကားလမ်းမကြီးပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာမှ လူ (၂)ဦး သေဆုံး

Share this post

နေပြည်တော်၊ နို၀င်ဘာ ၂၇

 

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်၊ စမ်းကြီးရပ်ကွက်၊ မော်လမြိုင် – သံဖြူဇရပ် ကားလမ်းမကြီးပေါ်တွင် ယနေ့ နံနက် ၁၂နာရီ ၅၀မိနစ်အချိန်တွင် ယာဉ်တိုက်မှုဖြစ်ပွားရာမှ လု (၂)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ မော်လမြိုင်မြို့၊ စမ်းကြီးရပ်ကွက်၊ မော်လမြိုင်ကားလမ်းပေါ်ရှိ Shwe Ju San စတိုးဆိုင်ကို ကုန်ကားတစ်စီး အရှိန်မထိန်းနိုင်ဘဲ ဝင်တိုက်မိခြင်းကြောင့် ယာဥ်မောင်းနှင့် ယာဥ်နောက်လိုက် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

 

ယာဉ်တိုက်မှုဖြစ်ပွားရာ နေရာသို့ မော်လမြိုင်မြို့နယ်မီးသတ်စခန်း၊  မော်လမြိုင်နယ်မြေမီးသတ်စခန်းနှင့် မြိုင်သာယာနယ်မြေမီးသတ်စခန်းတို့မှ မီးသတ်ယာဉ်(၃)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့‌ကြောင်းနှင့် သေဆုံသူ (၂)ဦး၏ ရုပ်အ‌လောင်းများကို ရွှေနတ်တောင်လူမှူကူညီရေးအသင်းယာဉ်ဖြင့် မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့‌ကြောင်း သိရသည်။

 

#PeopleMedia


Share this post