• Follow Us on
Latest News

Home တိုက်ကြီးမြို့နယ်တွင် အငှားယာဉ်ပေါ်လိုက်ပါလာသည့် PDF ၃ ဦး အသေဖမ်းဆီးရမိ

တိုက်ကြီးမြို့နယ်တွင် အငှားယာဉ်ပေါ်လိုက်ပါလာသည့် PDF ၃ ဦး အသေဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဧပြီ ၁၂

 

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ မလေးရှားဝိုင်ကျေးရွာအုပ်စု၊ အုန္နဲပင်ကျေးရွာအနီး တိုက်ကြီး-ဖောင်ကြီးကားလမ်းပေါ်တွင် ဧပြီလ ၁၀ ရက် ညနေ ၆ နာရီ ၄၅ အချိန်က အငှားယာဉ်ပေါ်လိုက်ပါလာသည့် PDF ၃ ဦးကို အသေဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ တိုက်ကြီးမြိုနယ်၊ မလေးရှားဝိုင်ကျေးရွာအုပ်စု၊ အုန္နဲပင်ကျေးရွာအနီး တိုက်ကြီး-ဖောင်ကြီးကား လမ်းပေါ် ယာဉ်စစ်ဆေးရေးအဖွဲ့မှ စစ်ဆေးနေစဉ် ဖောင်ကြီးဖက်မှ မောင်းနှင်လာသော အငှားယာဉ် အမှတ် CC/2500 အဖြူရောင်ယာဉ်ကို စစ်ဆေးရန်တားဆီးခဲ့ရာ မရပ်တန့်ဘဲ မောင်းပြေးသဖြင့် ခြောက်လှန့်ပစ်ခတ်ခဲ့ ကြောင်း၊ ထိုသို့ ပစ်ခတ်စဉ် အငှားယာဉ်ပေါ်မှ PDFများက ပြန်လည်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

 

နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အငှားယာဉ်ပေါ်ပါ PDF ၃ဦးကို အသေဖမ်းမိခဲ့ပြီး၊ ယာဉ်ပေါ်မှ Zoraki ပစ္စတိုတစ်လက်၊ ယင်းကျည်အိမ်တစ်ခု၊Glock ပစ္စတိုတစ်လက်၊ ယင်းကျည်အိမ်တစ်ခု၊ ၉ မမကျည် ၁၄ တောင့်၊ ၅.၅၆ ကျည် ၂၀ တောင့်၊ ၃၈ ကျည် ၁၅ တောင့်နှင့် လက်ပစ်ဗုံး ၅ လုံးသိမ်းဆည်းရမိကြောင်း သိရသည်။

 

#PeopleMedia


Share this post