• Follow Us on
Latest News

Home ဆွီဒင်တပ်မတော်အတွက် အစိုးရက ဘီးတပ်ဝန်ချီစက်တွေမှာယူ

ဆွီဒင်တပ်မတော်အတွက် အစိုးရက ဘီးတပ်ဝန်ချီစက်တွေမှာယူ

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၇

 

ဆွီဒင်ကြည်းတပ်အတွက် Volvo ဘီးတပ်ဝန်ချီစက် ၈၁ စီး ထုတ်လုပ်ပေးဖို့ ဆွီဒင်အစိုးရဟာ Swecon ကုမ္ပဏီ နဲ့ စာချုပ်လက်မှတ်ရေးထိုးလိုက်ပါတယ်။

 

ဒေါ်လာ သန်း ၁၁၀ တန်ကြေးရှိတဲ့ သဘောတူစာချုပ်အရ L110H ဘီးတပ်ဝန်ချီစက် ၂၄ စီး၊ L60H ဝန်ချီစက် ၂၆ စီးနဲ့ မကြာသေးခင်ကမှ အသစ်ထွက်ရှိလာတဲ့ L35H ဝန်ချီစက် ၃၁ စီး စုစုပေါင်း ၈၁ စီး မှာယူခဲ့တာဖြစ်ပါ တယ်။

 

ဒီစီမံချက်ထဲမှာ ဝန်ချီစက်တွေအပြင် ဆက်စပ်ပစ္စည်းတွေ၊ အပိုပစ္စည်းတွေကိုပါ ထောက်ပံ့ပေးသွားမှာဖြစ်ပါ တယ်။

 

မှာယူထားတဲ့ ဝန်ချီစက်တိုင်းမှာ ဆွီဒင်ကြည်းတပ်ရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီတဲ့ “အထူးပြုပြင်ပြောင်းလဲမှုတွေ” ကိုလည်း ထည့်သွင်းပေးထားကြောင်း Swecon ကုမ္ပဏီက ပြောပါတယ်။

 

ဝန်ချီစက် ၇၁ စီးကို အခုနှစ်ကုန်လောက်မှာ စတင်ပို့ဆောင်ပေးသွားမှာဖြစ်ပြီး ကျန်တဲ့ယာဉ်တွေကိုတော့ ၂၀၂၅ ခုနှစ် အစပိုင်းလောက်မှာ တင်ပို့သွားမှာဖြစ်ပါတယ်။

 

ဘီးတပ်ဝန်ချီစက်တွေကို လေယာဉ်ပြေးလမ်းပြုပြင်ထိန်းသိမ်းမှုတွေ၊ မြေပြင်လုပ်ငန်းတွေနဲ့ စစ်ဆင်ရေးအဆင့် အားလုံးမှာ တိုက်ပွဲဝင်အသင့်ဖြစ်အောင် လော်ဂျစ်စတစ်လုပ်ငန်းတွေမှာ အသုံးပြုသွားမှာဖြစ်ကြောင်း ဆွီဒင် ကာကွယ်ရေးပစ္စည်းထောက်ပံ့ရေးအဖွဲ့ (FMV) က ပြောပါတယ်။

 

ဒါ့အပြင် အဲဒီဝန်ချီစက်တွေကို စစ်ဆင်ရေးထောက်ပံ့မှုတွေနဲ့ ခဲယမ်းထောက်ပံမှုတွေ၊ နှင်း/ရေခဲ တူးဖော်ရေး လုပ်ငန်းတွေနဲ့ စစ်ဆင်ရေးဒေသမှာ တူးဖော်ရေးလုပ်ငန်းတွေမှာလည်း အသုံးပြုသွားမှာဖြစ်ပါတယ်။

 

ဆွီဒင်အစိုးရဟာ ဆွီဒင်တပ်မတော်အတွက် ၆ ဘီးတပ်ယာဉ် အစီး ၃၀၀ ကျော်ဝယ်ယူဖို့ မတ်လအတွင်းကပဲ ကန်ထရိုက်စာချုပ်လက်မှတ်ရေးထိုးခဲ့ပါတယ်။

 

ပြီးခဲ့တဲ့နှစ်ကလည်း ဆွီဒင်အစိုးရဟာ ဆွီဒင်တပ်မတော်အတွက် အပေါ့စားဘက်စုံသုံးယာဉ် အစီးရေ ၄၀၀ မှာယူဖို့ ကန်ထရိုက်စာချုပ်တစ်ခုကို အိုင်ဗီကို ကုမ္ပဏီနဲ့ လက်မှတ်ရေးထိုးခဲ့ပါတယ်။

 

အဲဒီကားအစီးရေ ၄၀၀ မှာယူမှုဟာ ဆွီဒင်တပ်မတော်အတွက် ခေတ်မီ ၄ ဘီးကားအစီးရေ ၃၀၀၀ ဖွဲ့စည်းရေး အစိတ်အပိုင်းတစ်ခုဖြစ်တယ်လို့ ဆိုပါတယ်။

 

Ref: Swedish Army to Receive Volvo Wheel Loaders from Local Company

 

#PeopleMedia


Share this post