• Follow Us on
Latest News

Home တာချီလိတ်မြို့ ပြည်ခိုင်ဖြိုးရုံးအနီးတွင် ပေါက်ကွဲမှု (၅) ကြိမ်ဖြစ်ပွားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် (၇) ဦး ဒဏ်ရာရ

တာချီလိတ်မြို့ ပြည်ခိုင်ဖြိုးရုံးအနီးတွင် ပေါက်ကွဲမှု (၅) ကြိမ်ဖြစ်ပွားပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် (၇) ဦး ဒဏ်ရာရ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

 

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့၊ မကာဟိုခမ်းရပ်ကွက်၊ မြဝတီဘဏ်အရှေ့ဘက်၊ ပြည်ခိုင်ဖြိုးရုံးအနီး တွင် ပေါက်ကွဲမှု (၅) ကြိမ် ဖြစ်ပွားခဲ့ပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးအပါအဝင် (၇) ဦး ဒဏ်ရာရရှိခဲ့သည်။

 

တာချီလိတ်မြို့၊ ပြည်ခိုင်ဖြိုးရုံးအနီးတွင် ဖေဖော်ဝါရီ ၂၇ ရက် ည ၉ နာရီခွဲအချိန်ခန့်၌ ဗုံးပေါက်ကွဲမှု (၃) ကြိမ်၊ ၉ နာရီ မိနစ် ၅၀ ခန့်တွင် (၁) ကြိမ်နှင့် ည ၁၁ နာရီအချိန်ခန့်တွင် (၁) ကြိမ် ပေါက်ကွဲမှုများ ဆက်တိုက်ဖြစ်ခဲ့ သည်။

 

ပထမဆုံးပေါက်ကွဲသည့် ဗုံးသည် အသံဗုံးဖြစ်ပြီး နောက် (၃) လုံးသည် လက်လုပ်ဗုံးများဖြစ်ကြောင်းနှင့် မပေါက်ကွဲသေးသည့် ဗုံးတစ်လုံးကို ထပ်မံတွေ့ရှိခဲ့ရပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အချိန်မီ တားဆီးနိုင်ခဲ့ကြောင်း သိရသည်။

 

အဆိုပါ ဗုံးပေါက်ကွဲမှုကြောင့် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ ရင်ဘတ်တွင် ဗုံးစထိမှန်ခဲ့ပြီး ပါတီဝန်ထမ်းမှာလည်း ဘယ်ဘက်ခြေသလုံးနှင့် ညာဘက်ပေါင်တို့တွင် ယမ်းစအနည်းငယ်ထိမှန်သွား၍ ပြည်သူ့ဆေးရုံသို့ အရေးပေါ် သွားရောက်ဆေးကုသမှုခံယူလျှက်ရှိကြောင်းနှင့် မြဝတီဘဏ်အစောင့်တပ်ကြပ်ကြီး (၁) ဦး၊ ဘဏ်အစောင့် အရပ်သား (၁) ဦး၊ ကွန်ပျူတာဆိုင်မှ လင်မယား (၂) ဦး၊ ပါဝါဆေးဆိုင်ဝန်ထမ်း (၁) ဦးတို့ ဒဏ်ရာရရှိခဲ့ကာ သေဆုံးသူမရှိကြောင်း သိရပါသည်။

 

၎င်း ဒဏ်ရာရရှိခဲ့သည့် အမျိုးသား (၆) ဦး နှင့် အမျိုးသမီး (၁) ဦး စုစုပေါင်း ပြည်သူ (၇) ဦးအား လူမှုရေး အသင်းအဖွဲ့များ၊ ကြက်ခြေနီနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များမှ လာရောက်ကူညီကာ ဆေးရုံသို့အချိန်မီ ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

 

#PeopleMedia

 

(unicode)


…………………………………………………

 


 


 


 


 


 


 

#PeopleMedia


Share this post