• Follow Us on
Latest News

Home အရာတော်မြို့နယ်တွင် PDF များက စိန်ပြောင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကာ မီးရှို့ဖျက်ဆီး မှုများကြောင့် နေအိမ် (၂၃) လုံး မီးလောင်ပျက်စီး

အရာတော်မြို့နယ်တွင် PDF များက စိန်ပြောင်းများ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ကာ မီးရှို့ဖျက်ဆီး မှုများကြောင့် နေအိမ် (၂၃) လုံး မီးလောင်ပျက်စီး

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၈

 

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ စပါးတွင်းကျေးရွာအတွင်းသို့ PDF များက လက်လုပ်စိန်ပြောင်း များ၊ လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ပြီး ကျေးရွာအတွင်းရှိ နေအိမ်များအား မီးရှို့ဖျက်ဆီးမှုကြောင့် နေအိမ် ၂၃ လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

PDF အကြမ်းဖက်သမားများသည် ဇန်နဝါရီ ၂၃ ရက် ည ၈ နာရီခန့်တွင် အရာတော်မြို့နယ်၊ စပါးတွင်းကျေးရွာ ၏ မြောက်ဘက်နှင့် အရှေ့မြောက်ဘက်တို့မှ ကျေးရွာအတွင်းသို့ လက်လုပ်စိန်ပြောင်းများ၊ လက်နက်ငယ်မ များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပြန်လည်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် သမားများသည် ကျေးရွာ၏ အရှေ့မြောက်ဘက်သို့ ဆုတ်ခွာထွက်ပြေးသွားခဲ့ကြောင်းနှင့် အကြမ်းဖက်သမား များ၏ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အပြစ်မဲ့အရပ်သားပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

 

အကြမ်းဖက်သမားများသည် ပြန်လည်ဆုတ်ခွာထွက်ပြေးစဉ် ကျေးရွာ၏ အရှေ့မြောက်ဘက်ပိုင်းရှိ နေအိမ်များ အား အကြောင်းမဲ့မီးရှို့ဖျက်ဆီးခဲ့သဖြင့် နေအိမ် ၂၃ လုံးမီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………………….

 


 


 


 


 

#PeopleMedia


Share this post