• Follow Us on
Latest News

Home ရုရှားနိုင်ငံက ယူကရိန်းစစ်ပွဲမှာ လိုအပ်တဲ့အရေအတွက်ထက် စစ်လက်နက်ပစ္စည်းတွေ ပိုမိုထုတ်လုပ်နေ ကြောင်း ဂျာမန်ကာကွယ်ရေးဝန်ကြီးပြော

ရုရှားနိုင်ငံက ယူကရိန်းစစ်ပွဲမှာ လိုအပ်တဲ့အရေအတွက်ထက် စစ်လက်နက်ပစ္စည်းတွေ ပိုမိုထုတ်လုပ်နေ ကြောင်း ဂျာမန်ကာကွယ်ရေးဝန်ကြီးပြော

Share this post

နိုင်ငံတကာ၊ ဧပြီ ၂၇

 

ရုရှားနိုင်ငံဟာ ယူကရိန်းစစ်ပွဲမှာသုံးဖို့ လိုအပ်တဲ့ စစ်လက်နက်ပစ္စည်းတွေထက် ပိုမိုကျော်လွန်ပြီး အများအပြား ထုတ်လုပ်နေကြောင်း ဂျာမန်ကာကွယ်ရေးဝန်ကြီး ဘောရစ်ပစ္စတိုးရီးယပ်စ်က ပြောကြားလိုက်ပါတယ်။

 

ရုရှားအစိုးရဟာ ယူကရိန်းစစ်ပွဲမှာကုန်သွားတဲ့ လက်နက်ခဲယမ်းတွေထက် ပိုမိုကျော်လွန်ထုတ်လုပ်နေတဲ့အ တွက် ဒီ့ထက်ကြီးမားတဲ့ စစ်ရေးရည်မှန်းချက်တွေ ရှိနေကြောင်း ကြာသပတေးနေ့က ဂျာမန်ရုပ်သံသတင်းဌာန တစ်ခုရဲ့ အစီအစဉ်မှာ ပစ္စတိုးရီးယပ်စ်က ပြောပါတယ်။

 

ထပ်မံထုတ်လုပ်တဲ့ လက်နက်ခဲယမ်းတွေကို ယူကရိန်းစစ်မြေပြင်ကို ပို့ဆောင်တာမဟုတ်တော့ဘဲ ရုရှားလက် နက်တိုက်တွေထဲမှာပဲ သိမ်းဆည်းထားတာဖြစ်ကြောင်းလည်း ၎င်းက ပြောပါတယ်။

 

“လက်ရှိအချိန်မှာ ဗလာဒီမာပူတင်က ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ လုပ်နေတာပါလို့ ခင်ဗျားတို့ အရိုးခံစိတ်နဲ့ ပြောနိုင်ပါတယ်။ သံသယဝါဒီတစ်ဦးအနေနဲ့ ကျွန်တော်ပြောချင်တာကတော့ ပူတင်ဟာ တခြားအစီအစဉ်တွေ ရှိနေလို့ ဒီအလုပ်တွေကို လုပ်နေတာဖြစ်ပါတယ်လို့ပဲ ပြောချင်ပါတယ်။” လို့ ပစ္စတိုးရီးယပ်စ်ကပြောပါတယ်။

 

ရုရှားနိုင်ငံဟာ ကာကွယ်ရေးအသုံးစရိတ်မြှင့်တင်ထားပြီး စစ်အတွင်း စစ်အတွင်းစီးပွားရေးအပြောင်းအလဲ ကြောင့် အခုလို စစ်လက်နက်ပစ္စည်းတွေကို လိုအပ်တာထက် ပိုမိုထုတ်လုပ်နိုင်တာဖြစ်ကြောင်း ၎င်းက ပြောပါ တယ်။

 

နိုင်ငံတကာက စီးပွားရေးအရေးယူပိတ်ဆို့မှုတွေ ချမှတ်ထားပေမဲ့ ကုန်ဆုံးသွားတဲ့လက်နက်တိုက်တွေကို ရုရှား နိုင်ငံက အလျင်အမြန် ပြန်လည်ဖြည့်တင်းနိုင်တာဟာ ယူကရိန်းစစ်ပွဲမှာ အသာစီးကနေ တိုက်ခိုက်နိုင်စွမ်းရှိနေ တဲ့ အကြောင်းရင်းတစ်ခုလည်း ဖြစ်ပါတယ်။

 

ယူကရိန်းစစ်ပွဲကို ပံ့ပိုးဖို့အတွက် ၂၀၂၃ ခုနှစ်က ပင်မတိုက်ပွဲဝင်တင့်ကားအသစ် အစီးရေ ၁၅၀၀ ကျော် ထုတ် လုပ်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက အခုနှစ် အစောပိုင်းက ကြေညာခဲ့ပါတယ်။

 

ရုရှားအစိုးရဟာ တစ်လကို ပင်မတိုက်ပွဲဝင်တင့်ကားအစီးရေ ၁၀၀ ဝန်းကျင်ထုတ်လုပ်နိုင်တဲ့အတွက် ယူကရိန်း စစ်ပွဲအတွင်း ဆုံးရှုံးသွားတဲ့တင့်ကားတွေကို ပြန်လည်အစားထိုးနို်င်ခဲ့ကြောင်း ဗြိတိန်စစ်ထောက်လှမ်းရေးအဖွဲ့ အစီရင်ခံစာမှာလည်း ဖော်ပြထားပါတယ်။

 

ဒါ့အပြင် ရုရှားနိုင်ငံဟာ စစ်မြေပြင်က တပ်ဖွဲ့ဝင်တွေသုံးစွဲလိုက်တဲ့ ခဲယမ်းတွေကို ပြန်လည်ဖြည့်တင်းပေးဖို့အ တွက် ခဲယမ်းထုတ်လုပ်မှုကိုလည်း သိသိသာသာ တိုးမြှင့်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

 

၂၀၂၆ ခုနှစ်မှာ ရုရှားနိုင်ငံက နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုခုကို တိုက်ခိုက်လာလိမ့်မယ်ဆိုတဲ့ စိုးရိမ်ပူပန်မှုတွေကြီး ထွားလာနေစဉ်အတွင်းမှာ အခုလို ဂျာမန်ကာကွယ်ရေးဝန်ကြီး ပစ္စတိုးရီးယပ်စ်ရဲ့ ပြောကြားချက်ထွက်ပေါ်လာခဲ့ တာပဲဖြစ်ပါတယ်။

 

Ref: Russia Producing More Weapons Than Needed in Ukraine: German Minister

 

#PeopleMedia


Share this post